Wednesday, February 04, 2015

ဒေါက်တာသိန်းလွင်နှင့် ပတ်သက်သည့် ကြေညာချက်ကြောင့် NNER နှင့် ကျောင်းသားများ လမ်းကြောင်းမလွဲရန် ဒီချုပ်ပြောခွင့်ရပုဂ္ဂိုလ်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်နှင့် ပတ် သက်သော ပါတီမှ ထုတ်ပြန်သည့် ကြေညာချက်နှင့် ပတ်သက် ၍ NNER နှင့်ကျောင်းသားများလမ်းကြောင်း မလွဲစေရန် မေတ္တာရပ်ခံကြောင်း ဒီချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်း ခင်ထွေးမြင့် ကပြောသည်။
‘‘ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့က စည်းမျဉ်း၊ စည်းကမ်းမူအရသာလုပ်ရတာပါ။ သိပ်ပြီး အပြင်းအထန် လုပ်မှာ မဟုတ်ပါ ဘူး။ ဒီလိုထုတ်ပြန်ချက်ထုတ် လိုက်လို့ လမ်းကြောင်းလွဲသွားမှာ ကိုလည်း စိုးရိမ်ပါတယ်။

ဒါ ကြောင့် NNER ရော ကျောင်း သားတွေအနေနဲ့ လက်ရှိဆောင် ရွက်နေတဲ့ လမ်းကြောင်းကနေ လွဲမသွား ဖို့ မေတ္တာရပ်ခံပါတယ်’’ ဟု ဒေါ်နန်းခင်ထွေးမြင့်ကပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီချုပ်ပါတီ အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာ သိန်းလွင် အား ပါတီမှ ထုတ်ပယ် လိုက်သည်ဟူသော သတင်းထွက်ပေါ်လာခြင်းကို အဆိုပါပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။

‘‘မထုတ်ရသေးပါဘူး။ ဒေါက်တာသိန်းလွင်က ပါတီမှာ နည်းတဲ့ ရာထူးမှ မဟုတ်တာ။ ဒီလိုလွယ်လွယ်ကူကူ နဲ့ ထုတ်လို့ ဘယ်ရမလဲ။ ဒါနဲ့ ပတ်သက်လို့ လည်း ဘယ်လိုအရေးယူမယ်ဆို တာ CEC အစည်းအဝေးကျမှ ဆုံးဖြတ်ရမှာပါ’’ဟု ဒေါ်နန်းခင်ထွေး မြင့်ကဆိုသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စား လှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ သိန်းလွင် သည် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ကြိုတင်သဘော တူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါတီစည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

အဆိုပါကြေညာချက်ထွက် ပေါ်လာပြီး နောက်ပိုင်း NNERမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ထံ သို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးလှုပ် ရှားမှု အရေးကြီးလှသော အချိန်တွင်မှ ကြေညာချက်ထုတ်ပြန်ခြင်း အပေါ်နားမလည်နိုင်သဖြင့် ဖြေ
ရှင်းပေးစေလိုကြောင်း တောင်း ဆိုထားသည်။

ဒေါက်တာသိန်းလွင်သည် NNER စတင်ဖွဲ့စည်းသော ၂၀၁၃ဇန်န၀ါရီက တည်းက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန် မာနိုင်ငံပညာရေးပြု ပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ် ဆောင်နေသူတစ်ဦးဖြစ်သည်။

ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် ပြုလုပ်သောဆွေးနွေးပွဲ၌ ဒေါက်တာသိန်းလွင်ပြောကြားနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List