Wednesday, February 04, 2015

အချိုအချောင်နှိုက်တဲ့အကျင့်ပြင်ဖို့လိုနေတဲ့ ပေါက်ဖော်ကြီး


သစ်ခိုးထုတ်မှုဖြင့် အဖမ်းခံထားရသည့် တရုတ်နိုင်ငံသားများကို ကာကွယ်ပေးရန် မြန်မာအာဏာပိုင်များ အား အကြောင်းကြားတောင်းဆိုထားသော သတင်းကို  တရုတ်မီဒီယာနှင့် ရုပ်သံများက ဝေေ၀ဆာ ဆာဖော်ပြကြသည်။ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံထဲတွင် ပြဿနာကြုံရပါက ချက်ချင်းဆက်သွယ်ရန် အရေးပေါ် ဖုန်းနံပါတ်တစ်ခုကိုလည်း ယူနန်ပြည်တွင်းရုပ်သံက သီတင်း တစ်ပတ်ခန့် အဆက်မပြတ် ထုတ်လွှင့်ကြေညာခဲ့သည်။
တရုတ်အစိုးရက မြန်မာပြည်တွင်း ဥပဒေမဲ့လုပ်ရပ်အားလုံးကို ဆန့်ကျင်ကြောင်းနှင့် အကျင့်ပျက်တရုတ်နိုင် ငံသားအချို့ကြောင့် အားလုံးကို သိမ်းကျုံးမစွပ်စွဲရန် ပြောကြားနေသည့် တစ်ချိန်တည်းမှာပင် ခိုးဝင်သစ်မှောင် ခို တရုတ်နိုင်ငံသားများအရေးကာကွယ်ရန် မြန်မာအစိုးရကို စဉ်ဆက် မပြတ်တောင်းဆိုနေခြင်းလည်းဖြစ် သည်။

မြန်မာ−တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုထက်ပိုသည့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် လွန်ခဲ့ သည့်ခြောက်လက သမ္မတဦးသိန်းစိန်နှင့် သမ္မတစီကျင်းပင်တို့ နားလည်မှု စာချွန်လွှာရေးထိုး၍ သက်သေပြုခဲ့ကြသည်။

သာမန်ထက်ပိုသည့် ချစ်ကြည်ရေး၊ အလွန်ကောင်းမွန်သည့် သံတမန်ဆက် ဆံရေးဟု နှစ်ဖက်မကြာခ ဏကြွေးကြော်လေ့ ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းက တစ်ကျော့ပြန်စစ်ရေးတင်းမာမှုနှင့် ကိုးကန့် ကဲ့သို့ လက်နက်ကိုင် အဖွဲ့ဟောင်းများ ပြန်လည်ပေါ်ပေါက်လာချိန်တွင်မူ တရုတ်၏ မြန်မာ အပေါ်ထား သည့် နိုင်ငံခြားရေးမူဝါဒမှာ သံသယ၀င်စရာ ကောင်းလာကြောင်း နေပြည်တော် အစိုးရအရာရှိကြီး အချို့နှင့် နှစ်နိုင်ငံဆက်ဆံရေး လေ့လာသုံးသပ်သူတို့က ပြောကြားလာသည်။

အနောက်နိုင်ငံများနှင့် ပြန်လည်ဆက်ဆံခြင်းဖြင့် ကမ္ဘာ့စင်မြင့်ထက်သို့ ပြန်လည်တက်ရောက်လာသော မြန် မာအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ အင်အားကြီး မဟာနိုင်ငံခြားရေးမူဝါဒ ပြောင်းလဲသင့်ပြီဖြစ်ကြောင်းနှင့် အထူးသဖြင့် မြန်မာနိုင်ငံတွင် တရားမ၀င်သောနည်းလမ်းဖြင့် သစ်၊ ကျောက်မျက်အပါအ၀င်သယံဇာ တမှောင် ခိုကူးသန်းနေသော တရုတ်စီးပွားရေးသမားများကို ပြတ်ပြတ်သားသား အရေးယူတားဆီးရန် အချိန်တန်ပြီဖြစ်ကြောင်း တရုတ်မှအပ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာမီဒီယာများက မီးမောင်းထိုးပြော ကြားလာပြီဖြစ်သည်။

နိုင်ငံတွင်းလူအင်အားအများအပြားဖြင့် တရားမ၀င် ၀င်ရောက်၍ သစ်မှောင်ခိုထုတ်ယူခြင်းကို အရေးယူရ မည်ဖြစ်ပြီး ယင်းအတွက် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ရှိလာနိုင်မည်ဖြစ်ကာ ဘေဂျင်းအစိုးရကလက်ရှိ နိုင် ငံခြားရေးမူဝါဒအတိုင်းသာဆက်ထားမည်ဆိုပါက ပြဿနာများကို ဖြေရှင်းရန်မလွယ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ ဦးမင်းဇော်ဦးကပြောကြားသည်။

