Friday, February 20, 2015

စားသုံးရန်မသင့် အစားအစာ ၁၂ မျိုး ကြေညာ

အစားအသောက်တွေမှာ သုံးစွဲခွင့် မရှိတဲ့ ဆိုးဆေးတွေအသုံးပြုထားတာ တွေ့ရ တဲ့အတွက် ကျောင်းတွေ ၊ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအစာ ၁၂ မျိုးကို အများပြည်သူစားသုံးရန်မသင့်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာပါတယ်။
ကြေညာထားတဲ့ အစားအစာအမျိုးအစား ၁၂ မျိုးကတော့ ရောင်စုံတုတ်ထိုး ချိုချဉ် အမှတ်တံဆိပ်မပါ၊ ရွှေ အမှတ်တံဆိပ် ဆိတ်ပေါင်သားခြောက်ကြော် ၊ ကြက်သားရေညှိအရသာ (you snacks)၊ F4 တံ ဆိပ် ရောင်စုံ ဝေဖာလုံး ၊ အောင်တံဆိပ် ကပ်စေးနှဲပြား၊ မျိုးမျိုးကျော်တံဆိပ် သီးသီးပေါင်း၊ ချစ်ချစ်တံဆိပ် ဗီတာမင်ဝေဖာ၊ Pyae Wa တံဆိပ်ကပ်စေးနှဲချောင်း၊ ပလောင်မောင်နှမတံဆိပ် လက်ဖက်နဲ့ အကြော် စုံ၊ ရွှေပဲငါးပိတံဆိပ် ပဲငါးပိ၊ စိန်တလုံးတဆိပ် ရခိုင်မျှင် ငါးပိထောင်း၊ အိုကေတံဆိပ် မက်မန်းသီး တို့ ဖြစ် ပါတယ်။

အဆိုပါ အမှတ်တံဆိပ်ပါ အစားအစာတွေမှာ တားမြစ် ဆိုးဆေးအမျိုး အစားတွေဖြစ်တဲ့ Orange IIနဲ့ Rhodamine B၊ Sudan III၊ Auramin O တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ အစားသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေကနေ၀ယ်ယူ စစ်ဆေးခဲ့တွေ့ရှိခဲ့ တာလို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စားသုံးရန်မသင့် အစားအစာတွေအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ထားတာ ဒီတကြိမ်အပါအ၀င် အမျိုးအစားပေါင်း ၃၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစား အသောက်ဥပဒေပုဒ်မ ၂၈ အပိုဒ်ခွဲ က အရ တရားစွဲဆို အရေးယူ ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List