ဖွဲ့စည်းပုံအခြေခံဥပဒေ အောင်မြင်စွာပြင်ဆင်နိုင်ရေး အပါအ၀င် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်း ရေးကိစ္စရပ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁ရက်တွင် တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်ဖြင့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြ သော ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်တို့နှင့် ၈၈မျိုး ဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးဂျင်မီတို့ သည် ဖေဖော်ဝါရီ ၁ရက်တွင် တွေ့ ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးကို ပူးပေါင်းလုပ်ခဲ့ တာရှိတယ်လေ။ မတွေ့ဖြစ် တာလည်းကြာတော့ ပြန်တွေ့ဖြစ်တာပါ။ နောက်ပိုင်းလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေး ဖို့ ထပ်တွေ့ မှာပါ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးထွန်းထွန်း ဟိန် က ဆိုသည်။
အဆိုပါတွေ့ဆုံမှုသည် တစ်နာရီကျော်မျှ ကြာမြင့်ခဲ့ပြီး ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ် များအပြင် ၂၀၁၅အထွေထွေရွေး ကောက်ပွဲကိစ္စကို ထည့်သွင်းဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် အဓိကကျသောပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အ စည်းတို့သည် ပြည်သူလူထုထံမှ သဘောထားဆန္ဒ လက်မှတ်ကောက်ယူခြင်းလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင် ခဲ့ပြီး ရရှိ လာသော လက်မှတ်ငါးသန်းခန့် ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ ခဲ့သည်။
ဒီချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိ သူများ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓာတ်ပုံ − The 88 Generation Peace and Open Society )
7Day Daily

No comments:
Post a Comment