Friday, February 20, 2015

''ကြိုတင်စီစဉ်ခဲ့ခြင်းမရှိဘဲနဲ့ ပြက်လုံးတစ်ခုအနေနဲ့ပဲ ပြက်ခဲ့တဲ့အတွက် ပြက်လုံးက သူများကိုထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုရင် ကျွန်တော့်ဘက်က တောင်းပန် ပါတယ်'' ဆိုတဲ့ အကယ်ဒမီ မင်းမော်ကွန်း


'နှင်းဆီ အငြိမ့်' ဖျော်ဖြေပွဲတွင် 'ကွန်လုံရက် ၄ဝတိုက်ပွဲ'နှင့်ပတ်သက်ပြီး ပြက်ခဲ့သည့်ပြက်လုံးအပေါ် ပြန် လည်တောင်း ပန်စကားပြောကြားခဲ့တဲ့ အကယ်ဒမီ မင်းမော်ကွန်းနဲ့ အခုလိုပဲ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ ''နှင်းဆီအငြိမ့်''ဖျော်ဖြေပွဲမှာ ပြက်လုံးနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ တော်တော်လေးကိုဖြစ်နေ တယ် နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ပြော ပါဦး။
ဖြေ။ ။ ကွန်လုံ ရက် ၄ဝတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြက် ခဲ့တဲ့ပြက်လုံးက ပြက်လုံးတစ်ခုအနေ နဲ့ပဲ ပြက်ခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိ နဲ့ ပြက်ခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ နှင်းဆီအငြိမ့်ဖျော်ဖြေ ပွဲပြီးတော့မှ လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်နေကြတယ်ဆိုတာကို ကျွန် တော်တို့တွေ စိတ်မကောင်းခြင်း ကြီးစွာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြားရတာပါ။

တကယ်တော့ သွေးရိုးသားရိုးပါ ပဲ။ အဲဒီပြက်လုံးကို ကျွန်တော်က ပဟေဠိခွင်မှာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ပြက်လုံးတွေပြောရင်း ပြောရင်းကနေပြီးတော့ ဒီဇာတ်ကား ကလဲ ကျွန်တော် ပါဝင်သရုပ်ဆောင် ထားရတဲ့ ဇာတ်ကား တစ်ကားဖြစ်နေ တာဆိုတော့ ခေါင်းထဲရောက်လာတဲ့အချိန်မှာ ပြက်ခဲ့တဲ့ပြက်လုံး တစ်ခုပါ။

မေး။ ။ အဲဒါဆို အဲဒီပြက်လုံးနဲ့ပတ် သက်ပြီးတော့ ကြိုတင်စီစဉ်ခဲ့တာမျိုး မရှိဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော် တို့တွေ အဲဒီပြက်လုံးပြက်မယ်ဆိုပြီး တော့ ကြိုတင်စီစဉ်ခဲ့တာမျိုး မရှိပါ ဘူး။ ကြိုတင်စီစဉ်ခဲ့ခြင်းမရှိဘဲနဲ့ ပြက် လုံးတစ်ခု အနေနဲ့ပဲ ပြက်ခဲ့တဲ့အတွက် ပြက်လုံးက သူများကိုထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုရင် ကျွန်တော့်ဘက်က တောင်းပန်ပါတယ်။

မေး။ ။ အဲဒီပြက်လုံးနဲ့ပတ်သက်ပြီး တော့ ဝေဖန်မှုတွေကိုရော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ 'နှင်းဆီအငြိမ့်' ဖျော်ဖြေပွဲ နဲ့ပတ်သက်ပြီးတော့ ဝေဖန်တာက ကွန်လုံ ရက် ၄ဝ တိုက်ပွဲပေါ့နော်။ အွန် လိုင်းကနေပြီးတော့ ဝေဖန်နေကြတဲ့ အထဲမှာ နှစ်မျိုးနှစ်စား ကွဲနေတယ်။ တချို့က ကျွန်တော်တို့ ကွန်လုံ ရက် ၄ဝ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ သုံး နှုန်းခဲ့တဲ့ အသုံးအနှုန်းပေါ်မူတည် ပြီးတော့ ဝေဖန်တာတွေရှိသလို တ ချို့ကလဲ တခြားအဖွဲ့တွေနဲ့ရောပြီး တော့ ဝေဖန်ခံရတာတွေ ရှိနေပါ တယ်။ ကျွန်တော်တို့အဖွဲ့က စစ်ခွေး ဆိုတဲ့စကားကို လုံးဝမသုံးခဲ့ပါဘူး။

