Thursday, February 05, 2015

ဝှိုက်ကတ်ကိုင်ဆောင်ထားသူများကို အမြန်စစ်ဆေး၍ ပယ်ဖျက်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တိုက်တွန်း

တိုင်းပြည်အတွက် သားစဉ်မြေးဆက်ပြဿနာရှိသည့် ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင် သူများကိုအမြန်ဆုံးစစ်ဆေး၍ ၀ှိုက်ကတ်ကို ပယ်ဖျက်ရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အ မှုဆောင်ဦးဇော်မြင့်ဖေက ပြောသည်။
‘‘၀ှိုက်ကတ်ပြဿနာကို မြန် မြန်ရှင်းစေချင်တယ်။ သားစဉ် မြေးဆက်ဒုက္ခရောက်နိုင်တဲ့ ကိစ္စ၊ ၀ှိုက်ကတ်ဆိုတာ မရှိသင့်ဘူး။ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး’’ ဟုဖေဖော်ဝါရီ ၄ ရက်တွင် အမျိုးသားလွှတ်တော်ခေတ္တနားချိန်
မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ခေတ်အဆက် ဆက်ဝှိုက်ကတ်ကို အခုအချိန်ထိ လဲလှယ်ပေးနိုင်ခြင်း မရှိသော ကြောင့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် တာဝန်မကင်းသည့် သဘော သက်ရောက်နေသောကြောင့် အဆိုပါဌာန အနေဖြင့်လည်း ဥပဒေကြမ်းရေးဆွဲကာ ၀ှိုက်ကတ်ပြဿနာကို ဖြေရှင်း ရန် တိုက်တွန်းပြောဆိုသွားသည်။

‘‘အဖြေတစ်ခုကို မြန်မြန် ထုတ်၊ ထုတ်ချင်ရင် ဒီဝှိုက်ကတ် ကို တစ်ခုခု ဆုံးဖြတ်ပေးလိုက်၊ အဓိပ္ပာယ်ဖွင့် ဆိုချက် တစ်ခုကို၊ အချိန်မနှောင်းခင်မြန်မြန်လုပ် လိုက်လို့ရှိရင် သင့်မြတ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူကို မဲပေးခွင့်ရှိ ကြောင်း ဖေဖော် ၀ါရီ ၂ ရက် ပြည် ထောင်စုလွှတ်တော်၌ ဆုံးဖြတ်လိုက်ပြီးနောက် လူထုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေ သည်။

ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ အဆုံးဖြတ်ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ရန်လုပ်ဆောင်နေကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောသည်။ စစ်တွေမြို့တွင်လည်း ရခိုင်လူထု သဘော ထားရယူကာ ဆုံးဖြတ်သွားရန်ရှိကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List