ဟားခါးမြို့ ကြာရ်ကြန် တောင်ထိပ်၌ တည်ဆောက်ထားသည့် လက်ဝါးကပ် တိုင်ပြောင်းရွှေ့ပေးရန် ညွှန် ကြားထားမှုကိုပြည်နယ်အစိုးရက ရုပ်သိမ်းပေးလိုက်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ် တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
လက်ဝါးကပ်တိုင်ပြောင်း ရွှေ့ခိုင်းမှုအပေါ် ဟားခါးမြို့ခရစ် ယာန်ဘာသာဝင် များအနေဖြင့် ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တွင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။ သို့သော် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးများ၏ ဇန်န၀ါရီ ၃၀ရက် အစည်းအဝေးပြီးနောက် လက်ဝါးကပ်တိုင်စိုက်ထူခွင့်ရရှိရန် ပြည်နယ် အစိုးရသို့မှတ်ပုံတင်လျှောက်ခွင့်ပြုခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် မပြုလုပ်တော့ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော် ပွဲတွင် ဦးဆောင်သူဦးဗန်သင်းလျံ က ပြောသည်။
‘‘လက်ဝါးကပ်တိုင်ရှိတဲ့ မြေ ကို သာသနာ့မြေအဖြစ် တရားဝင် မှတ်ပုံတင် ရအောင် လုပ်ခွင့်ပေး လိုက်တဲ့ အတွက် ဆန္ဒထုတ်ဖော် မှုကို မပြုလုပ်တော့ဘူးလို့ ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဦးဗန် သင်းလျံကပြော သည်။
လက်ဝါးကပ်တိုင်သည် ဦး ဗျက်သင်းဆန်၏ ဥယျာဉ်ခြံမြေအ တွင်းတည်ရှိပြီး စတင်တည် ဆောက်ခဲ့စဉ်က သာသနာ့နယ် မြေအဖြစ် လျှောက်ထားခဲ့ခြင်းမ ဟုတ်ဘဲ တည်ဆောက်ခဲ့ခြင်း ကြောင့် ပြည်နယ် အစိုးရ က ရွှေ့ ပြောင်းခိုင်းခြင်းဖြစ်သည်။ သို့သော် လက်ဝါးကပ်တိုင် ပြောင်း ရွှေ့ခိုင်းခြင်းနှင့်ပတ်သက်၍ ဇန် န၀ါရီ ၂၉ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘာသာရေးခေါင်းဆောင်များ ဟားခါးမြို့ ၌ ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဇန် န၀ါရီ ၃၀ရက်တွင် ၀န်ကြီးများနှင့် အစည်းအဝေးပြု လုပ်ပြီးနောက် လက်ဝါးကပ် တိုင် တရားဝင်စိုက်ထူနိုင်ရေး သာသနာ့နယ်မြေ အဖြစ် တရားဝင်ခွင့်ပြုနိုင်ရန် မှတ်ပုံတင်ရန်လို အပ်ကြောင်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်ဟု ချင်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး ဦးနန်ဇမုန် က ပြော သည်။
ဟားခါးမြို့ရှိ လက်ဝါးကပ် တိုင်ရွှေ့ခိုင်းမှုနှင့်ပတ်သက်၍ ဇန်န၀ါရီ ၂၉ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
လက်ဝါးကပ်တိုင် မရွှေ့ပြောင်းရရေး ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:
Post a Comment