Tuesday, February 03, 2015

လေးပွင့်ဆိုင် တွေ့ဆုံမှုရွှေ့ဆိုင်းလိုက်၍ ထားဝယ် သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်စမည်


လေးပွင့်ဆိုင် တွေ့ဆုံပွဲကို သမ္မတက ဖေဖေါ်ဝါရီ ၁၂ ရက် နောက်ပိုင်းကို ရွှေ့ဆိုင်းသည့်အတွက် ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၄ ရက်တွင် ပြန်လည်စတင်မည်ဟု ထားဝယ် နည်းပညာ တက္ကသိုလ်မှ သပိတ်ခေါင်းဆောင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။
"သပိတ်ကို မနက်ဖြန် ပြန်စမယ်။ ခုကျောင်းသားအင်အားတွေ စုနေပါတယ်။ အစိုးရဘက်က ကျွန်တော်တို့ ကို ဒီနေ့တွေ့ဆုံပွဲခေါ်ပြီး ပျက်ကွက်တဲ့အတွက် မနက်ဖြန် သပိတ်အတွက် အစီစဉ် လုပ်နေပါတယ်'' ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုနေ့ အစည်းအဝေးပွဲများနှင့် အခြားဆွေးနွေးပွဲများ ရှိနေ၍ဟု အကြောင်းပြကာ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှသာ ပြန်လည်တွေ့ဆုံရန် သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက် ပေးလိုက်ပြီး ရွှေ့ ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ကျောင်းသားသပိတ်ကို ဖေဖေါ်ဝါရီ ၄ ရက်တွင် ထားဝယ်မြို့တွင်း လှည့်လည် ကာ မူလအစီအစဉ်အတိုင်း ရန်ကုန်သို့ ဆက်လက် ချီတက်မည်ဟု ကိုမင်းလွင် က ပြောသည်။

လေးပွင့်ဆိုင် တွေ့ဆုံပွဲ တက်ရောက်လာသည့် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်မှ ကိုယ်စားလှယ်များနှင့် ကျောင်းသားကိုယ်စားလှယ် များ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုရန် ကြိုတင် စာရင်းပေးထားသော်လည်း တည်းခိုခွင့် ပိတ်လိုက်သည့် အခက်အခဲများလည်း ကြုံနေရသည်ဟု ကျောင်း သားများက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List