Monday, February 16, 2015

တရုတ်တွင် ကျန်းမာရေး အရာရှိဟောင်းကို လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၉ နှစ်ချ


အကျင့်ပျက် လာဘ်စားမှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်လျက်ရှိသော တရုတ်နိုင်ငံတွင် ကျန်းမာရေး အရာရှိဟောင်းတစ်ဦးကို အကျင့်ပျက် လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ရှန်ဟိုင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဒုအကြီးအကဲဟောင်းကို အကျင့်ပျက်လာဘ်စားမှု၊ အလွဲသုံးစားမှု တို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် ချမှတ်လိုက်သည်ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ဟွမ်ဖန်ပင်းသည် ရှန်ဟိုင်းမြို့ ကျန်းမာရေးနှင့် မိသားစုရေးရာ စီမံကိန်းကော်မရှင်၏ ဒုအကြီးအ ကဲဟောင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ၏ ကျန်းမာရေးဌာနအတွင်း အကျင့်ပျက် လာဘ်စားမှုများကို နှိမ် နင်းသည့် စီမံချက်ကာလတွင် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

မစ္စတာဟွမ်သည် ပြည်သူပိုင်ငွေ ယွမ် ၇၀၀၀၀ ခန့်ကို အလွဲသုံးစားလုပ်ခဲ့ပြီး ယွမ် ၃ ဒသမ ၁ သန်းခန့် ပမာဏရှိသော လာဘ်ငွေနှင့် ပစ္စည်းများကို မိမိအကျိုး အတွက် ရယူခဲ့သည်ဟု ရှန်ဟိုင်းတရားရုံး ၏ ပြော ကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၅၀ အရွယ် ရှိပြီဖြစ်သော မစ္စတာဟွမ်သည် ၎င်း၏ ရာထူးကို အသုံးချပြီး အခြားသူများအတွက် အခွင့်ထူးများ ဖန်တီးပေးကာ ယင်းသို့ ဖန်တီးပေးခြင်း အတွက် လာဘ်ငွေများ ရယူခဲ့သည်ဟုလည်း Xinhua သတင်းတွင် ဖော်ပြထား ည်။

တရုတ်အာဏာပိုင်များသည် ပြီးခဲ့သောနှစ် စက်တင်ဘာလ အတွင်းကလည်း ဗြိတိသျှ ဆေးကုမ္ပဏီ တစ်ခု ဖြစ်သော ၎င်းတို့၏ ဆေးများကို သုံးစွဲပေးရန် ဆရာဝန်များကို လာဘ်ငွေပေးမှုဖြင့် ဒဏ်ငွေ ယွမ် ၃ ဘီလီယံ ချမှတ်ခဲ့သေးသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်ထဲတွင် အောက်ခြေအဆင့် အစိုးရဝန်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများကို ပါ စောင့်ကြည့်အရေးယူသွားမည်ဟုလည်း တရုတ် အာဏာပိုင်များက ကြေညာထားသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ အကျင့်ပျက်လာဘ် စားမှု နှိမ်နင်းရေး စီမံချက် အတွင်းတွင် အရေးယူခံရသည့် အစိုးရအရာရှိ အရေအတွက်မှာ ယခုဆိုလျှင် ရာဂဏန်းအထိ ရှိနေပြီဟု Xinhua သတင်းဌာန၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List