Thursday, February 19, 2015

ကေအင်န်ယူ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ငြိမ်းချမ်းရေးကတိက၀တ် လက်မှတ်ရေး ထိုးခြင်း ဗဟိုအမြဲတမ်းကော်မတီဆုံးဖြတ်ချက်နှင့် မညီဟု ထုတ်ပြန်


ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ နှစ်ဦး ပြည်ထောင်စုနေ့တွင် မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့ခြင်းမှာ ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေးထုတ်ပြန်ချက်နှင့် မကိုက်ညီကြောင်း KNU ဗဟိုကော်မတီ က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကတိက၀တ်လက်မှတ်ရေးထိုးခဲ့ ခြင်းသည် ၂၀၁၅ ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် မကိုက်ညီကြောင်း ဖော်ပြထား သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး အဖွဲ့အစည်းအတွင်း ပြန်လည်ဖြေ ရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

‘‘ကြေညာချက် ထုတ်တာလည်း နှစ်ဦးတည်းပါ။ ဗဟိုကော်မတီအစည်း အဝေးခေါ်ပြီး ဆုံးဖြတ် တာလည်း မဟုတ်ပါဘူး။ မညီ ဘူးဆိုတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပေါ်လစီနဲ့ ရပ်တည် ချက်ကို မဆန့်ကျင်ဘူး ဆိုရင် လုပ်လို့ ရတာကိုး’’ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း က အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ပြောသည်။

ပြီးခဲ့သည့် ပြည်ထောင်စုနေ့တွင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းတို့က ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် အတူ လက်မှတ်ရေး ထိုးခဲ့သည်။ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များလည်း လက်မှတ်ရေး ထိုးရာတွင် ပါဝင်ခဲ့သည်။

ထိုကဲ့သို့ လက်မှတ်ရေးထိုး ပြီးနောက် ကရင်အမျိုးသားအ စည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုး ရာစိန်နှင့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောကျော်ဟဲတို့က ဗဟို ကော်မတီအစည်းအဝေး ပြုလုပ် ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်မှတ် ရေးထိုးခဲ့သော ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့မှာ လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ရန်ကုန်နှင့် ဘားအံဒေသရှိ ကရင်အဖွဲ့အစည်းများအား ရှင်းပြနေ ချိန်၌ ကြေညာချက်ထုတ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း၌ ပါဝင်သော အခြေခံမူ နိုင်ငံရေးလမ်းပြ မြေပုံ၊တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ကြားကာ လ အစီအစဉ်တို့၌ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန် ကိစ္စများရှိနေ သဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း သုံးသပ် ခဲ့ကြသည်ဟု ကေအင်န်ယူ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂)ဖဒိုမန်းမန်းက ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံးနှင့် မြန်မာ အစိုးရတို့သည် ၂၀၁၂ ဇန်န၀ါရီတွင် ပြည်နယ်အဆင့်လက်မှတ်ရေး ထိုးခဲ့စဉ်က လည်း ထိုအချိန်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသော ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးမှာ မူဝါဒနှင့် မကိုက်ညီဘဲ လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုကာ အဖွဲ့မှ  ထုတ်ပယ်ခဲ့ကြောင်း ကြေညာချက်ထုတ်ခဲ့ သည်။


7Day News Journal

No comments:

Post a Comment

My Blog List