Thursday, February 05, 2015

ပုဂ္ဂလိကသတင်းစာများ လုံးပါးပါးတော့မလား


ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ရပြီး ၂ နှစ်ပြည့်ခါ နီးချိန်၊ မြန်မာနိုင်ငံရေးအတွက် အရေးပါ သည့် ရွေး ကောက်ပွဲကြီးကျင်းပရန် နီးကပ် လာချိန်တွင် သတင်းစာပြေးလမ်း ပေါ်၌ ပုဂ္ဂလိက သတင်းစာများ လက်ဆယ်ချောင်း ပြည့်အောင်ပင် မကျန်တော့ပါ။
သတင်းအချက်အလက်ရ ယူခွင့်ခက်ခဲခြင်း၊ သတင်းစာတစ် စောင်ပုံနှိပ် ထုတ်ဝေရန် အရင်းအ နှီးကြီး လွန်းခြင်း၊ ပြန်လည်ရရှိ မည့်အကျိုးအမြတ်ကို မမျှော်ကိုး  နိုင်ခြင်း၊ ဈေးနှုန်းနှင့် နယ်ဈေး ကွက်ဖြန့်ချိမှုတွင် အစိုးရသတင်း စာများကို မယှဉ်ပြိုင်နိုင်ခြင်း၊ သတင်းစာတစ်စောင်ထုတ်ရန် ပုံနှိပ်စက်အပါအ၀င် အခြေခံ အဆောက်အအုံအင်အား မတည် နိုင်မှုအားနည်းခြင်းစသည့် အခက်အခဲပေါင်းများစွာက ပုဂ္ဂလိက သတင်းစာ ထုတ်ဝေသူအများစု ကြာရှည်တောင့်မခံနိုင်သည့် အရှုံးများဖြစ်ခဲ့ရသည်။

၂၀၁၃ ဧပြီ ၁ ရက်တွင် TheVoice Daily၊ ရွှေနိုင်ငံ၊ စံတော်ချိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ထုတ်ဝေသောThe Union Daily သတင်းစာတို့ စတင်ထွက်ရှိလာသည်။ ထို့ နောက် 7 Day Daily၊ Daily Eleven၊ The Messenger Daily၊အင်ပါယာ နေ့စဉ်၊ The YangonTime၊ Myanma Freedom Daily၊ ပြည်မြန်မာ၊ မဇ္ဈိမနေ့စဉ်စသဖြင့် ပုဂ္ဂလိကနေ့စဉ်သတင်းစာ များ ဝေေ၀ဆာဆာထွက်ရှိ လာခဲ့ သည်။ နောက်ပိုင်းတွင် Yangon Time က ဒီမိုကရေစီ တူဒေးအမည်ဖြင့် ပြောင်းလဲထုတ်ဝေခဲ့ပြီး သတင်း စာဈေးကွက်တွင် ကျပ်တစ်ရာဖြင့် ရောင်းချခဲ့ရာ အချိန်နည်းငယ်အတွင်း ဈေးကွက်ဝေစု အများစုကို ရယူသွားခဲ့သည်။

သတင်းစာများထုတ်ဝေခွင့် ရရှိပြီး တစ်နှစ်မပြည့်မီမှာပင်  ရပ်နားသွားသော သတင်းစာများစွာရှိခဲ့ပြီး ယခုအခါ သတင်းစာပြေး လမ်းပေါ်တွင် ပုဂ္ဂလိက သတင်းစာစစ်စစ်ဟူ၍ ခြောက်စောင်ခန့် သာရှိတော့ သည်။

‘‘အစိုးရက ပုဂ္ဂလိကသတင်း စာတွေ ရှင်သန်အောင် မလုပ်ပေး တဲ့အပြင် ရည်ရွယ်ချက်ရှိရှိ သေ အောင် သတ်နေသလိုဖြစ်နေ တယ်။ နိုင်ငံတကာမှာတော့ ပုဂ္ဂ လိကသတင်းစာတွေ၊မီဒီယာတွေ ရှင်သန်ရေးက ဒီမိုကရေစီရှင်သန် ရေးနဲ့ အချိုးကျတယ်။ တချို့ဆို ရပ်မှာစိုးလို့ ထောက်ပံ့တာတွေရှိ တယ်။ ဒီမှာက ဥပဒေအရလည်း   လွတ်လပ်ပြီး တရားမျှတတဲ့ ယှဉ် ပြိုင်ခွင့်ဥပဒေမရှိဘူး။ ဥပမာ အနိမ့်ဆုံးနှုန်းထား ဘယ်လောက် ထိ လျှော့မရောင်းရဘူးဆိုတာ မရှိဘူး။ ဒီတော့ပြိုင်ဘက်ကို သတ် နိုင်တာပေါ့။ သေချာတာက ဒီမို ကရေစီတူဒေးလို ဘယ်သူကမှ ၅၀ နဲ့ မရောင်းနိုင်ဘူး’’ဟု မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီယာယီ အတွင်းရေးမှူး The Voice သတင်းစာအယ်ဒီတာချုပ် ဦး ကျော်မင်းဆွေကပြောသည်။

