Tuesday, February 03, 2015

တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ထိ အားဖြည့် သွားမည်ဟု ယူကရိန်း ခွဲထွက်ရေးသူပုန် အဖွဲ့ခေါင်းဆောင်ပြော


ယူကရိန်း အရှေ့ခြမ်းတွင် အစိုးရတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဝင်နေရချိန် ရုရှလို လားသော ခွဲထွက်ရေးတပ် ဖွဲ့တွင် တပ်သား သစ်ဦးရေ ၁ဝဝ,ဝဝဝ ထိ စုဆောင်းရန် စီစဉ်နေကြောင်း သူပုန် အဖွဲ့ခေါင်းဆောင် အလက် ဇန်းဒါး ဇာခါချန်ကို ကကြေညာ လိုက်သည်။
ခွဲထွက်ရေးသူပုန်များသည် အရှေ့ခြမ်းရှိ အဓိက အချက်အချာမြို့ဖြစ်သော ဒီဘယ်စီမြို့ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၄င်းတို့ထိန်း ချုပ်ထားသည့် ဒိုးနက် စ်ဒေသနေရာ အနှံ့အပြားတွင်လည်း လက်နက် ကြီးများ ထိမှန်မှုကြောင့် ပျက်စီးမှုများ ရှိနေသည်။

ယခု သီတင်းပတ် အကုန်တွင် အဆိုပါ စစ်မြေပြင်၌ နှစ်ဘက် စလုံးမှ အရပ်သား ဒါဇင်ပေါင်း များစွာသေဆုံး ခဲ့သည်။'' စစ်သား   စုဆောင်းရေး  ဆိုင်ရာစည်း ရုံးရေး လုပ် ငန်းများကို စတင်လုပ်ဆောင် သွားတော့ မည်ဖြစ်ကြောင်း မစ္စတာ ဇာခါချန်ကိုက ဒိုးနက်စ် သတင်းအေဂျင်စီ ကိုပြောသည်။

''ဒါဟာ ကျွန်တော် တို့ တိုက်ပွဲ ဝင်မှု  ကိုသေချာပေါက်ထောက်  ကူပေးနိုင်မယ့် အရန် အင်အား တစ်ခုဖြစ် လာဖို့ပါ''ဟု ဇာခါချန် ကိုကို ကိုးကား၍ ဒိုးနက်စ်သ တင်းအေဂျင်စီ ကဖော်ပြသည်။

ယခုအခါ ခွဲထွက်ရေးသူပုန်များ မြို့စွန်နေ ရာများ သို့ရောက် ရှိနေပြီဆိုသည့် သတင်းများကြောင့် ဒီဘယ်စီ မြို့ရှိ အရပ် သားရာပေါင်း များစွာ ကိုဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးထားရသည်။ အစိုးရတပ်ဖွဲ့ဝင်များနှင့် သူပုန်တပ်ဖွဲ့များ အကြား စက် တင်ဘာလ အပစ်ရပ်ရေး သဘောတူညီမှု သည်လည်း ပြီးခဲ့သည့် လ က ဒိုးနက်စ်လေဆိပ် ဧရိယာတွင် တိုက်ပွဲ များပြန်လည် အရှိန်မြင့် လာခြင်းနှင့် အတူ ပျက်ပြယ် သွားရသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ယခု တိုက်ခိုက်မှုများ ကိုပြေလည်ရေး အတွက် ဘီလာ ရုစ်နိုင်ငံတွင် ညှိနှိုင်းကြိုး ပမ်းမှုများသည် လည်း သူပုန်ခေါင်းဆောင် အချို့ တက်ရောက်မ လာခြင်းနှင့် အတူ ပျက်ပြယ် ခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List