Friday, February 06, 2015

အာဖရိက ၃ နိုင်ငံတွင် အီဘိုလာကူးစက်မှု ပြန်မြင့်





ပြီးခဲ့တဲ့နှစ်အတွင်း အီဘိုလာရောဂါအဆိုးဆုံးဖြစ်ပွားခဲ့တဲ့ အနောက် အာဖရိကနိုင်ငံ ၃ နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အီဘိုလာရောဂါ ကူးစက်နှုန်း ပြန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေ ညာပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကနေစပြီး ရောဂါကူးစက်နှုန်း အနည်းဆုံးကို ကျဆင်းလာ တာကနေ ဇန်န၀ါရီလနောက် ဆုံးပတ်က အခုနှစ်အတွင်း ပထမဆုံး ပြန်မြင့်တက် လာတာလို့ ပြောပါတယ်။

၁ ပတ်အတွင်း ကူးစက်မှု ၁၂၄ မှု ရှိခဲ့ရာမှာ ဆီယာလီယွန်နိုင်ငံက ကူးစက်နှုန်း ၈၀ နဲ့ အများဆုံး၊ ဂီနီနိုင်ငံက ၃၉ မှုနဲ့ လိုင်ဘေးရီးယားနိုင်ငံကတော့ ၅ မှုနဲ့ ဆက်ရှိခဲ့တာပါ။

ဒေသခံရောဂါကာကွယ်တားဆီးရေးဆေးဝန်ထမ်းတွေရဲ့ စိုးရိမ်ကြောက်လန့် မှုတွေနဲ့ ဒေသခံတချို့က ရော ဂါနဲ့ သေဆုံးသူတွေကို မြှုပ်နှံမှုဟာ စနစ်တကျ မရှိခဲ့တာကြောင့် အခုလို ကူးစက်နှုန်း ပြန်မြင့်လာတာလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲက ပြောပါတယ်။

အခုတော့ အဲဒီနေရာတွေမှာ အရေးပေါ်ရောဂါကုသရေးဆေးတပ်ဖွဲ့တွေကို အရေးပေါ် စေလွှတ်နေရာချ ထားလိုက်ပြီလို့လည်း ပြောဆိုပါတယ်။

လာမယ့် ဧပြီနဲ့ မေလဟာ အနောက်အာဖရိကမှာ မိုးရာသီဖြစ်တာကြောင့် မိုးမ၀င်ခင် ရောဂါကာကွယ် ကုသရေးလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားဖို့ကိုလည်း WHO အဖွဲ့ကြီးက သတိပေးတိုက်တွန်းထား ပါတယ်။

DVB

No comments:

Post a Comment

My Blog List