Friday, February 06, 2015

ပျက်ကျထိုင်ဝမ်လေယာဉ် အင်ဂျင်ပိုင်းပြဿ နာရှိဟု ပြောဆိုချက် တာဝန်ရှိသူများ ပယ်ချ






ပျက်ကျသွားတဲ့ ထရန်စ်အေးရှားလေယာဉ်ဟာ မပျံတက်ရသေးခင်က အင်ဂျင်ပိုင်းပြဿ     နာတွေ ရှိခဲ့တယ်ဆို တဲ့ အစီရင်ခံစာတွေကို လေကြောင်း တာဝန်ရှိသူတွေက ငြင်းပယ်လိုက်ပါတယ်။ 

ဒါ့အပြင် အင်ဂျင်ကို မစစ်ဆေးပဲ ခရီးစဉ်ကို ခွင့်ပြုလိုက်တယ် ဆိုတဲ့ မီဒီယာထုတ်ပြန်ချက်တွေကလည်း လုံးဝ မမှန်ဘူးလို့ ထိုင်ပေမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန်စ်အေးရှားလေကြောင်းရဲ့ အထွေထွေမန်နေဂျာ ၀ူဟူရှုန်က အခိုင်အမာ ပြောသွားပါတယ်။

လေယာဉ်ခရီးစဉ် မစရသေးခင်မှာ လေယာဉ်ကို စစ်ဆေးမှုတွေ လုပ်ဆောင် ထားကြောင်း သက်သေပြနိုင် တဲ့ အထောက်အထားတွေကို တင်ပြနိုင်ကြောင်း နဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့ဆီကိုလည်း စာရွက်စာတမ်းတွေ ပေး ပို့သွားမယ်လို့ ဆိုပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ထရန်စ်အေးရှားလေကြောင်းကုမ္ပဏီ ဥက္ကဋ္ဌ လင်မင်ရှုန်ကလည်း တက်ရောက် လာသူတွေကို ၃ ကြိမ် တောင်းပန်ခဲ့ပြီး ဒီလေယာဉ်ပျက်ကျမှုမှုမှာ ဒဏ်ရာရခဲ့တဲ့ ခရီးသည်တွေကိုလည်း ကုမ္ပဏီက ကရုဏာကြေး ပေးအပ်ထားကြောင်းနဲ့ သေဆုံးခဲ့ရသူတွေအတွက် အသုဘနဲ့ မြေမြှုပ် သင်္ဂြိုဟ် ထောက်ပံ့ကြေးတွေလည်း ပေးအပ်သွားမယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ထိုင်ဝမ်အစိုးရရဲ့ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က အထူးစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် 22 ATR လေယာဉ်ပျက်ကျ သွားတဲ့နေရာကို တားမြစ်ကန့်သတ်ထားဖို့ အမိန့်ထုတ် ထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ခရီးသည် ၅၃ ယောက်နဲ့ လေယာဉ် အမှုထမ်း ၅ ယောက်ကို တင်ဆောင်ထားတဲ့ ထရန်စ်အေးရှားလေကြောင်း ပိုင် လေယာဉ်တစီးဟာ ပျံတက်ပြီး ၁၀ မိနစ်လောက် အချိန်မှာပဲ ထိုင်ပေက ကီလွန်မြစ်ထဲ ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၃၂ ဦး သေဆုံး၊ ၁၁ ဦး ပျောက် ဆုံးနေ ဆဲ ဖြစ်ပါတယ်။

ခရီးသည်တွေထဲက ၃၁ ယောက်ဟာ တရုတ်ပြည်မကြီးက ဖြစ်တယ်လို့ ထိုင်ဝမ် ခရီးသွားလုပ်ငန်း အာဏာ ပိုင်ရုံးက အတည်ပြုထုတ်ပြန်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List