Wednesday, February 04, 2015

လေယာဉ်မှူး အသတ်ခံရပြီး ဖမ်းထားသည့် အီရတ်အမျိုးသမီးကို ဂျော်ဒန် စီရင်


အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) က ဂျော်ဒန်လေယာဉ်မှူးကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဖမ်းဆီး ထားတဲ့ အယ်လ်ကိုင်းဒါး အကျဉ်းသား ၂ ဦးကို ဂျော်ဒန်နိုင်ငံက ကြိုးပေး ကွပ်မျက်ပါတယ်။ ဒီလို ကွပ်မျက် လိုက် တဲ့အထဲမှာ ၂၀၀၅ ခုနှစ် ဂျော်ဒန်မြို့တော်မှာ အသေခံ ဗုံးကွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံး ခဲ့တဲ့ ဖြစ်ရပ်မှာ အသေခံဗုံးခွဲရာမှာ ပါဝင်လို့ ဖမ်းဆီးထားတဲ့ အီရတ် အမျိုးသမီး ဆာဂျီဒါ အယ်ရီရှားဝီနဲ့ ဇိုင်ယပ် အယ်လ်ခါဘူလီတို့ဖြစ်တယ်လို့ ဂျော်ဒန် အစိုးရ ပြောခွင့်ရကို ကိုးကားပြီး အေပီ သတင်းက ရေး ပါတယ်။
ဆာဂျီဒါ အယ်ရီရှားဝီကိုတော့ လေယာဉ်မှူးနဲ့ အလဲအလှယ်လုပ်ဖို့ ကနဦးက အိုင်အက်စ်တွေက ကမ်းလှမ်း ခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

ဂျော်ဒန်မြို့တော် အမန်းနဲ့ မိုင် ၅၀ အနီးက ဆွာကာ အကျဉ်းထောင်မှာ စီရင်လိုက်တာ ဖြစ်ပြီး နေထွက်ချိန်မှာ သူတို့ ၂ ဦးရဲ့အလောင်းတွေကို လူနာတင်ယာဉ်က လုံခြုံရေး အစောင့်အကြပ် တွေနဲ့ တင်ဆောင်သွားတယ် လို့ ဆိုပါတယ်။

လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ကို မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက်မှာ အိုင်အက် စ်တွေက ဖြန့်ဝေခဲ့ပြီးတဲ့နောက် အိုင်အက်စ်ကို ဆန့်ကျင်တဲ့ အဖွဲ့က ဂျော်ဒန်မှာ ဆန္ဒပြခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List