Tuesday, February 03, 2015

မြန်မာပြည်ရှိ အမျိုးသမီးများကို ထောက်ခံခြင်း



ပင်လယ်ရပ်ခြား တိုင်းတစ်ပါးမှ အမျိုးသမီးများ၊ မိန်းကလေးများအတွက် အကြမ်း ဖက်မှုများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် ဗြိတိန်နိုင်ငံမှ ရပ်တည်ကာကွယ်ပေးသူ တစ်ဦးအဖြစ် ယခုလစောစောပိုင်းတွင် ကျွန်မသည် ကံအားလျော်စွာပင် မြန်မာနိုင်ငံသို့ နှစ်ရက်တာရောက်ရှိခဲ့ပါသည်။
ကျွန်မ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအစိုးရက ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရုံ သာမကဘဲ ဦးစားပေး အဖြစ် ဆောင်ရွက်ရန် အဘယ့်ကြောင့် အရေးပါနေ ရသနည်းဟူသော အချက်ကို မီးမောင်းထိုးပြလိုခဲ့ပါ သည်။ ကျွန်မတို့ အစိုးရ အတွက် အလေးထားရမည့် နိုင်ငံခြောက်နိုင်ငံအနက်တစ်နိုင်ငံဖြစ် သည့် မြန်မာနိုင် ငံတွင် နေထိုင်သော အမျိုးသမီးများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် စပ်လျဉ်းသည့် ဗြိတိန်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အလေးထားလာကြစေရန်လည်း ဆန္ဒရှိခဲ့ပါသည်။

ဤကိစ္စမှာဤနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝမှု၊ တည်ငြိမ်မှုတို့အတွက် ပဓာနကျပါသည်။ အမျိုးသမီးများ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အမျိုးသမီးများ၏ သြဇာကိုအသုံးချခြင်း မပြုလေသမျှ ကာလပတ် လုံး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အပြည့်အဝ ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာတစ်လွှားမှ နိုင်ငံအများအပြားတွင် ခွဲခြားနှိမ့်ချဆက်ဆံမှုကို တွေ့ရ မြင် ရများနေသည်မှာ ကြေကွဲဖွယ် ရာပင်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ ခံစားခဲ့ရသော ခွဲခြားနှိမ့်ချ ဆက်ဆံမှု၊ အကြမ်းဖက်မှုတို့ကို ကျွန်မနားနှင့်ဆတ် ဆတ် ကြားခဲ့ရပါသည်။ ယင်းမှာပဋိပက္ခ၏ တိုက်ရိုက်ရလဒ် ဖြစ်နေလေ့ရှိသလို အမျိုး သမီးများ၊ မိန်းကလေးများအပေါ်တွင် အချိုးအစား မမျှလှသော ရိုက်ခတ်မှုများ သက်ရောက်လျက် ရှိပေသည်။ ကျွန်မ၏ ခရီးစဉ်အပြီး များမကြာမီမှာပင် ကချင်အမျိုးသမီးနှစ်ဦးအား လူမဆန်စွာ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ သည့် သတင်းများကို ကြားလိုက်ရသည့်အခါ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရပြန်ပါသည်။

ကျူးလွန်သူများကို ဥပဒေနှင့်အညီ မလွဲမသွေ စီရင်ဖြစ်စေရေးအတွက် ပွင့်လင်းမြင်သာမှုလည်းရှိ၊ ဘက် လိုက်မှုလည်း ကင်းရှင်းသည့် စုံစမ်းစစ်ဆေးမှုကို အကောင်အထည်ဖော်သွားရန် အစိုးရအား ကျွန်မတိုက် တွန်းအပ်ပါသည်။

