Tuesday, February 17, 2015

ကိုးကန့်အဖွဲ့အား ကူညီနေသူများကို ရှုတ်ချရန်နှင့် တပ်ကိုချီးကျူးရန် လွှတ်တော်တွင်အရေးကြီးအဆိုတင်

ဖုန်ကြားရှင်ဦး ဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့အား ထောက်ပံ့အားပေးကူ ညီခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အ စည်းများကို ရှုတ်ချကန့်ကွက် ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ် မတော်သားများအား ချီးကျူးဂုဏ် ပြုရန် ပြည်ထောင်စုလွှတ်တော် တွင် အရေးကြီးအဆို တင်သွင်း ခဲ့ကြောင်း သတင်းရရှိသည်။


ဖေဖော်ဝါရီ ၁၆ရက်က ကျင်းပသော (၁၂)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံ မဲဆန္ဒနယ် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီလွှတ်တော်ကိုယ်စား လှယ်ဦးစတီဖန်ကအထက် ပါအ ရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ နိုင်ငံအတွက် အဟန့်အတားအနှောင့်အယှက် ကိုဖန်တီးသည့်၊ ပြုလုပ်သည့်၊ အားပေးကူ ညီသည့် လူပုဂ္ဂိုလ်အ ဖွဲ့အစည်းများကို ရှုတ်ချကန့် ကွက်သွားရမှာဖြစ်ပြီး ထိုအဟန့် အတားအနှောင့်အယှက် များကို ရှင်းလင်းဖယ်ရှားကာကွယ်တား ဆီးနေကြသူများကိုလည်း မှတ် တမ်းတင် ဂုဏ်ပြုရမှာဖြစ်ပါ တယ်’’ ဟု ၎င်းကဆိုသည်။

ယင်းအရေးကြီးအဆို တင်သွင်းခဲ့မှုကို ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ပြည် ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ် ခုနစ်ဦးတို့က ထောက် ခံဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် တွင်လည်း ကန့်ကွက်သူမရှိဘဲ ယင်းအရေးကြီးအဆိုကို အ တည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုတွင် ပါဝင်သော ထောက်ခံအားပေးကူညီခဲ့ကြ သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များမှာ မည် သူဖြစ်ကြောင်းကို ဖော်ထုတ်ရန် လိုအပ်ကြောင်း ယင်းအဆိုကို ဆွေးနွေးခဲ့သူ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကဆိုသည်။

‘‘ရှုတ်ချနေရုံနဲ့ပြီးမလား။ မ ဟုတ်သေးဘူး။ ဖုန်ကြားရှင်က ငါးနှစ်တာဘယ်မှာပုန်းနေတာ လဲ။ ငါးနှစ်ထိ ပုန်းနေတာ။ ဒီငါး နှစ်ကို ဘယ်သူကလက်ခံထားတာ လဲ။ ကျွန်တော်တို့ သိထားတာက ငြိမ်းချမ်းရေးအဖွဲ့အ စည်းတစ်ခု က လက်ခံထားတယ်။ ဒါဆို အဲဒီအဖွဲ့အစည်းကို သတိပေးမှုတွေမ လုပ်တော့ဘူးလား’’ဟု ဦးလှဆွေ ကပြောသည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဆွေးနွေးသူပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်ဒေါက် တာဇော်မြင့်မောင်က နိုင်ငံတော် ကာကွယ်စောင့် ရှောက်ရန်အတွက်တပ်မတော် သည်အဓိကအကျဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင် ငံတော်အားပြည်ပရန်၊ ပြည်တွင်းရန်တို့မှကာကွယ်စောင့်ရှောက် ရန်တပ်မတော်မှ ဦးဆောင် ဆောင်ရွက်ရမည်ဟု ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည် ဟုဆိုသည်။

လောက်ကိုင်ဖြစ်စဉ်မှာ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးစေသည့်အတွက် မြန်မာ့တပ်မတော် က ပြတ်ပြတ်သား သား ချေမှုန်းနှိမ်နင်းမည်ဖြစ် ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက ပြောကြားသည်။

‘‘နိုင်ငံတော်အစိုးရ၏ အစိတ် အပိုင်းတစ်ခုကို တိုက်ခိုက်လာ ခြင်းဖြစ်တဲ့အတွက် တပ်မတော် အနေနဲ့ လုံးဝလက်မခံ၊ လုံးဝ လျှော့မည်မဟုတ်ကြောင်းပြော ကြားလိုပါတယ်’’ဟု ဗိုလ်မှူးချုပ် တင့်ဆန်းကပြောသည်


7Day Daily

No comments:

Post a Comment

My Blog List