Tuesday, February 03, 2015

အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးမယ့် ဟင်းချို

ဒီဟင်းချိုမှာ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူစတဲ့ အစွမ်းထက်တဲ့ အရာတွေ ပါဝင်ပါတယ်။ သင့်ရဲ့ ခုခံအား စနစ်တစ်ခုလုံးကို အမှန်တကယ် အားကောင်းလာစေမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့အရာတွေကတော့
· ရေ (၃) လီတာ

· ဂျင်း လတ်လတ်ဆတ်ဆတ် ၁-၂ ဇွန်း

· ကြက်သွန်ဖြူ ၂-၃ ပွင့်

· ကြက်သွန်နီ ၁/၄ ပိုင်း

· စမုန်ဖြူ ထမင်းစားဇွန်း (၁) ဇွန်း

· စိတ်စိတ်လေးလှီးထားတဲ့ တရုတ်နံနံကြီး (၁) ခွက် တို့ပဲ ဖြစ်ပါတယ်။

ချက်ပြုတ်ပြင်ဆင်ပုံ

အပေါ်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်း အားလုံးကို အိုးအကြီးတစ်ခုထဲ ထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ ဆူပွက် လာပြီ ဆိုတာနဲ့ မီးအပူ လျော့လိုက်ပြီး နောက်ထပ် တစ်နာရီလောက် ဆက်ထားပေးပါ။ ပြီးတဲ့နောက် မှာတော့ အားကုန်သုံးကာ ကြိတ်ချေပြီး နောက်ဆုံး တရုတ်နံနံပင်ကြီးကို အပေါ်မှာကြဲလိုက်ပါ။

Ref: Naturalhealthcare
Trend Myanmar

No comments:

Post a Comment

My Blog List