ထို့အပြင်ပြန်ကြားရေးဝန် ကြီးဌာနက ကြော်ငြာခနှုန်းထား များကို နှစ်ကြိမ်လျှော့ချပေးလိုက် ခြင်းကလည်း ပုဂ္ဂလိကသတင်းစာ များအင်အားချည့်နဲ့သွားစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်စေခဲ့ သည်။

ထို့အပြင်ယနေ့ထွက်ရှိနေ သည့် သတင်းစာအများစုမှာ ပုဂ္ဂ လိကပိုင်ဖြစ်သော်လည်း အချို့ သတင်းစာတို့ကို အာဏာပိုင်တို့ က ကျောထောက်နောက်ခံပြုပေး ထားပြီး အစိုးရနှင့် နီးစပ်သည့် သတင်းများရရှိမှု၊ သတင်း တင်ဆက်မှုတွင် အခြားသော ပုဂ္ဂလိကသတင်းစာများနှင့် တင်ဆက်ပုံ ကွာခြားမှုတို့က ထိုသတင်းစာ ၏ နောက်ကွယ်မှ အယူအဆနှင့် အဖွဲ့အစည်း၊ ရပ်တည်ချက်တို့ ကို ခန့်မှန်းနိုင်ကြောင်း အယ်ဒီတာ တစ်ဦးကပြောသည်။

‘‘အခုမြန်မာနိုင်ငံအခြေအ နေအရ ရွေးကောက်ပွဲမပြောနဲ့။ အခုလေးငါးလအတွင်းမှာကို မီဒီ ယာတွေရဲ့ ရည်တည်ချက်တော် တော်အရေးကြီးလာတာတွေ့ရ တယ်။ နဂိုရှိရင်းစွဲသတင်းမီဒီယာ ချစ်မြတ်နိုးစိတ်နဲ့ လုပ်နေတဲ့ လူ တွေနေရာမှာ ငွေရှင်ကြေးရှင်တွေ ၀င်လုပ်တဲ့အခါ သူတို့ရဲ့ သတင်း ထုတ်လုပ်မှုတွေနဲ့ တင်ဆက်မှု တွေမှာ အကျိုးမျှော်ညောင်ရေ လောင်းကိစ္စတွေ၊ ၀ါဒဖြန့်ဆိုတဲ့ ကိစ္စတွေပါလာမှာပဲ။ လွတ်လပ် တဲ့ မီဒီယာတွေ ရပ်တည်ရခက် လာတာ။ ပြည်သူတွေအတွက် နစ်နာမှုဖြစ်သလို နိုင်ငံရေး အကျပ်အတည်း နဲ့ ရွေးကောက်ပွဲ ကာလကို အဲဒီဝါဒဖြန့်မီဒီယာတွေ ကြောင့် တော်တော်ရင်လေးစရာ ကိစ္စတွေ ဖြစ်လာလိမ့် မယ်’’ဟု ဖလားဝါးနယူးစ်ဂျာနယ်တာဝန်ခံ အယ်ဒီတာ ကိုစိုင်းအောင်လွင် ကပြောသည်။

အစိုးရက ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုသည်ဆိုသော်လည်း မျှတ သည့် ဈေးကွက်ယှဉ် ပြိုင်မှုမရှိခြင်း၊ လမ်းပန်းဆက် သွယ်ရေးအပါအ၀င် သတင်းစာ လုပ်ငန်းလွယ် ကူချောမွေ့ရေး အတွက် Logistic ကဏ္ဍကို စီမံ ပေးမှုအားနည်းခြင်း၊ အစိုးရ သတင်းစာများ၏ ကြော်ငြာ မူဝါဒ နှင့် ဈေးနှုန်းတို့ကို အမီမလိုက် နိုင်ခြင်းတို့က ပုဂ္ဂလိကသတင်း မီဒီယာများ အဓိကရင်ဆိုင်နေရ သည့် အခက်အခဲများဖြစ်သည်။

