Thursday, February 05, 2015

ပါတီအမည်ဖြင့် မြို့ရွာဆိုင်းဘုတ် တပ်ခြင်းအား မည်သည့်ပါတီမှ ခွင့်မပြုဟု ပြည်ထဲရေးဆို



လက်ရှိမြန်မာနိုင်ငံ တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ နယ်များနှင့် ကျေးရွာ တချို့တွင် ပါ တီအမည်ဖြင့် ဆိုင်းဘုတ်တင်ထား ခြင်းများရှိနေသော်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ပါတီအမည်ဖြင့် မြို့ အမည်၊ ကျေး ရွာအမည်များကို ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့် ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က 'အချို့ မြို့နယ်များနှင့် ကျေးရွာများတွင် မြို့ အမည်၊ ကျေးရွာအမည်များအား ပါ တီအမည်တပ်၍ ဆိုင်းဘုတ်တင် ထားခြင်းကို ခွင့်ပြုထားခြင်းရှိ မရှိ' မေးမြန်းခဲ့ရာတွင် ဖေဖော်ဝါရီ ၂ရက် ကပြုလုပ်သည့် ပထမအကြိမ် ပြည် သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံ မှန်အစည်း အဝေး၌ ဒေါ်ခင်စန်းလှိုင် ၏ မေးခွန်းနှင့်ပတ်သက်ပြီး ပြည် ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေကြား ခဲ့ရာတွင် အထက်ပါအတိုင်း ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော် ဇံမြင့်မှ ပြန်လည်ပြောကြားခဲ့ရာမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ် မြို့ရှိ 'ကြံ့ခိုင်ရေးရပ်ကွက်'မှလွဲ၍ တခြားသော တိုင်းဒေသကြီး၊ ပြည် နယ်၊ ခရိုင်၊ မြို့နယ်များတွင် ပါတီအမည်နှင့်တူသော ရပ်ကွက်၊ကျေးရွာများ သတ် မှတ်ထားခြင်းမ ရှိကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ဆက်တည်းမှာပဲ တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ တချို့သော ရပ်ကွက်၊ ကျေးရွာများတွင် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့သောကြောင့် မှတ်တမ်းတင်ထားရှိသည့်အနေဖြင့် ပြည်ခိုင် ဖြိုးဆိုင်းဘုတ်များ တပ်ဆင် ထားမှုများရှိကြောင်း ပြောသည်။

''ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ တိုင်းဒေသကြီး၊ ပြည် နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ အမည် များကို ကျွန်တော်တို့ အတည်ပြုသွား မည်ဆိုတဲ့ အကြောင်းကို ထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။ ပြည် ထဲရေးဝန် ကြီးဌာနကလဲ သတ်မှတ်ထားတဲ့ အမည်စာရင်းအတိုင်းပဲ ဖြစ်ရမယ်ဆိုတဲ့ အကြောင်းကိုညွှန်ကြား သွားမယ်။ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာပါ''ဟု ၄င်းကဆိုသည်။

''ကျွန်မတို့တိုင်းပြည်အတွင်းမှာ တရားမဝင်ဘဲ ဒီလိုဆိုင်းဘုတ်တွေကို တပ်ဆင်ထားတာ အတော်လေးကြာ ပါပြီ။ ဒါကို အရေးယူဆောင်ရွက်တာ မရှိဘူး။ ဒါဆိုရင် ဒါကိုတရားဝင်ခွင့်ပြုထားတာ မရှိဘူးဆိုရင် ဒီဆိုင်း ဘုတ်တွေ ကို ဘယ်လိုလုပ်ပေးမှာလဲဆိုတာကို ပြည်သူလူထုသိအောင် ပြည်သူ့လွှတ် တော်ကနေ သဲသဲ ကွဲကွဲ ပြောကြားသင့်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အနေဖြင့် လွှတ်တော် စည်းမျဉ်းစည်းကမ်းများအရ ပါတီအမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိ သော်လည်း ၄င်းမေးမြန်းရာတွင် ဖော်ပြခဲ့သော ပရိုဂျက် တာပြကွက်တွင် ယင်းမာပင် ပြည်ခိုင်ဖြိုးမြို့ ဆားလင်းကြီး ပြည်ခိုင်ဖြိုးမြို့၊ ပုလဲပြည်ခိုင်ဖြိုး စံပြကျေးရွာ ၊ ကျောက္ကာမြောက် ပြည်ခိုင်ဖြိုးစံပြကျေးရွာ၊ သရက်ကန် ပြည် ခိုင်ဖြိုးစံပြကျေးရွာစသည့် မြို့နယ်များနှင့် ကျေး ရွာများကို ဓာတ်ပုံများဖြင့် လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့ခြင်းဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ အတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲ ရန် ပေါ်ပေါက် လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ် သလို ဆောင်ရွက်ပေးရမည်၊ ဆိုပြီး ပြဋ္ဌာန်းထားသည်။


TheYangonTimes

No comments:

Post a Comment

My Blog List