ကျွန်မ၏ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လည်းကောင်း၊ နိုင် ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် လည်းကောင်း တန်းတူပြောဆိုခွင့်ရရှိရေးကို တိုက်ပွဲဝင်နေကြသည့် နိုင်ငံတစ်ဝန်းမှ အမျိုးသမီး အခွင့်အရေး အတွက် စည်းရုံးလှုပ်ရှားနေသူများ၊ ငြိမ်းချမ်းရေး လှုပ်ရှားတက်ကြွသူ အမျိုးသမီးငယ်များ အဖွဲ့တစ် ဖွဲ့ တို့နှင့် ဆွေးနွေးခဲ့ပါသည်။

လိင်ပိုင်းဆိုင်ရာ အရလည်းကောင်း၊ ကျား-မကွဲပြားမှု အခြေခံပြီး လည်းကောင်း အကြမ်းဖက်မှုကို ရင်ဆိုင် ခဲ့ကြရသည့် အမျိုးသမီးများ၊ မိန်းကလေးများအတွက် တရားဥပဒေနှင့် အညီ ဆောင်ရွက်ခွင့် ရရှိလာနိုင်ရေး ကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်လျက်ရှိသည့် ဗြိတိန် နိုင်ငံက ဘဏ္ဍာငွေ ထောက်ပံ့ ထားသော ဥပဒေရေးရာ အဖွဲ့ငယ်ထံသို့လည်း ကျွန်မ သွားရောက်နိုင်ခဲ့ပါသည်။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ နှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အမှတ် (၁၃၂၅) အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စပ်လျဉ်းပြီး တပ်မတော်သားများ၊ အစိုးရ အမှုထမ်းများအတွက် ဗြိတိန်ကာ ကွယ်ရေး တက္ကသိုလ်၏ သင်တန်းကိုလည်း ကျွန်မလေ့လာခဲ့ပါသေး သည်။

သာမန် မြန်မာအမျိုးသမီးများ၊ မိန်းကလေးများ၏ ဘဝကို အမှန်တကယ် အကြီးအကျယ် ပြောင်းလဲသွားစေ မည့် ဖမ်းဆုပ်ယူနိုင်သော အခိုက်အတန့်တစ်ခု၊ အခွင့်အလမ်း တစ်ရပ် ရှိနေသည်ဟု ကျွန်မ ရှင်းရှင်းလင်း လင်း သိမြင်နေမိရပါသည်။

ဝန်ကြီးများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ဒေါ်အောင်ဆန်း စုကြည် စသည်တို့နှင့် တွေ့ဆုံခဲ့ရာ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ဖော်ဆောင်ရာတွင် လည်းကောင်း၊ ပဋိပက္ခကိုကာကွယ် ဖြေရှင်း ရာတွင် လည်းကောင်း အမျိုးသမီးများ၊ မိန်းကလေးများကို ပဓာနထားရန်၊ အမျိုးသမီးများ၊ မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပုံစံမှန်သမျှကို အဆုံးသတ် ရန်ဟူသည့် ဗြိတိန်နိုင်ငံ၏ ရည်မှန်းချက်ကို ကျွန်မပြောပြခဲ့ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှု အတွက်လည်းကောင်း၊ အမျိုးသမီးများ၏ တန်းတူရည်တူများအဖြစ် ကာကွယ်စောင့်ရှောက် ဖော်ဆောင် သွားရန်လည်းကောင်း ဆောင်ရွက်လျက်ရှိသည့် တက်ကြွလှုပ်ရှားသူများ ကိုယ်စားလည်း ကျွန်မ အရေးဆို ခဲ့ပါသည်။

မြန်မာနိုင်ငံကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရန် ရည်သန်ထားသည့် လူအများ၏ အင်တိုက် အားတိုက် စိတ်အားထက်သန်မှုကို အစစ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည့်အချက်မှာ မြန် မာနိုင်ငံနှင့် စပ်လျဉ်းပြီး ပျောက်ပျက်သွားနိုင် ကောင်းစရာမရှိသော ကျွန်မ၏ ခံစားချက်အမြင်ပင် ဖြစ်ပါသည်။ ထိုလူအများကသာ အပြောင်းအလဲကို ပေါ်ပေါက်လာစေကြမည်လည်း ဖြစ် ပါတော့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List