Friday, February 20, 2015

စတုတ္ထတန်း မြန်မာစာမေးခွန်းစာလုံးပေါင်းအချို့ လွဲမှား

 
စာလုံးပေါင်းမှားအချို့ပါဝင်ခဲ့သော မေးခွန်းမန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင်မှ စစ်ဆေးသော အခြေခံ ပညာစတုတ္ထတန်းစာမေးပွဲ မြန်မာစာမေးခွန်းလွှာတွင် လွဲမှားမှုနှင့် စာလုံးပေါင်းမှားယွင်း မှု ဖြစ်ပေါ် ခဲ့ကြောင်း ကျောင်းသားမိဘများက ပြောသည်။
ခရိုင်စစ်နှင့် တိုင်းစစ်စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ ကို ဖေဖော်ဝါရီ ၁၉ ရက်က စတင် စစ်ဆေးခဲ့ရာ မန္တလေးခရိုင်မှ စစ် ဆေးသော မြန်မာစာမေးခွန်း လွှာတွင် စာလုံးပေါင်းသတ်ပုံအချို့ လွဲမှားနေခြင်း ဖြစ် သည်။

မှန်ကန်သော စာလုံးပေါင်း သတ်ပုံရွေးချယ်စရာတွင် ‘‘မြား ဆိတ်’’ နှင့် ‘‘မြှားဆိပ်’’ဟူ၍ မှား ယွင်းနေသော စာလုံးပေါင်းနှစ်ခု ကို ဖော်ပြကာ ရွေး ချယ်ဖြေဆိုစေ ခဲ့သည်။ ထို့အပြင် ကွက်လပ်ဖြည့် မေးခွန်းတွင် ‘‘ကွက် လက်’’၊ ‘‘သိုး တစ်အုတ်’’ဟူ၍ စာလုံးပေါင်းမှား ယွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
 
 ‘‘သမီး စာမေးပွဲဖြေတာပါ။ ဟထိုးပါတဲ့ ဒုတိယတစ်ခုဖြေခဲ့ တယ်လို့ ပြောတယ်။ နှစ်ခုစလုံး မှားမှန်းသူ သိနေတယ်။ မဖြစ်သင့် ဘူးပေါ့ဗျာ။ ဖြေတဲ့ ကလေးမှားရင်စာမေးပွဲကျနိုင်တယ်။ မေးခွန်းမှားရင် တာဝန်ရှိတဲ့ သူက ဘယ်လို တာဝန်ယူမှာလဲ’’ဟု မန္တလေးမြို့မှ စတုတ္ထတန်းကျောင်းသူတစ်ဦး၏ ဖခင် ဦးစိုးထွန်းက ပြော သည်။

မြန်မာစာမေးခွန်းလွှာတွင် မှန်ကန်သော သတ်ပုံရွေးချယ်မှုအ တွက် ၁၀ မှတ်နှင့် ကွက်လပ်ဖြည့်စွက်မှု အတွက် အမှတ် ၂၀ ပေးထားသည်။ စတုတ္ထတန်းမေးခွန်းလွှာတွင် စာလုံးပေါင်းသတ်ပုံအချို့ လွဲမှားနေမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ ဆက်သွယ်ခဲ့ရာ ခရိုင်ပညာရေးမှူးရုံးသို့ ဆက် သွယ်ရန် ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ယခင်နှစ် ဒီဇင်ဘာက စစ် ဆေးခဲ့သော ခရိုင်စစ် စတုတ္ထတန်းအစမ်းစာမေးပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်တွင် စစ် ဆေးသော မြန်မာစာမေးခွန်း လွှာ တွင် ‘‘ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့ တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟုမွေးနေ့ မှားယွင်းဖော်ပြခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List