Tuesday, February 03, 2015

အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ အတွက် အစိုးရပိုင်မြေနေရာများ ဖော်ထုတ်ပြီး မြို့ကွက်သစ်များ တိုးချဲ့ဆောင်ရွက်လျက်ရှိဟုဆို


အခြေခံလူတန်းစားနှင့် လူလတ်တန်းစား ဝင်ငွေအသင့်အတင့်ရှိသူများအတွက် ရည်ရွယ်ပြီး အစိုးရ ပိုင်မြေနေရာများဖော် ထုတ်ပြီး မြို့ကွက်သစ်များတိုးချဲ့ဖော် ထုတ်ခြင်း စီမံကိန်းကိုရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးတင့် မှ ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သောပြည်သူ့လွှတ် တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေးဒသမနေ့တွင် ရွှေပြည်သာ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးတင် မောင်ဦးက နှစ်ပေါင်း(၂၅)နှစ်ကျော် ကြာမြင့်ခဲ့သည့် မြို့သစ်များတွင် ကွန်ကရစ်လမ်းခင်းပေးရန်နှင့် အခြေ ခံလူတန်းစားနှင့် အလတ်တန်းစားများ အတွက် မြို့သစ်များဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးမြန်း မှုအပေါ် ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

အိမ်ငှားရမ်းနေထိုင်ရသော ပြည်သူများ၊ ကျူးကျော်တဲအိမ်ဖြင့်နေထိုင် ရသောအခြေခံလူတန်းစားနှင့် လူလတ် တန်းစား ဝင်ငွေအသင့်အတင့်ရှိသူ များ နေထိုင်မှုအဆင်ပြေစေရန်ရည်ရွယ်၍ အစိုးရပိုင်မြေနေရာများ ရှာဖွေပြီး မြို့ကွက်သစ်များတိုးချဲ့ဖော်ထုတ်ခြင်း စီမံကိန်းကို National Housing Policy နှင့် Urban Development Policy ရေးဆွဲဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်အစိုးရများနှင့် ညှိနှိုင်းပြီး ပြည်ထာင် စုအစိုးရအနေနှင့် အိမ်ခန်းများ ဖော်ထုတ်လျက်ရှိရာဖော်ထုတ်ခဲ့ပြီးသော အိမ်ခန်းအရေ အတွက်၂၀၆၄၂ ခန်းနှင့် ဆက်လက်ဖော်ထုတ်မည့် အိမ်ခန်းအရေအတွက် ၃၈၀၄၁ ခန်း၊ စုစုပေါင်း ၅၈၆၈၃ ခန်းဆောင် ရွက်ထားရှိကြောင်း ဒုတိယဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးဒုတိယဝန်ကြီးက မြို့သစ်စီမံကိန်းများနှင့်ပတ်သက်ပြီး မြို့သစ်စီမံကိန်းများ ဆောင်ရွက်နိုင် ရန် ပြည်သူကိုဗဟိုပြုသောနည်းစနစ် အရ ပြည်သူကိုယ်စားပြုသောရပ်ကွက်၊ မြို့နယ်အဆင့်ဖွံ့ဖြိုးရေး အထောက် အကူပြုကော်မတီများနှင့် စတင်ညှိနှိုင်းဆွေးနွေးသဘောတူညီ ချက်ရယူပြီး လွှတ်တော်ကိုယ် စားလှယ်၊ မြေယာကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် မူဝါဒများချမှတ်ထား ပြီးဖြစ်ပါတယ်ဟု ပြောကြား ခဲ့သည်။

ယင်းအပြင် ၂၅ နှစ်ကျော်ကြာ မြင့်ခဲ့သည့် ရွှေပြည်သာမြို့သစ်ကဲ့သို့ မြို့သစ်များတွင် မြို့တွင်းလူသွားလမ်း များ ကွန်ကရစ်မခင်းနိုင်ခြင်းနှင့်ပတ် သက်ပြီး ဒုတိယဝန်ကြီးမှ ရန်ကုန် တိုင်းဒေသကြီးတွင် ရွှေပြည်သာမြို့ သစ်အပါအဝင် နှစ်ပေါင်းကြာမြင့် လာပြီဖြစ်သော မြို့သစ်များတွင် မြို့တွင်းလူသွားလမ်းများကို မူလဂဝံ လမ်း အဆင့်မှ ကွန်ကရစ်ခင်းလမ်းအ ဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ၏ ခွင့်ပြုငွေဖြင့်လည်းကောင်း၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ရာစီမံကိန်းများနှင့်ဆက်စပ်၍လည်းကောင်း၊ ရပ်ကွက်နေပြည်သူ များထည့်ဝင်ငွေဖြင့် လည်းကောင်း၊ ဆောင်ရွက်လျက် ရှိပြီး ရွှေပြည်သာမြို့ နယ်အတွင်း ၂၀၁၁-၂၀၁၂ဘဏ္ဍာ နှစ်မှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အထိ စုစုပေါင်းရပ်ကွက်အတွင်း လမ်းပေါင်း ၁၅၀ အား ဆောင် ရွက်ပေးခဲ့ပြီး ဖြစ် ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင်လည်း ရပ်ကွက်အတွင်းလမ်း ၈၂ လမ်းအား ကွန်ကရစ်လမ်းဆောင် ရွက်ပေးရန် လျာထားပြီးဖြစ်ပါကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။

MP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List