‘‘၂၀၁၀ တုန်းက မီဒီယာ အခန်းကဏ္ဍရှိခဲ့ပေမယ့် ကန့် သတ်မှုတွေများခဲ့ပါတယ်။ ဒါ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ဟာ ထင်ရာစိုင်းပြင်ဆင်ရာ ဖြစ်ခဲ့ တာပဲလေ။ မီဒီယာဖွံ့ဖြိုးမှုအား နည်းနေသေးတဲ့ ဒီနိုင်ငံမှာ မရှိမဲ့ ရှိမဲ့နဲ့ ထုတ်နေကြတဲ့ သတင်းစာ တွေရပ်ဆိုင်းတာ၊ သတင်း ထောက်တွေ သတင်းလောက ကို စွန့်ခွာတာဟာ ရွေးကောက်ပွဲ အတွက် ပြည်သူကို ပညာပေးဖို့၊ သတင်းအချက်အလက်ပေးဖို့ ပို အားနည်းစေမှာ အမှန်ပဲ။ ကျွန် တော်ကတော့ ဒါတွေရဲ့ အဓိက တရားခံလက်သည်က လက်ရှိ အစိုးရနဲ့ အရင်စစ်အာဏာရှင် အစိုးရကြောင့်လို့ပဲ မြင်ပါတယ်။ စစ်အစိုးရက မီဒီယာလွတ်လပ် ခွင့်လုံးဝ လုံးဝအား မပေးသလို အခုအစိုးရကလည်း အားပေးမှု နည်းပါတယ်’’ဟု မန္တလေးမြို့ခံ ဂျာနယ်လစ်ဦးစန်းယုကျော် က ပြောသည်။

 သတင်းစာ လွတ်လပ်ခွင့် တွင်လည်း သတင်းမီဒီယာဥပဒေ ကဲ့သို့ သတင်းသမားများ သတင်း ရပိုင်ခွင့်နှင့် အခွင့်အရေးများကို  အကာအကွယ် ပေးထားသော ပုဒ်မများပါဝင်သော်လည်း တစ် ဖက်တွင် အသရေဖျက် မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား စေမှု၊  အစိုးရကို အကြည်ညိုပျက်စေမှုစသည့် တည်ဆဲရာဇသတ် ကြီး ဥပဒေများဖြင့် သတင်းထောက်များကို ဖမ်းဆီးထောင်ချနေပြီး ယင်းအချက်များက ရွေးကောက်ပွဲသတင်း ယူမည့် သတင်းထောက်များအတွက် စိတ်ပူစရာ အခြေအနေဖြစ်သည်။

‘‘ပုဂ္ဂလိကသတင်းစာတွေ လျော့ကျသွားတာဟာ မဟုတ် မမှန်လုပ်ချင်သူတွေအတွက် အားဖြစ်သွားစေ တယ်။ စောင့်ကြည့် မယ့် မီဒီယာမျက်လုံးတစ်လုံး လျော့တာ တိုင်းပြည်အတွက် နစ် နာတယ်။ သာမန်ကြည့် ရင် ဘာမှ မဟုတ်တဲ့ သာမန်လို့ထင်ရပေ မယ့် အဲဒါတော်တော်ကြီးကျယ် တဲ့ကိစ္စပဲ။ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမယ့် မျက်လုံးတစ်စုံဆုံး ရှုံးသွားတာပဲ’’ဟု ဦးကျော်မင်းဆွေ က ဆက်လက်ပြောသည်။

အထက်မြန်မာပြည် မန္တလေးတွင် ယခုနှစ် ဇန်န၀ါရီမှစ၍ ပထမဆုံးပုဂ္ဂလိကသတင်းစာအဖြစ် မန္တလေးအ လင်းနေ့စဉ်ထုတ် သတင်းစာ စတင်ထုတ်ဝေခဲ့သည်။ သို့သော်မန္တလေးတွင်လည်း စည်ပင်က ထုတ်သည့် မန္တလေးနေ့စဉ်နှင့် တပ်မတော်ကထုတ်ဝေသည့် ရတနာပုံသတင်းစာတို့က စောင့်ကြိုနေခဲ့သည်။

