Tuesday, February 17, 2015

ဘတ်ဂျက်တွင် မပါဝင်ပါက တောင်းဆို၍ မရနိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား ဦးခင်အောင်မြင့် သတိပေး


အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ အနေ ဖြင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေး ရန် မေး မြန်း တင်ပြရာတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေး ဘတ်ဂျက်၌ မပါဝင် ပါက တောင်းဆို၍ မရနိုင်ကြောင်းကို သတိထားရန်လို အပ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
‘‘မိမိတို့လက်ထဲမှာ ရောက် နေပြီးသားဖြစ်တဲ့ ၂၀၁၅ - ၁၆ ဘတ်ဂျက်မှာ မပါလို့ရှိရင် ဒီနှစ်အတွင်းမှာလုပ်ပေး ပါလို့ တောင်းဆိုလို့ မရဘူးဆိုတာ သတိထားစေချင်တယ်’’ ဟု အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက် (၁၂) ကြိမ်မြောက် အမျိုးသားလွှတ်တော်တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် က မိမိတို့ဒေသတွင် လိုအပ်လျက်ရှိသော လမ်း၊ တံတားတည်ဆောက်ပေးရန် ရှိ၊ မရှိမေးခွန်းများနှင့် စပ်လျဉ်း ၍ အထက်ပါ အတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအားသတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ နောက်ကျပြီးမှ တောင်းဆိုသည့် လုပ်ငန်းများ သည် ၂၀၁၆-၁၇ သို့ ရောက်ရှိပါ က လွှတ်တော်၊ အစိုးရအသစ်တို့ နှင့် ကြုံတွေ့ရမည်ဖြစ် ပြီး ဆောင် ရွက်သင့်သော လုပ်ငန်းစဉ် ဖြစ်ပါက ၀န်ကြီးဌာနများ အနေဖြင့် မှတ်တမ်းတင်ထားပေးရန်သာ လုပ်ဆောင်ပေးနိုင်တော့မည် ဖြစ် ကြောင်း ဦးခင်အောင်မြင့်က ဆို သည်။

‘‘ယခု ၂၀၁၅ ခုနှစ် ပထမအ ကြိမ် လွှတ်တော်ရဲ့ နောက်ဆုံးနှစ် ဖြစ်ပါတယ် ။ နောက်ဆုံးနှစ် အ တွင်း မှာ ဆောင်ရွက်မယ့် ကိစ္စ တွေဟာ ၂၀၁၅-၁၆ အမျိုးသားစီမံကိန်းဥပဒေကြမ်းမှာပါမှ ဘတ်ဂျက်မှာပါမှာ။ အဲဒီတော့ ဘတ်ဂျက်မှာ မပါလို့ရှိရင် ကျွန်တော်တို့ မမီတော့ဘူး’’ ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ထို့ကြောင့် အမျိုးသားလွှတ် တော် ကိုယ်စားလှယ်များ အနေ ဖြင့် လွှတ်တော် တွင် မေးမြန်းတင်ပြမည့် မေး ခွန်းများကို ပြန်လည်စိစစ်ပြီးမှသာ မေးမြန်းစေလို ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ၎င်းက ပြောဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List