Wednesday, February 04, 2015

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း မွေးနေ့ ပြည်ခိုင်ဖြိုး ဗဟိုအလုပ် အမှုဆောင်တစ်ဦး တက်ရောက်ဟု ဆိုသော်လည်း ကာယကံရှင်ငြင်းဆို


 မြောက်ကိုရီးယားခေါင်း ဆောင်ဟောင်း ကင်ဂျုံအီလ်၏ (၇၃)နှစ်မြောက် မွေးနေ့ ပွဲကို ပြီးခဲ့သည့် ဇန်န၀ါရီ ၂၄ ရက်က ရန်ကုန်မြို့ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မွေးနေ့ပွဲသို့ ပြည် ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးသာဝင်းတက် ရောက် ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ ဗဟိုသတင်းအေဂျင်စီ (ကေစီအင်န်အေ) က သတင်းဖော် ပြခဲ့သော် လည်း ကာယကံရှင် ဦးသာဝင်းက ငြင်းဆိုခဲ့သည်။
‘‘အန်ကယ်က အဲဒီနေ့က ဒီ နေပြည်တော်မှာပဲ ရှိနေတာပါ။ အန်ကယ်သိတောင် မသိဘူး။ ဘယ်က ကြား တာလဲ။ ပါတီထဲမှာ အန်ကယ်နဲ့ နာမည်တူတဲ့သူလည်း မရှိပါဘူး’’ ဦးသာဝင်းက ဖေဖော်ဝါရီ ၃ ရက် ညနေတွင် ဖုန်းဖြင့် ငြင်းဆိုခဲ့သည်။

ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယား နိုင်ငံ)၏ တရားဝင် သတင်းအေ ဂျင်စီဖြစ်သော ကိုရီးယားဗဟို သတင်းအေဂျင်စီ(ကေစီအင်န် အေ)တွင် ဇန်န၀ါရီ ၃၀ ရက်စွဲဖြင့် ပြုံယမ်းမှ သတင်းထုတ်ပြန် ထား ခြင်း ဖြစ်သည်။

အဆိုပါ သတင်းဖော်ပြချက်တွင် ဇန်န၀ါရီ ၂၄ ရက်မှ ဖေဖော် ၀ါရီ ၁၆ ရက်အထိ ရုပ်ရှင်နှင့် ဓာတ်ပုံပြပွဲ များ ပြသမည် ဖြစ် ကြောင်း ရေးသားထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List