‘‘သတင်းစာတွေ ရေရှည် ရပ်တည်ဖို့ ခက်ခဲတာ အကြောင်း နှစ်ခုရှိတယ်လို့ မြင်မိတယ်။သူတို့က ပြည်သူ့ ဘတ်ဂျက်နဲ့ ထုတ်နေတာ။ ပြည်သူဆောင်တဲ့ အခွန် ငွေတွေနဲ့ ထုတ်နေတာ။ ထုတ်တဲ့အချိန်မှာလည်း အစိုးရရဲ့သတင်းတွေကိုပဲ ဦးစားပေးဖော်ပြတယ်။  အစိုးရသတင်းစာပေါ့။ ပြည်သူ့ သတင်းစာဖြစ်မ လာသေးဘူး။ သူတို့က အစိုးရဘတ်ဂျက်နဲ့ ဆိုတော့ ဈေးကို ပုဂ္ဂလိကထက်လျှော့နိုင်တယ်။ အခုဆိုကြော်ငြာ ခတွေ တော်တော်လျှော့လိုက်တယ်။ ဒါဟာ ပုဂ္ဂလိကသတင်းစာတွေ မထုတ်နိုင်အောင်သတ်တာပဲ။ သူတို့နဲ့ ဘယ်လိုမှ ယှဉ်ထုတ်လို့ကိုမရဘူး’’ဟု မန္တလေးအလင်းနေ့စဉ်သတင်းစာ တာဝန်ခံအယ်ဒီတာ ကိုသန့်ဇင်ဦး ကပြောသည်။

သို့သော်မည်သည့်အသွင် ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံတွင် မဆို ပုဂ္ဂလိကမီဒီယာများကို အလုံးစုံပံ့ပိုးပေးမှု မရှိကြောင်းနှင့် အစိုးရသတင်းစာများ သည်လည်းပုဂ္ဂလိကနည်းတူ လုပ်ကိုင်ရ ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်သည်။

‘‘ဈေးကွက်နဲ့ စာဖတ်ပရိ သတ်ရဲ့ ရွေးချယ်မှုပဲဆိုင်ပါ တယ်။ အစိုးရသတင်းစာတွေ လည်း ကိုယ့်ရန်ပုံငွေနဲ့ ကိုယ့်လစာပေး၊ ကုန်ကြမ်းဝယ်နေရတဲ့ အပြင်အမြတ်ကနေ နိုင်ငံတော်ကို ပေး သွင်းရတယ်။ ပြီးရင်ခင်ဗျား တို့လို ပဲ အခွန်ပေးပါတယ်။ ပို့ဆောင် စရိတ်အတူတူပါပဲ’’ဟု ၎င်းက ဆို သည်။

 သို့သော် နှစ်ပေါင်းလေး ဆယ်ကျော် ပုဂ္ဂလိကသတင်းစာ မျိုးဆက်ပြတ်ခဲ့သည့် မြန်မာနိုင်ငံ တွင် စက်အား၊ လူအင်အား၊ အခြေခံ အဆောက်အအုံအင်အားအစစအရာရာ အသာစီးယူထားသောနိုင်ငံပိုင်သတင်းစာ များက ပုဂ္ဂလိကနှင့် တန်းတူရုန်းကန်ရသည်ဆိုခြင်းမှာ မှားယွင်းနေကြောင်း အကြီးတန်းသတင်းထောက် တစ်ဦးကပြောကြားသည်။

‘‘မဖြစ်နိုင်တာဗျာ။ စဉ်းစားပဲ ကြည့်ပါဦး။ ကျွန်တော်တို့ကို ကြိုး တုပ်ပြေးခိုင်းပြီးမှ ကျွန်တော်တို့နဲ့ အတူတူ ရုန်းကန်ရတယ်ဆိုတာ။ အခုပြန်ကြားရေးက အများပြည် သူ ၀န်ဆောင်မှု လုပ်နေတာက လည်း တစ်နည်း အားဖြင့် ပုဂ္ဂလိ ကကို သတ်ချင်လို့ပဲ။ ထင်ရှားနေ ပါတယ်’’ဟု ၎င်းကပြောသည်။

