Thursday, February 05, 2015

တပ်မိသားစုများအတွက် စစ်တပ်စီးပွားရေးလုပ်နေဟု ကာချုပ်ပြောကြား


စစ်တပ်မိသားစုဝင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သက်သာချောင် ချိရေးအတွက် တပ်မတော်က စီးပွားရေး လုပ်ငန်းတွေလုပ်နေတာဖြစ်ကြောင်းနဲ့ သင့်လျော်တဲ့အချိန်မှာအများပိုင်စီးပွားရေးလုပ်ငန်းတွေအဖြစ် ဆောင် ရွက် သွားမယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က  နေပြည်တော်မှာ  စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်နဲ့ တွေ့ဆုံရာ မှာ ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ သတင်း ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က  “တပ်မတော်၏ စီးပွားရေးလုပ်ငန်းများသည် တပ်မတော်သား မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းများ၏ သက်သာ ချောင်ချိရေး၊ လူမှုရေး လုပ်ငန်းများအတွက် အဓိက လုပ်ဆောင်နေခြင်းဖြစ် သလို တဖက်မှလည်း အမြတ်ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူပြုရန် စဉ်းစား လုပ်ဆောင်နေခြင်းဖြစ်ပြီး သင့်လျော်သည့်အချိန်တွင် အများပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် ဆောင်ရွက် သွားရန်ရှိကြောင်း” ပြောကြားသွားတာပါ။

မစ္စတာ ဂိုချောက်တောင်ကတော့  ဒီမိုကရေစီ အတွေ့အကြုံနည်းပြီး စမ်းသပ်ကာလ ဖြစ်နေတာကြောင့် လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေတာဟာ  မြန်မာနိုင်ငံရေး အခြေအနေကို တည်ငြိမ်စေတဲ့အကြောင်းနဲ့ ရေရှည်မှာ နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိလာပါက လျှော့ချသွားသင့်တယ်လို့ မြန်မာကာကွယ်ရေးဦးစီးချုပ်ကို ဆွေးနွေးပြောကြားသွားတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတအပေါ် အမှီပြုနေရခြင်းထက် ကုန်ထုတ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စတဲ့ စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်းလည်း  ပြော ကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်တို့ကိုထူထောင်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလို တိုင်းပြည်ရဲ့သယံဇာတတွေ ထုတ်ယူရောင်းချတဲ့ လုပ်ငန်းတွေအပါအ၀င် အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံလုပ်ကိုင်နေ တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List