Monday, February 16, 2015

ဗိုလ်ချုပ်အောင်ဆန်းသည် 'စမတ်ပါဝါ' ပိုင်ရှင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား


နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ဗိုလ်ချုပ်အောင် ဆန်းနှင့် ပတ်သက်သည့် ဂုဏ်ပြုပြောကြားချက်များကို ဖော်ပြအပ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကြီးမြတ်လှသည့်တစ်သက်တာကို ဖြတ်သန်းခဲ့သူ

ဗိုလ်ချုပ်အောင်ဆန်းသည် လူ့ဘ၀တွင် အသက်ရှင်နေထိုင်ခွင့်ရခဲ့သည် မှာ နှစ်ပေါင်း ၃၀ သာသာရှိပြီး လူ့သက်တမ်း အားဖြင့်ဆိုလျှင် အ လွန် တိုတောင်းလှသည့် တစ်သက် တာဟု ဆိုနိုင်ကြောင်း၊ သို့သော် ဗိုလ် ချုပ်ဖြတ်သန်းခဲ့သည့် အနှစ် ၃၀ ဆယ် သာသာသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်ကြီးတစ်ခုလုံးကို ထင်ဟပ်ဖော်ပြနေခြင်းကြောင့် ကြီး ကျယ်ခမ်းနားလှသည့် တစ်သက်တာ ဟု ဆိုရမည်ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဂုဏ်ပြု အမှာစကားပြောဆိုခဲ့သည်။

ဖြတ်သန်းခဲ့ရာ ခေတ်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်သူ

ကြီးကျယ်ခမ်းနားလှသည့် သမိုင်း မှတ်တိုင်ကြီးကို ဖန်တီးစိုက်ထူနိုင်ခဲ့ သည့် ဗိုလ်ချုပ်၏ ထူးခြားဂုဏ်အင်များကို ကျမ်း အစောင်စောင် ပြုစုခဲ့သော် လည်း ကုန်နိုင်ဖွယ်ရာမရှိဟုလည်း ပြောဆိုခဲ့သည်။

‘သမိုင်းမှာ တွင်ကျန်ရစ်တဲ့ ပုဂ္ဂိုလ် ကျော်ဆိုတာ သူဖြတ်သန်းရာ ခေတ် ရဲ့တာဝန်ကို ပြီးမြောက်အောင်မြင် အောင် ထမ်းဆောင်နိုင်သူသာဖြစ် တယ်’ဟု ‘မဟာအင်အားကြီးနိုင်ငံ များရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်’ (The Rise and Fall of Great Power) ကျမ်းကြီးကိုပြုစုခဲ့သည့် ခေတ်ပြိင်သမိုင်းပညာရှင် ပေါ(လ)ကင်နေဒီက ဖွင့်ဆိုဖူးကြောင်း၊ မိမိတို့၏ ဗိုလ်ချုပ်သည်ကင်နေဒီ ဖွင့်ဆိုပြခဲ့သည့် သမိုင်းတွင်ကျန်ရစ်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်း၊ ထောင့်သုံးရာပြည့် အရေးတော် ပုံကြီးအတွင်းတွင် ဗိုလ်ချုပ် ဦးဆောင်သည့် ခေါင်းဆောင်များက မိမိတို့တိုင်းပြည်အတွက် မဟာဗျူဟာ ရည်မှန်းချက်ကြီး ၃ ရပ်ကို ချမှတ်ခဲ့ ကြောင်း၊ ‘လွတ်လပ်ရေး၊ ဒီမိုကရေ စီရေးနှင့် ဆိုရှယ်လစ်ရေး တစ်နည်း ဆိုရလျှင် ခေတ်မီနိုင်ငံတော် ထူထောင်ရေးတို့ဖြစ်သည်’ဟု ဦးခင်အောင် မြင့်က ဆိုသည်။ ဗိုလ်ချုပ်တို့ခေတ်၏ တာဝန်သည် ‘လွတ်လပ်ရေးကြိုးပမ်း မှု’ဖြစ်ကြောင်း၊ ယင်းတာဝန်ကို ဗိုလ်ချုပ်က ပြီး မြောက်အောင်မြင်အောင် ထမ်းဆောင် သွားခဲ့ကြောင်း ယင်းက ဆိုသည်။

စမတ်ပါဝါကို ကျကျနနကိုင်တွယ် ကျင့်သုံးနိုင်သည့် ခေါင်းဆောင်ဖြစ်သူ

ထို့အတူ ‘ပျော့လွန်းလျှင် ရစ်တတ်၏။ တင်းလွန်းလျှင် ပြတ်တတ် ၏။ နိုင်ငံအရေးဆောင်ရွက်ရာတွင် မလျှော့မတင်း ကျင့်သုံးအပ်၏။’ဟု မုံရွေးဇေတဝန်ဆရာတော်ကြီးက ‘ရာဇောဝါဒကျမ်း’တွင် မိန့်ကြားခဲ့ဖူးသည်။ ခေတ်ပြိုင် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးဖြစ်သည့် ဂျိုးဇက်အက်(စ) နိုင်း(ဂျူနီယာ)က ‘စမတ်ပါဝါ (Smart Power)’ ဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြောင်း၊ စမတ်ပါဝါဆိုသည်မှာ ပါဝါအပျော့ နှင့် ပါဝါအမာ နှစ်မျိုးပေါင်းကို ဆိုလို သည်။ မိမိတို့ဗိုလ်ချုပ်သည် စမတ် ပါဝါကို ကျကျနန ကိုင်တွယ်ကျင့် သုံးနိုင်သည့် ခေါင်းဆောင်ကြီးဖြစ် သည်။