‘‘ရွေးကောက်ပွဲနီးလာလေ သတင်းစာတွေရဲ့ အခန်းကဏ္ဍက အရေးပါလေပါပဲ။ မသမာမှုတွေ၊ နိုင်ငံရေး အသရေဖျက်မှုတွေ၊ ၀ါဒဖြန့်တာတွေ နိုင်ငံရေးအကျိုး ငှာ ဘာသာရေးကို အသုံးချတာ တွေကို မီဒီယာတွေ က ထောက်ပြရေးသားရမှာပါ။ ဒီလိုရွေးကောက် ပွဲ မတိုင်ခင် သတင်းစာတွေ နည်း နည်းသွား တာတော့ ပြည်သူတွေ အတွက်တော့ သတင်းဆိုးပါပဲ’’ဟု ကိုသန့်ဇင်ဦးကပြောကြား သည်။

လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနထံမှ ထုတ်ဝေခွင့်ရ ထားပြီးသော သတင်းစာငါးစောင် ခန့်မှာ လည်း ဈေးကွက်အနေအ ထားနှင့် ရွေးကောက်ပွဲနီးကပ်လာ ချိန်ကို စောင့်ဆိုင်းနေကြပြီး သတင်းစာများ အရှုံးပေါ်နေသည့် သတင်းကြောင့် စွန့်စားထုတ်ဝေ လိုစိတ်မရှိကြသေးပေ။

‘‘နိုင်ငံပိုင်သတင်းစာတွေကို ရှင်သန်ကြီးထွားအောင် အတင်း တွန်းလုပ်နေတယ်။ ဒါကိုလျှော့ မယ့်အရိပ် အယောင်မတွေ့ရဘူး။ စောင်ရေပိုများလာအောင် လုပ် နေတယ်။ ဒါဟာ ငါတို့ပရင့်မီဒီ ယာအ တွက်တော့ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ ရွေး ကောက်ပွဲဆို Media Coverage က အရမ်းကြီးတယ်။ ပရင့်မီဒီယာ ကို ပိုအားကောင်းအောင်လုပ်ဖို့ လိုတယ်။ ဒါပေမဲ့ အစိုးရက လုံးဝ မပံ့ပိုးပေးတော့ ငါတို့အချင်း ချင်းသာ ညီညွတ်ရမယ်။ သတင်းစာ ထုတ်ဝေသူများအားလုံးအဖွဲ့ဖွဲ့ ပြီး အစိုးရဆီတောင်းစရာရှိတာ ညီညီညွတ်ညွတ်တောင်းပြရ မယ်။ တစ်ယောက်ချင်းခံတိုက်နေ ရင်တော့ ခံနိုင်မှာ မဟုတ်ဘူး’’ဟု မြန် မာနိုင်ငံ သတင်းစာဆရာ အသင်းဒုဥက္ကဋ္ဌ ဦးသီဟစောက ပြောသည်။

၂၀၁၃ ဧပြီမှ ၂၀၁၄ နှစ်လယ်ထိထုတ်ဝေခဲ့သော နေ့စဉ်ထုတ် သတင်းစာများ

၁။ The Voice Daily

၂။ ရွှေနိုင်ငံ (*)

၃။ စံတော်ချိန်

၎။ The Union Daily

၅။ 7Day Daily

၆။ Daily Eleven

၇။ Messenger Daily

၈။ အင်ပါယာနေ့စဉ် (*)

၉။ The Yangon Time (*)

၁၀။ Myanma Freedom Daily (*)

၁၁။ ပြည်မြန်မာနေ့စဉ်

၁၂။ မဇ္ဈိမနေ့စဉ်

၁၃။ မန္တလေးအလင်း

၁၄။ ဒီမိုကရေစီတူဒေးနေ့စဉ်

မှတ်ချက်။။ (*)ပြထားသည့် သတင်းစာများမှာ ရပ်နားသွားပြီ ဖြစ်ပြီး မဇ္ဈိမနေ့စဉ်မှာ ဖေဖော်ဝါရီလကုန်အထိ သာ ထုတ်ဝေတော့မည် ဖြစ်သည်။

နိုင်ငံပိုင်သတင်းစာများဖြစ် သည့် ကြေးမုံနှင့် မြန်မာ့အလင်း စောင်ရေမှာ ဖေဖော် ၀ါရီ ၃ ရက်အထိ ကြေးမုံ ၁၇၈,၅၂၄ စောင်နှင့် မြန်မာ့အလင်း ၁၄၃,၄၇၈စောင် တို့ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List