အခုဆိုရင် နှင်းဆီအငြိမ့်ဖျော်ဖြေပွဲ အခွေလဲထွက်နေပြီဆိုတော့ ပြန်ကြည့် လို့ရပါတယ်။ ဒါကိုမသိတဲ့ ပရိသတ် အချို့က ရောထွေးနေပါတယ်။ အဲဒီ အတွက်ကို ကျွန်တော်က ရှင်းလင်း တာပါ။ နောက်တစ်ခုက ကျွန်တော် ပြက်လိုက်တဲ့ ပြက်လုံးက တကယ် ကွန်လုံ ရက်၎ဝတိုက်ပွဲမှာတိုက်သွားတဲ့ ရဲဘော်ဟောင်း ကြီးတွေကို စော်ကားခြင်းမဟုတ်ပါ။ ဒီပြက်လုံးကိုပြက်ပြီးတော့ ကွန်လုံ ရက် ၄ဝတိုက်ပွဲ သမိုင်းကြောင်းကြီး ကို နောက်တာမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်မရှိ၊ စော်ကားခြင်းမဟုတ်ဘဲ ပြက်ခဲ့တဲ့ပြက်လုံး တစ်ခုပါ။

မေး။ ။ ကွန်လုံ ရက် ၄ဝတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြက်ခဲ့တဲ့ပြက်လုံး ကြောင့် လောက်ကိုင်ဒေသမှာဖြစ် ပွား နေတဲ့တိုက်ပွဲက စစ်ဘေးသင့်ပြည်သူ တွေအတွက် ကိုမင်းမော်ကွန်း လှူဒါန်းတဲ့ အလှူငွေကိုလည်း မယူကြဘူးလို့ သိရပါတယ်။

ဖြေ။ ။ ကျွန်တော်ပြက်ခဲ့တဲ့ပြက်လုံး ကြောင့် လောက်ကိုင်ဒေသမှာဖြစ် ပွားနေတဲ့ စစ်ဘေးသင့်ပြည်သူတွေ က ကျွန်တော်လှူဒါန်းတဲ့ အလှူငွေ ကိုမယူဘူးဆိုတာက ကောလာဟလ တွေပါ။ ကျွန်တော် အဲဒီပြက် လုံးပြက် ပြီးတော့ နောက်တစ်နေ့ မနက်မှာ ဝေဖန်သံတွေမကြားရခင်မှာဘဲ ကျွန် တော်တို့တွေက လောက် ကိုင်ဒေသအတွက် အလှူငွေတွေ လှူဒါန်းပြီး သွားပါပြီ။

မေး။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကနေပြီးတော့ ဒဏ်ရာရစစ်သား တွေကို ပြင်ဦးလွင်မှာ သွားလှူဒါန်း မယ့်အလှူကိုရော လိုက်ဖြစ်မှာလား။

ဖြေ။ ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးကနေပြီးတော့ သွားလှူမှာက ၂ဝရက်နေ့ဆိုတော့ ကျွန်တော် အဲဒီ နေ့ကမအားတော့ လိုက်တော့မလိုက် ဖြစ်တော့ပါဘူး။ ဒါပေမဲ့ အဲဒီအလှူ မှာ ကျွန်တော် တတ်နိုင်တဲ့ ဘက်က နေပြီးတော့ ထည့်ဝင်လှူဒါန်းထား ပါတယ်။

ဖြေ။ ။ လောက်ကိုင်ဒေသမှာ ဖြစ် ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်က မြန်မာနိုင်ငံသားပါ။ ကိုယ့်တိုင်းပြည်မှာ တစ်ခုခု ဖြစ်နေ တာဆိုရင် စစ်တပ် ပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူသားချင်းစာနာပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ကို တကယ် ချစ်တဲ့သူတွေ ကို ကျွန်တော်ချစ်ပါ တယ်။ တကယ်လေးစားပါတယ်။

တိုင်းပြည်အတွက် စွန့်လွှတ်သွားရ တဲ့ ရဲဘော်တွေရော၊ ဒဏ်ရာရ ရဲဘော် တွေရော ကျန်ရစ်ခဲ့ကြတဲ့ မိသားစုအတွက်ရော လေးစားပါတယ်။ အခု တိုက်ပွဲမှာတိုက်နေကြတဲ့စစ်သားတွေကိုလဲ ဘေးရန်ကင်းကြ ပါစေလို့ ကျွန် တော် ဆုတောင်းပါတယ်။

NN, PP

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List