Wednesday, February 04, 2015

လက်ရှိ နိုင်ငံရေး အခြေအနေ အရ ဖြစ်ချင် တာထက် ဖြစ်နိုင် တာကို ဦးစားပေးရန် လိုအပ် နေကြောင်း ဦးရဲထွဋ် ဆို


လက်ရှိ နိုင်ငံရေး အခြေအနေအရ ဖြစ်ချင်တာထက် ဖြစ်နိုင်တာကို ဦးစားပေးရန် လိုအပ် နေကြောင်း နိုင် ငံတော်သမ္မတ ပြောခွင့်ရ ပုဂိ္ဂုလ် ဦးရဲထွဋ် က  The Messenger Media  သို့ ပြောသည်။ အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးက အင်မတန်မှ သိမ်မွေ့  နူးညံနေတဲ့ အဆင့်ကို ရောက်နေပြီ။ အဲဒီတော့ အားလုံးက သတိကြီးကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်ဖို့ လိုတယ်။ ဖြစ်ချင် တာထက် ဖြစ်နိုင်တာကို ဦးစားပေးပြီး အဖြေရှာဖို့ လိုတယ် လို့ပဲ ပြောချင်တယ်။ 


ကျွန်တော် မပြောပါဘူး၊ ဘယ်သူ ဘယ်ဝါ လို့လည်း မပြော လိုဘူး ဟု ဦးရဲထွဋ်က ပြောသည်။ အစိုးရ အဖွဲ့ နှင့်သမ္မတကြီး အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ထာဝရ ငြိမ်းချမ်းရေး ရရန်၊ ဖွံ့ ဖြိုးမှု အနိမ့်ကျဆုံး အဆင့်မှ ရုန်းထွက် နိုင်ရန်၊မြန်မာနိုင်ငံ၏ GDP ကို အလယ်အလတ် ရှိရန် ရည်မှန်း၍ မူဘောင်များဖြင့် အကောင် အထည် ဖော်ရန် ကြိုးစား နေကြောင်း၊ နောင်အခါ မည်သူ တာဝန်ယူယူ ယင်းမူဘောင်များဖြင့် ဆက် သွား နိုင်ရန်လည်း မျှော်လင့် ထားကြောင်း ဦးရဲထွဋ်က ဆိုသည်။

လက်ရှိ မြန်မာ့ နိုင်ငံရေးတွင် အမျိုးသားပညာရေး ဥပဒေအတွက် ကျောင်းသား များ ဆန္ဒ ထုတ်ဖော်မှု၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြန့်ကြာမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အကျိုးရလဒ် နည်းပါးမှု တို့သည် စိန်ခေါ်မှုများ အဖြစ် တည်ရှိ နေကြောင်း နိုင်ငံရေး သမားများက သုံးသပ်သည်။

တိုင်းပြည်၏ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်ရန် အတွက် တည်ငြိမ် အေးချမ်းမှုနှင့် တရား ဥပဒေ စိုးမိုးမှုမှာ မဖြစ်မနေ လိုအပ်သည့် အတွက် တည်ငြိမ် အေးချမ်းရေး ရရှိရန် အစိုးရနှင့် လက်တွဲ ဆောင်ရွက်ကြရန် နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီလ (၂၇) ရက်နေ့ ကျောက်ဆည်မြို့ ခရီးစဉ်တွင် ပြောကြား ခဲ့သည်။

နိုင်ငံတော်သမ္မတ၊ သူရ ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည် တို့မှာ သူရ ဦးရွှေမန်းက သူ့ပါတီသူ ကိုယ်စား ပြုတယ်။ ဒေါ်အောင် ဆန်းစုကြည်လည်း သူ့ ပါတီသူ ကိုယ်စားပြုတယ်။ အဲဒါမှာ ကျန် တဲ့ ပါတီတွေ ကကော ဘယ်လောက်များ ကမောက်ကမ လုပ်နေလို့လဲ။ အခြေအနေကို ကြည့်ရမယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ တည်တည် ငြိမ်ငြိမ် ဖြစ်စေချင်တဲ့ သူတွေချည်း ပဲလို့ မြင်ပါတယ်။ နိုင်ငံရေး ကတော့ အခုအခြေ အနေဟာ အကဲဆတ်တာ အမှန်ပဲဗျာ ဟု မြန်မာ့ နိုင်ငံရေး လေ့လာသူ သုတေသီ ဦးဝင်းမြင့်က The Messenger Media  ကို ပြောသည်။

ပြည်သူများ ညီညွတ်မှု မရှိပါက တိုင်းပြည်သည် မအေးချမ်းသည့် အတွက် မတိုးတက် နိုင်ကြောင်း၊ ပြည်သူ ကို တန်ဖိုးမထားသည့် နိုင်ငံသည် မည်သို့မျှ တိုးတက်မည် မဟုတ်ကြောင်း၊ ယင်းကို နိုင်ငံတော် အစိုးရ ပုဂိ္ဂုလ်များ အနေဖြင့် နားလည်ရန်  လိုအပ်ကြောင်း ဇန်န၀ါရီလ (၃၁) ရက်နေ့ ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အကြို အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Messenger News Journal

No comments:

Post a Comment

My Blog List