Wednesday, February 04, 2015

အင်ဒိုနီးရှား၌ နောက်ထပ်ကွပ်မျက်မည့်အကျဉ်းသားများတွင် ဩစတြေးလျနိုင်ငံသားများ ပါဝင်


အင်ဒိုနီးရှားတွင် မူးယစ်ဆေး မှောင်ခိုကူးမှုများကို ပြင်းပြင်းထန်ထန် အရေးယူမှုများ ပြုလုပ်နေချိန် မူးယစ် ဆေးဝါးမှုဖြင့် သေဒဏ် ချမှတ်ခံရသူများကို ကွပ်မျက်မည့် နောက်ထပ် အကျဉ်းသားအဖွဲ့တွင် ဩစတြေးလျ နိုင်ငံသားနှစ်ဦးပါဝင်မည်ဟု အရာရှိတစ်ဦးက ပြောခဲ့ကြောင်း AFP သတင်းများအရ သိရ သည်။
Bali Nine မူးယစ်ဆေးမှောင် ခိုကူးသောဂိုဏ်းမှ ခေါင်းဆောင်များ ဖြစ်သည့် အန်ဒရူးချန်နှင့် မူရန်ဆူကူ မရန်တို့ကို မည်သည့် အချိန် မည်သည့် နေရာတွင် ကွပ်မျက်မည်ကို ရှေ့နေ ချုပ် H.M. Prasetyo က မပြောခဲ့ ပေ။

၎င်းတို့ကိုကွပ်မျက်ရေး သေနတ် တပ်ဖွဲ့က ကွပ်မျက်မည်ဖြစ်သည်။ အင်ဒိုနီးရှားသည် ပြီးခဲ့သောလက မူးယစ်ဆေးဝါး မှောင်ခို ကူးသူခြောက် ဦးကို ကွပ်မျက်ခဲ့သည်။

ထိုခြောက်ဦး ထဲတွင် နိုင်ငံခြားသားငါးဦးပါဝင်သည်။ ချန်နှင့် ကူမရန်တို့သည် ၂၀၀၅ခုနှစ် က ဘာလီတွင် ဖမ်းဆီးခံခဲ့ရပြီး ဘိန်း ဖြူရှစ်ကီလိုဂရမ် မှောင်ခိုကူးရန် ကြိုး ပမ်းမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် နောက်ထပ်ကွပ် မျက်မည့် အကျဉ်းသားအဖွဲ့တွင် ပါ ဝင်ကြောင်းသာသိရပြီး နောက်ထပ် မည်သည့်သတင်းမှ မသိရပေ။

အင်ဒိုနီးရှားအစိုးရသည် ဩစ တြေးလျနိုင်ငံသားများအပါအဝင် မူး ယစ်ဆေးမှောင်ခိုကူးမှု ကျူးလွန် ထား သော နိုင်ငံခြားသား ခုနစ်ဦးကို ကွပ် မျက်ရန်အဆင်သင့်ဖြစ်နေပြီဟု ပြီးခဲ့ သောရက်သတ္တပတ် က ပြောခဲ့သည်။

ဩစတြေးလျနိုင်ငံသားနှစ်ဦးကို သနားညှာတာပေးရန် ဩစတြေးလျဝန် ကြီးချုပ် တိုနီအက်ဘော့က အင်ဒိုနီး ရှားကို တိုက်တွန်းခဲ့သည်။

Ref : CNA
#Democracytoday

No comments:

Post a Comment

My Blog List