Wednesday, February 04, 2015

ထားဝယ်စီမံကိန်း အမြန်ဆုံးစတင်ဖို့ လူတစ်ထောင်ကျော် တောင်းဆို ဆန္ဒပြ


ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေး ဇုန်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ထားဝယ် မြို့ခံ တစ်ထောင်ကျော်က ဆိပ်ကမ်းစီမံကိန်း အကောင် အထည်ဖော်နေတဲ့ နဘုလယ်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
အဲဒီ့ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် အလုပ် အကိုင် အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်တာကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ထိန်ကြီးကျေး ရွာက ဒေသခံ ဦးအောင်မိုး က ပြောပါတယ်။

"လယ်ယာကိုင်းကွန်းအပေါ်မှာ မှီခိုတဲ့အနေအထားက သူရင်းငှားခတို့ မြေသြဇာတို့ စက်ကိရိယာတို့ မလောက်ငှတဲ့အခါကျတော့ လယ်မြေတွေက မစိုက်ပျိုးဘဲ ပစ်ထားတဲ့အခါကျတော့ အလုပ်အကိုင် အခွင့်အလမ်းက နည်းတယ်ပေါ့၊ ဒီစီမံကိန်း ဖြစ်လာ မယ်ဆိုရင်တော့ ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်ပေါ့"

ဆန္ဒပြပွဲမှာ ထိန်ကြီး၊ ငပိတက်၊ မောင်းချောင်း၊ ၀က်ချောင်း စတဲ့ ကျေးရွာ ၁၆ရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပါ တယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်း အကောင်အထည်ဖော်တာဖြစ်ပြီး ဂျပန်နိုင်ငံက ကူညီထောက်ပံ့မယ်လို့ ကမ်းလှမ်းထားပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေမှာ ၁ဝ မိုင် ပတ်လည် စက်မှုဇုန်တစ်ခု၊ ထားဝယ်စီမံကိန်းနဲ့ ထိုင်းနိုင်ငံကြား နှစ်လမ်း သွားလမ်းမ၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ် ဓါတ်အားပေးစက်ရုံ၊ အသေးစားဆိပ်ခံတစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List