Tuesday, February 03, 2015

ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တု နတ်မောက်မြို့သို့ ပို့ဆောင်မည်

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ ဆီလီကွန် ရုပ်တုကို ရန်ကုန်မြို့တော်မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့သို့ သယ်ဆောင်မည် ဖြစ်ရာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နတ်မောက် မြို့ သို့ ရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါရုပ်တုကို လာရောက်သယ်ဆောင်သော နတ်မောက်မြို့နယ် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းရွှေက  ပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်ပုံတူ ရုပ်တုကို ထုလုပ်လျက်ရှိသော ရန်ကုန်မြို့တော်မှ ဖေဖော် ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်း တွင် စတင်သယ်ဆောင်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ် ဇာတိဖြစ်သော နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်တွင် ထားရှိမည်ဖြစ်ကာ ယင်းရုပ်တုကို ကျပ်သိန်းသုံးဆယ် အကုန်အကျခံ ထုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အဆိုပါရုပ်တုကို မြန်မာဆီလီကွန်ပညာရှင် ဦးအောင်ကျော်ထွန်းက အချိန်တစ်လယူကာထု လုပ်ပေးခြင်း ဖြစ်ပြီး အသက် ၂၇ နှစ်နှင့် ၃၀ ကြားအရွယ် ဗိုလ်ချုပ် စာဖတ်နေသည့်ပုံကို ဆီလီကွန်ဖြင့် ပေါင်းစပ်ကာ ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပညာရှင် ဦးအောင်ကျော်ထွန်းက The Voice သို့ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List