Tuesday, February 03, 2015

Cobra Gold စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခုတွင် တရုတ်ပထမဆုံး ပါဝင်မည်


အမေရိကန်တပ်မတော် က ဦးဆောင်၍နိုင်ငံပေါင်းစုံပူးတွဲ စစ်ရေးလေ့ကျင့်သော Cobra Gold ဟု လူသိများ သည့် ရွှေမြွေ ဟောက်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုတွင် တရုတ်နိုင်ငံတပ်မ တော်က ပထမဆုံးအကြိမ် ပူးပေါင်း လေ့ကျင့်မည်ဖြစ်ကြောင်းထိုင်း ဘုရင့်တပ်မတော်မှအရာရှိတစ်ဦးကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြ သည်။
တရုတ်နိုင်ငံတပ်မတော်အ နေဖြင့် လူသားချင်းစာနာထောက်ထားမှု အထောက်အကူပေးရေး လေ့ကျင့် ခန်းတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၌ ရေးသားဖော်ပြသည်။

‘‘ကောင်းတာပေါ့။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ တစ်ခုခုဖြစ်တိုင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံကူညီနိုင် တာပေါ့။ နာဂစ်လိုမျိုးဖြစ်လာရင် ပြင်ဆင်မှု လည်းရှိတယ်၊ ယုံကြည်မှုလည်းရှိတယ်ဆိုရင် ပူးပေါင်းဆောင် ရွက်မှု ကောင်း တာပေါ့’’ဟု စစ်ရေးနိုင်ငံရေးလေ့လာသူကိုမင်းဝင်းကသုံးသပ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် ပြီးခဲ့သည့်ရွှေမြွေဟောက်စစ်ဆင် ရေးတွင် လူသားချင်းစာနာမှုအ ထောက် အကူပေးရေးနှင့် သဘာ ၀ဘေးအန္တရာယ် ကာကွယ်ရေး လေ့ကျင့်ခန်းများ၌ လေ့လာသူ အဖြစ်ပါဝင်ခဲ့ပြီး ဂျပန်နှင့် ကိုရီး  ယားတပ်မတော်တို့က လူသား ချင်းစာနာသည့်လေ့ကျင့်ခန်းများ တွင် ပါဝင်လေ့ကျင့်ခဲ့သည်။

Cobra Gold စစ်ဆင်ရေးခေါ် ရွှေမြွေဟောက်စစ်ဆင်ရေးအား အမေရိကန်တပ်မတော်၊ ထိုင်း တပ်မတော်နှင့် အခြားသောမဟာ မိတ်နိုင်ငံများမှ တပ်မတော်များ က မြန်မာ၊ထိုင်းနှင့် လာအိုနိုင်ငံတို့ကြားရှိ ရွှေတြိဂံဒေသ တွင်ပြု လုပ်လေ့ရှိပြီး နိုင်ငံပေါင်း ၂၄နိုင်ငံ မှ တပ်သား ၁၃,၀၀၀ပါဝင်သည်။


7Day News Journal

No comments:

Post a Comment

My Blog List