Monday, February 02, 2015

သပိတ်မှောက်ကျောင်းသားအတွင်း စရဖတစ်ဦး ၀င်ရောက်နေမှု စစ်ဆေး၍ ရဲစခန်းအပ်


စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)အကူ(၂)တပ်ဖွဲ့တပ်သားတစ်ဦးသည် သပိတ်မှောက်ကျောင်းသားများ အတွင်းသို့ဝင်ရောက်နေမှုကြောင့် ဖေဖော်ဝါရီ ၁ရက်ညပိုင်းတွင်ကျောင်းသားများကစစ်ဆေးပြီး တာဝန်ရှိသူ များထံ အပ်နှံခဲ့ကြောင်းသပိတ်မှောက်ကျောင်းသားခေါင်းဆောင်များကပြောသည်။
ပုပ္ပားမြို့မှစတင်၍ သပိတ်မှောက် ကျောင်းသားများအတွင်းသို့ ၀င်ရောက်သတင်း ယူခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်ကပြောကြောင်း ကျောင်းသားခေါင်းဆောင် များကဆိုသည်။

၎င်းကိုမသင်္ကာ၍ ဖေဖော်ဝါရီ ၁ ရက် ည ၇နာရီခွဲမှ ၁၀နာရီ အထိစစ်ဆေးရာ ထိုသို့ပေါ်ပေါက် ခဲ့ခြင်းဖြစ်ပြီး ရေနံချောင်း မြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်းဗကသဥက္ကဋ္ဌကျော်ကိုကိုကပြောသည်။ 

ထိုသို့ ဖြစ်ပွားပြီး သပိတ်မှောက်ကျောင်းသားများက သပိတ်အတွင်းရှိနေသော ကျောင်းသားများကို ထပ်မံ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ယင်းသို့ဝင်ရောက်သတင်းယူခြင်းအပေါ် သပိတ်မှောက် ကျောင်းသားများက အစိုးရအား ရှုတ်ချကြောင်း ကျော်ကိုကိုက ဆက်လက်ပြောသည်။

စရဖတပ်ဖွဲ့ဝင်တစ်ဦးကို ရဲစခန်းသို့ အပ်နှံနေစဉ် (ဓာတ်ပုံ − ငြိမ်းချမ်း)
7Day Daily

No comments:

Post a Comment

My Blog List