ဗိုလ်ချုပ်ထက် အသက်အရွယ် အရ ပိုကြီးသော်လည်း ဗိုလ်ချုပ် ကို ခေါင်းဆောင်အဖြစ် ကြည်ကြည်ဖြူ ဖြူ လက်ခံခဲ့သည့် ဗိုလ်ချုပ်၏ လုပ် ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် ဝန် ကြီးချုပ်ဟောင်း ဦးနုက ဗိုလ်ချုပ်၏ အရည်အချင်းတစ်ရပ်ကို သူ၏ ‘ငါး နှစ်ရာသီ ဗမာပြည်’စာအုပ်တွင် ‘ဗိုလ်ချုပ်အောင်ဆန်းမှာ ကိုယ်တွင်းသံ လိုက်ဓာတ် အလွန်ကောင်းသော သူဖြစ်သည်။ သူ့နှင့်တွေ့ရလျှင် အကျကြီးကျသွားသူသာ များလေသည်။ ဂျပန်တော်လှန်ရေး၏ အဓိကဖြစ် သော ကရင်ဗမာချစ် ကြည်ရေး အ တော်အတန် ခရီးရောက် ထမြောက် အောင်မြင်ခဲ့သည်မှာ ဤသံလိုက် ဓာတ်ကြောင့်ဟုဆိုလျှင် မမှားနိုင်ပေ’ ဟု ဦးနုထောက်ပြသည့် ယင်းအချက် သည် ဗိုလ်ချုပ်၏ ပါဝါအပျော့ကို လှစ်ပြလိုက်သည့်ဖော်ပြချက်ဟု ဆင်ခြင် မိသည်။ ပါဝါအမာဘက်က ဆိုလျှင် မြန်မာ့တပ်မတော်ကြီးကို မီးရှူးသန့်စင် ဖွားမြင်စေခဲ့ခြင်း၊ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး၊ ဂျပန် ဖက်ဆစ် တော်လှန်ရေးတို့ကို ဦးဆောင်ဆင်နွှဲခဲ့ခြင်းများသည် ပါဝါအမာ၏ ထင်ရှားသည့် သာဓကများဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်သည် ပါဝါအပျော့နှင့် ပါဝါအမာကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးတတ်သည့် စမတ် ပါဝါပိုင်ရှင်ဟု အခိုင်အမာဆိုချင်ကြောင်း ဦးခင်အောင်မြင့်ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံပြု သမားကြီးဖြစ်ခဲ့သူ

နိုင်ငံရေး၏ အမြင့်ဆုံးအဆင့် သည် ‘ပညာနိုင်ငံရေး’ဟု မှတ်သား ရကြောင်း၊ ပညာနှင့်ယှဉ်ပြီး နိုင်ငံ ရေးလုပ်ကြရသည့် အဆင့်ဖြစ် ကြောင်း၊ ယင်းအဆင့် တွင် ‘နိုင်ငံ ရေးသမား’သာမက ‘နိုင်ငံပြုသမား’ဖြစ်ရန်လိုကြောင်း၊ တစ်နည်း ဆိုလျှင် ‘တော်လှန်ရေးသမား’ သက်သက် မဟုတ်ဘဲ ‘တည်ဆောက်ရေး သမား’ ပါဖြစ်ရန် အရေးကြီးကြောင်း ဦးခင်အောင်မြင့် က ပြောသည်။

ဗိုလ်ချုပ်၏တစ်သက်တာကို ကြည့်လိုက်ပါက ‘နုရာက ရင့်ရာ ကို’ ရွေ့လာ သည့်သဘောကို အထင်အ ရှားတွေ့နိုင်သည်။ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ခေါင်းဆောင် အနေဖြင့် နိုင်ငံရေးဘ၀ကို စခဲ့သည့် ကိုအောင်ဆန်းသည် စစ်ကြိုခေတ် တွင် နိုင်ငံရေးသမား သခင်အောင် ဆန်းဖြစ်လာကြောင်း၊ စစ်ပြီးခေတ် ရောက်သည့်အခါ ‘နိုင်ငံပြုသမားကြီး’ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိကို ဗိုလ်ချုပ်ကဲ့သို့ နုနယ်ရာက ရင့်ကျက်လာအောင် တည် ဆောက်ကြရန်လိုပြီဟု သဘောရ ကြောင်း ၎င်းက ဆိုသည်။

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်

ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်သည့် အာဇာနည်ခေါင်း ဆောင်ကြီး များသည် ၎င်းတို့ခေတ်၏ လွတ်လပ်ရေး တာဝန်ကြီးကို အောင်မြင်ပေါက် မြောက်အောင် ထမ်းဆောင် ရင်း အသက်ပေးသွား ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့ခေတ်၏တာဝန်ဖြစ်သည့် ဒီမိုကရေစီ အရေး တော်ကြီးကို အောင်မြင်ပြီးမြောက် အောင် ထမ်းဆောင်ကြပါစို့ဟု အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည်။

The Ladies News Journal

No comments:

Post a Comment

My Blog List