ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်၊စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေး ပွဲမှာ အစိုးရ ၊ လွှတ်တော် က ကိုယ်စားလှယ်များနဲ့ အတူ NNER မှ ၁၅ ဦး၊ ကျောင်းသားများမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ကြဖို့ သဘောတူ ညီခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ တဲ့ လေးပွင့်ဆိုင် ဆွေးနွေး ပွဲမှာတော့ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ရေး ကိစ္စနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲ မှုတွေ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်အစည်းအဝေးမှာ သဘောတူထားတဲ့ ၁၅ ဦး သတ်မှတ်ချက်၊ ၀န်ကြီးဌာန မှာရှိတဲ့ အစည်းအဝေး ခန်းမပြင်ဆင်ထားမှုအနေအထားနဲ့ နေရာပေးနိုင်မှု အခြေအနေအရ ပညာရေးဝန်ကြီးဌာနက နောက်ထပ် ကိုယ်စားလှယ် ၅ ဦး ထပ်တိုးပေးပြီး ကျောင်းသားအစုအဖွဲ့က ၂၀ ဦး တက်ရောက်ဖို့ ညှိနှိုင်းခဲ့ရာမှာ ဆက်လက်ပြီးတော့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီအချိန်မှာ သတင်းရယူမယ့် မီဒီယာအသီးသီးက သတင်းထောက်တွေ ခန်းမ အတွင်း ရောက်ရှိနေကြပါပြီ။ (မီဒီယာတွေ ၀င်ခွင့်မရဘူး ဆိုတာ မဟုတ်ပါ ဘူး။) ကျောင်းသားများကတော့ အပြင်ဘက်မှ အချင်း ချင်း ဆွေးနွေးပြီး အားလုံး ၀င်ခွင့်ရမှ တက်မယ်ဆိုတဲ့သဘောမျိုး ဖြစ်ခဲ့ပါတယ်။ ပြောရရင်တော့ ဆွေးနွေး ပွဲမှာ ဘယ်သူတွေ အရေအတွက် ဘယ်လောက် တက်ရောက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်ဆွေးနွေး ပွဲမှာ ၁၅ဦးစီ ပြောထားခဲ့တာကို ပြင်ဆင်တောင်း ဆို လာတဲ့အတွက် ဆွေးနွေးပွဲ မစနိုင်ဘဲ ကြန့်ကြာနေခဲ့ ရတာပဲ ဖြစ်ပါတယ်။
အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများက နံနက် ၉ နာရီမှ ၁၂ နာရီအထိစိတ် ရှည်သည်းခံစွာ စောင့်ဆိုင်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကျင်းပမယ့် ပုံသဏ္ဍာန်၊ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေ တာကြောင့် ဆွေးနွေး ပွဲပုံသဏ္ဍန်တွေကို အကြေအလည် ညှိနှိုင်းဆွေးနွေး ဖို့လိုတယ်၊ လက်ရှိကာလမှာ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်ဖို့ ရှိနေတယ်၊
ဒါကြောင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက် ပိုင်းမှာ ပြန်လည်ကျင်းပဖို့ အစိုးရက ကြေညာခဲ့ပါတယ်။
လွှတ်တော်တာဝန်ရှိသူများက ပိုမိုပြည့်စုံအောင် အချိန်ယူဆောင်ရွက်ရန် ရွှေ့ ဆိုင်းလိုတဲ့ နိုင်ငံတော် သမ္မတကြီး ရဲ့ ဆန္ဒအတိုင်း ဆက်လက်ပါဝင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
NNER ကိုယ်စားလှယ်များက ကျောင်းသားများရဲ့ ဆန္ဒသဘောထားအတိုင်း ဆက်လက် ဆောင်ရွက် မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကျောင်းသားကိုယ်စားလှယ်များရဲ့ သဘောထားကို မေးမြန်းရာမှာ ကျောင်းသား များအနေနဲ့ လေးပွင့် ဆိုင်ဆွေးနွေး ပွဲကို ဆက်လက်ဆွေးနွေးသွား မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
NNER အနေနဲ့ NLD ပါတီရဲ့ ယမန်နေ့ကြေညာချက်အရ ဦးဆောင်မှု တိတိကျကျ ဖြစ်စေလိုကြောင်း၊ ဆန္ဒပြနေတဲ့ ကျောင်းသားတွေက ယနေ့တက်ရောက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်များဟာ သူတို့ အားလုံးကို ကိုယ်စားပြုခြင်း မရှိဘူး ဆိုပြီး ပြောကြားနေတာတွေ ကြားသိနေရတဲ့အတွက် ကိုယ်စားပြုမှု ရှင်းရှင်းလင်းလင်း ဖြစ်စေရန် အစိုးရက တောင်းဆိုခဲ့ပါတယ်။
ဒီအခါမှာ သူတို့အနေနဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုခြင်း မရှိတဲ့အကြောင်း ကျောင်းသားကိုယ်စား လှယ်များက ရှင်းလင်းခဲ့ပါတယ်။
အစိုးရက ယခု ဆွေးနွေးမှုများမှာ ဆန္ဒပြနေသည့် ကျောင်းသားများ၏ တောင်းဆို ချက်များကို ဖြည့်ဆည်းပေး ရန် ဖြစ်တဲ့အတွက် ဆန္ဒပြနေတဲ့ ကျောင်းသားများကို ကိုယ်စားပြုနိုင်သူများ ဖြစ်ဖို့ လိုအပ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဒီနေ့ ရှင်းလင်းမှုဟာ အစိုးရအနေနဲ့ လေးပွင့်ဆိုင် တွ့ဆုံဆွေးနွေးရေး ငြင်း ပယ်ခြင်းမဟုတ်၊ အခြေအနေ အရ ရွှေ့ဆိုင်းခြင်းသာ ဖြစ်ကြောင်း ပြော ကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါတယ်။
Hmuu Zaw

No comments:
Post a Comment