မကြာခင်ပြုလုပ်ဖို့ ရှိနေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံ ယူပွဲတွင် နိုင်ငံသားမဟုတ်သည့် ဝှိုက် ကတ် ကိုင်ဆောင်ထားသူများအား ဆန္ဒမဲပေးခွင့်ပြုမည့် အစီအစဉ်အား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံး အဖြတ်ကို ခံယူသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောဆို လိုက်သည်။
ဖေဖော်ဝါရီ ၂ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဝှိုက်ကတ်ကိုင်ဆောင်ထား သူများကို မဲပေးခွင့်ပြုရန် ပြည် ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရသေ့တောင်မဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ''ရခိုင်ပြည်နယ်မှာ ဝှိုက်ကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီ ဦးရေ ၆၇ဝဝဝဝ ရှိတယ်။ ဝှိုက်ကတ် ခေါ်(ယာယီ) သက်သေခံ ကတ်ပြား ဆိုတာက မြန်မာနိုင်ငံသားသာဖြစ် ကြောင်း သက်သေခံကတ် မဟုတ်ဘူး။ အဲဒီလို သူတွေကို မဲပေးခွင့်ပြုရင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေတွေကို ဆန့်ကျင်ရာရောက်တယ်''ဟု ပြောသည်။
အဆိုပါပြည်ထောင်စုလွှတ် တော်တွင် ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိမရှိ သိရှိနိုင်စေရန်ြ ပည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက လွှတ် တော်ကိုယ်စားလှယ်များ၏ သဘောထားကို မဲခွဲဆုံးဖြတ် ရာတွင် ထောက်ခံ သူ ၃၂၈ ဦး၊ ကြားနေ ၁၉ဦး၊ ကန့်ကွက် သူ ၇၉ဦးရှိသဖြင့် ဝှိုက်ကတ်ကိုင်ဆောင် ထားသူများအား မဲပေးခွင့်ပြုရန် လွှတ် တော်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးခင်စိုး (ဥပဒေကြမ်း ပူးပေါင်းကော်မတီ)က ''ကျွန်တော်တို့ က ဘာမှပြောလို့မရဘူး။ လွှတ်တော် က ဆုံးဖြတ်တဲ့ကိစ္စလေ။ လွှတ်တော်က အတည်ပြုထားတော့ ကျွန်တော်တို့ ဘက်က ကန့်ကွက်လို့လဲမရ ဘူး''ဟုပြော သည်။
ပြည်ထောင်စုလွှတ်တော်မှ ဝှိုက် ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ရှိ ကြောင်း ဆုံးဖြတ်ထားမှုများကို ရခိုင် အမျိုးသားပါတီမှ ဖေဖော်ဝါရီ ၃ ရက် တွင် ကြေညာချက်ထုတ်ပြန်ပြီး ကန့် ကွက်ခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ''ဝှိုက်ကတ်ကိုင်ဆောင်တဲ့ သူတွေ က ရခိုင်ပြည်နယ်မှာရော၊ ရှမ်းပြည်နယ် မှာရော ရှိပါတယ်။ အဲဒီလို နိုင်ငံသား မဟုတ်တဲ့သူတွေ ကို ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲမှာ မဲပေးခွင့်ပြုတာ မဖြစ်သင့်တဲ့ လုပ်ရပ်ပါ''ဟုပြောသည်။
#TheYangonTimes
No comments:
Post a Comment