Thursday, February 05, 2015

ဒေါက်တာသိန်းလွင်၏ ကျောင်းသားများဘက်မှ ရပ်တည်ချက်အား အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂ဝဝ ကျော်ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခံရ ဖွယ်ရှိသည့် ဒေါက်တာသိန်းလွင် ၏ ကျောင်းသားများဘက်မှ ဆက်လက်ရပ် တည်ချက်အား အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကော်မတီမှ ကြိုဆိုကြောင်း ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အား ဖေဖော် ဝါရီ ၄ ရက်က ထုတ်ပြန်ခြင်းဖြစ်ပြီး ဒုတိ ယအကြိမ် ကျောင်းသား၊ NNER၊ အစိုး ရ၊ လွှတ်တော်ပါဝင်သော လေးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ရပ်ဆိုင်းသွားပြီး နောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အရပ် ဘက်အဖွဲ့အစည်းများ ဖိုရမ်ကော်မတီ ဝင်၊ တြိဂံအမျိုးသမီး ကူညီထောက် ပံ့ ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ''အန်တီတို့ ဆွေးနွေးခြင်းနဲ့ အဖြေရှာတာ ကိုပဲ လိုလားတယ်လေ။ အခု ဆွေးနွေးပွဲ ပျက်သွားတယ်ဆိုတော့ ကျောင်း သားတွေ ရဲ့လုံခြုံရေးကို စိုးရိမ်တယ်''ဟု ပြောသည်။

ဆွေးနွေးပွဲများ ပြုလုပ်နေလျှင် ကျောင်းသားများသည် အစိုးရနှင့် တိုက် ရိုက်ဆက်ဆံနေရသည့်အ တွက် ကျောင်းသားများတွင် လုံခြုံမှုရှိပြီး ယခုဆက်လက် သပိတ်မှောက်နေသည့်အတွက် ကျောင်း သားများ၏ လုံခြုံရေးအား စိုးရိမ်မိကြောင်း ဒေါ်ခင်လေးက ဆိုသည်။

လတ်တလော အရေးကြီးသည့် အ ခြေအနေတစ်ရပ်ဖြစ်သော ပညာရေး ဥပ ဒေ ပြင်ဆင်ရေးကိစ္စ၊ ကျောင်း သား၊ အ စိုးရ၊ လွှတ်တော်နှင့် NNER ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြန်လည်စတင် ရန်နှင့် သပိတ်ကာလ ဆက် လက်တည်ရှိလျက်ရှိသော ကျောင်းသား/ သူများအား အစိုးရမှ နည်းမျိုး စုံဖြင့် နှောင့် ယှက်ဖိအားပေးခြင်း၊ အကြမ်းဖက် ဖြိုခွင်း ခြင်းများလုံးဝ(လုံးဝ) မပြုလုပ်ရန် အလေး အနက် တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲအား ရက်အတိအကျ သတ်မှတ်မှုမရှိဘဲ ရွှေ့ဆိုင်းခြင်း၊ သပိတ် လမ်းကြောင်းတွင် ကျောင်းသား များကို လုံခြုံရေးအရ ခြိမ်းခြောက်ခြင်းတို့ကြောင့် ပညာရေးဥပဒေ ညှိနှိုင်းအဖြေရှာရန် မသေချာသည့် အတွက် CSO များအ နေဖြင့် စိုးရိမ်မိကြောင်း ဖော်ပြထား သည်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပြည့်ဖြိုးကျော် က ''အစိုးရက ကျွန်တော်တို့ကို နည်းအ မျိုးမျိုးသုံးပြီး ဆွေးနွေးပွဲပျက်အောင်လုပ် တာပါ။ ဒါကြောင့် သပိတ်လမ်းကြောင်း ကိုဆက်သွား မယ်''ဟု ပြောသည်။

ဒေါက်တာသိန်းလွင်သည် ပါတီ ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပါလျက် တခြားသော အဖွဲ့အစည်းများ အတွင် ဦးဆောင်ပါဝင်နေခြင်းကြောင့် ပါတီ ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှထုတ်ပြန်ခဲ့သည်။

ထို့ နောက် နေပြည်တော်ရှိ သတင်းသမား များနှင့်တွေ့ဆုံစဉ် ဒေါက်တာ သိန်းလွင် အား ဗဟိုကော်မတီ ဝင်အဖြစ်မှ ထုတ် ပယ်လိုက်ပြီဖြစ်ကြောင်း ပါတီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ သည်ဟု သတင်းများကဆို သည်။

ဒေါက်တာသိန်းလွင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန် ရက်၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ် သည်။ ဒေါက်တာသိန်းလွင်၏ ကျောင်းသား များဘက်မှ ရပ်တည်ချက်ကို ထောက်ခံ သော အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကော်မတီ တွင် အရပ်ဘက်အဖွဲ့အ စည်းပေါင်း ၂ဝဝကျော်ပါဝင်ကြောင်း သိရသည်။

#TheYangonTimes

No comments:

Post a Comment

My Blog List