Thursday, February 05, 2015

ကိုးရက်ကြာကျင်းပမည့် ရန်ကုန်ဓာတ်ပုံပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

(၇)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ကိုးရက်ကြာ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးနေ့ ရန်ကုန်ဓာတ်ပုံ ပွဲတော်ညတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘နောက်ဆုံးရန်ကုန်ဓာတ်ပုံ ညမှာတော့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်။ ဒေါ်အောင်ဆန်း စုကြည်က ဓာတ်ပုံပြိုင်ပွဲအတွက် ဆုရွေးချယ်ရေး အဖွဲ့မှာပါဝင်သွားမယ်’’ဟု ရန်ကုန်ဓာတ်ပုံပွဲတော် (YangonPhoto Festival - YPF)၏ လက် ထောက်ဒါရိုက်တာ ခရစ်စတိုဖာ က ပြောသည်။ (၇)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော် ဝါရီ ၁၃ မှ ၂၁ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။

‘‘ဒေါ်အောင်ဆန်းစုကြည် တက်တာတော့ ဒါနဲ့ဆိုရင် လေး နှစ်မြောက်ပေါ့။ အရင်ကဆိုရင် ဒီပွဲကို ပြင်သစ် ယဉ်ကျေးမှုဌာနမှာ ပဲလုပ်တာ။ ဒီနှစ်တော့ လူတွေပို သိအောင် အပြင်မှာပါထွက်ပြီး တော့ လုပ်မှာပါ’’ဟု ပွဲဖြစ် မြောက်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် အချစ်ဆိုသော ခေါင်းစဉ်အောက်မှ ဓာတ်ပုံပြပွဲများနှင့် ဓာတ်ပုံပညာနှင့်ပတ်သက်သည့်အလုပ် ရုံဆွေးနွေးပွဲများကို ပြင်သစ်ယဉ်ကျေးမှုဌာန အပြင် Junction Square Pansodan Scene စသောနေရာများ တွင် နေ့အလိုက်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

YPF တွင် အချစ်ခေါင်းစဉ် အောက်မှ ဓာတ်ပုံများ ပြသမည် ဖြစ်ပြီး မိသားစုအချစ်၊ ချစ်သူများ ၏အချစ်တို့ အပြင် တိရစ္ဆာန်နှင့် လူတို့၏အချစ်၊ နိုင်ငံ့ခေါင်းဆောင်များကို ပြည်သူများ၏ အချစ် စသည်တို့ကို ဖော် ကျူးသော ဓာတ်ပုံများပါပြသွားမည်ဖြစ်ကြောင်း ခရစ်စတိုဖာက ပြောသည်။

နိုင်ငံ့ခေါင်းဆောင်များကို ပြည်သူများကချစ်သောအချစ် ခေါင်းစဉ်အောက်တွင် ဓာတ်ပုံ ဆရာ မောင်မောင် ကြီး၏ ဗိုလ်ချုပ် အောင်ဆန်းကျဆုံးစဉ်က အသု ဘအခမ်းအနားဓာတ်ပုံများ၊ ဂျွန် အက်ဖ်ကနေဒီ၏ ညီ ရောဘတ် ကနေဒီ လုပ်ကြံခံရစဉ်က ရုပ်အလောင်းကို ရထားဖြင့်သယ်လာ စဉ် ပြည်သူများက ကြိုဆို သည့် မြင်ကွင်းဓာတ်ပုံများလည်း ပါဝင် ကြောင်း သတင်းရရှိသည်။

‘‘ရောဘတ်ကနေဒီကို သယ် လာတုန်းကရိုက်ထားတဲ့သူတွေ တော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော် တို့ပြမယ့် ပုံတွေက ရိုက်ပြီးက တည်းက ဘယ်သူမှ မပြရသေး ဘူး။ သိမ်းထားတဲ့ပုံတွေပါ’’ဟု ၎င်းက ပြောသည်။

ယင်းပွဲတော်သို့ မြန်မာအပါအဝင် နိုင်ငံတကာမှ ဓာတ်ပုံဆရာ ၄၀ ကျော် တက်ရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် Junction Square ၌အမှတ်တရ ဓာတ်ပုံများရိုက်ကူးပေးမည့် အစီအစဉ်ပါဝင်ပြီး ညတွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ချစ်သူများနေ့ ပါတီပြုလုပ်သွားမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List