‘‘ဘေဂျင်းက ဒီပေါ်လစီကို ဒီအတိုင်းပဲ ဆက်ကိုင်ထားမယ်ဆိုရင် ပြဿနာတွေက ရှင်းလို့မရနိုင်ဘူး။ ကျွန်တော် ထိုင်းနယ်စပ်မှာ နေဖူးတယ်။ ထိုင်းတွေက သစ်တွေကို တရုတ်တွေလို အုံနဲ့ကျင်းနဲ့မလုပ်ဘူး။ မြန်မာကထုတ် တဲ့ဟာလောက်ပဲဝယ်တာ။ အခုဖမ်းမိတဲ့ တရုတ် ၁၅၀ လောက်ဆိုတာ အထဲမှာဒီထက်အများကြီးရှိသေး တယ်လို့ ယူဆတယ်။ ဒီလို အုံနဲ့ကျင်းနဲ့ တရားမ၀င်လုပ်နေတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ဒါပေမဲ့ မြန်မာ ကတော့ တရုတ်အပေါ် အိမ်နီးချင်းကောင်းတစ်ယောက်အနေနဲ့ ဆက်ပြီးဆက်ဆံသွားသင့်တယ်။ ပြဿနာတွေ ကို အပြုသဘောဆောင်ဖြေရှင်းသင့်တယ်။ မြန်မာ-တရုတ်က နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွေ လည်း ရှိတယ်။ ပြီးတော့ တရုတ်က စူပါပါဝါနိုင်ငံတစ်ခုလည်းဖြစ်တယ်’’ဟု ၎င်းကပြောသည်။

ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ပြန်လည်ထွက်ပေါ်လာခြင်း၏ နောက်ကွယ် တွင် တရုတ်အစိုးရရှိနေကြောင်း နေပြည်တော်ထိပ်ပိုင်းခေါင်းဆောင်အချို့က ယူဆပြီး မကြာမီ တရုတ်နိုင် ငံသားတစ်ရာကျော် ပါဝင်သော သစ်ခိုးဂိုဏ်းကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့သည်။ ဦးဖုန်ကြားရှင် ကို ထောက်ပံ့ခြင်းအပေါ် မကျေနပ်၍ သစ်ခိုးထုတ်သူ တရုတ်တို့ကို ဖမ်းဆီးပြလိုက်ကြောင်း ဝေဖန်မှုများ ရှိသော်လည်း အတည်မပြုနိုင်ခဲ့ပေ။

သို့သော် မိုင်ပေါင်းတစ်ထောင်ကျော် ထိစပ်နေသော တရုတ်-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ဖားကန့်တွင် ကျောက် အရောင်းအ၀ယ်လုပ်ငန်းများကို တရုတ်နိုင်ငံသားများက အုပ်စိုးထားသည်။ တရားမ၀င် သစ်ထုတ်လုပ်ရေး တွင်လည်း ကချင်ပြည်နယ်၌ လိုချင်သောအရွယ်အစား သစ်လုံးများရှားပါးလာ၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းထဲထိ ၀င်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း တရုတ်ကုန်သည်များကို ကိုးကား၍ ၀ါရှင်တန် အခြေစိုက် Henery L.Stimson Center ၏ အရှေ့အာရှအစီအစဉ်မှ သုတေသီယွန်ဆန်က ‘‘မြန်မာပြည်တွင်း တရုတ်သစ်ခိုးထုတ်မှုပြဿနာ’’ ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

‘‘တရုတ်-မြန်မာ နှစ်နိုင်ငံမဟာဗျူဟာမြောက်ဆက်ဆံရေး ပူးတွဲကော်မတီရှိတယ်။ဒီကော်မတီကနေ နှစ်နိုင်ငံ ကိစ္စကို Deal လုပ်ဖို့လိုတယ်။ ဗဟိုအစိုးရကို မြန်မာအစိုးရက တရားဝင်ပြောဖို့လိုတယ်။ ပြဿနာကို ချဉ်းကပ်ပြီး အဖြေရှာမယ်။ အပြန်အလှန်ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ်။ ခုထိ သူတို့ ဒါမျိုးလုပ်တာ မတွေ့သေးဘူး။ မြန် မာပြည်သူတွေအများစုဟာ တရုတ်အစိုးရဟာ မြန်မာပြည်ရဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ ထုတ်ယူနေ တယ်ဆိုတာလို့ပဲ နားလည်ထားတာ။ ဒါကြောင့် တရုတ်ကုန်သည်တွေရဲ့ တရားမ၀င်တဲ့ လုပ်ရပ်တွေကို တရုတ်ဗဟိုအစိုးရကစိစစ်ဖို့ဖိအားပေးသင့်တယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

တရားမ၀င်နည်းလမ်းမဟုတ်သည့် တရုတ်ကုမ္ပဏီများ၏ အကျိုးအမြတ်ရှာဖွေမှုများကို ရပ်တန့်ရန်၊ မြန် မာပြည်သူများအတွက် ထိုက်တန်သည့် ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်းများ ပြန်လည်ချုပ်ဆိုရန် တရုတ်အစိုးရ က တိုက်တွန်းရမည့်အချိန်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ယူနန်အစိုးရလုပ်တာပဲ။ ဗဟိုအစိုးရ(ဘေဂျင်းအစိုးရ)က မသိဘူးဆိုတာမရှိဘူး။ ပြည်နယ်အစိုးရလုပ်တာ ဗဟိုအစိုးရက တာဝန်ခံရမှာပဲ’’ဟု ၎င်းကဆိုသည်။ နယ်စပ်ဒေသတာဝန်ရှိသူများနှင့် ဆက်ဆံရေးပြေ လည်နေသမျှ မြန်မာနိုင်ငံတွင် သစ်ခိုးထုတ်ခြင်းသည် ချမ်းသာကြွယ်ဝရန်အလွယ်ဆုံးနှင့် အမြန်ဆုံးနည်းဟု တရုတ်လူမျိုးများက မှတ်ယူထားကြသည်။ ကေအိုင်အေအဖွဲ့ထံမှ လိုင်စင်ရထားပြီး ကေအိုင်အေနှင့် တရုတ် နှစ်ဖက်အကောက်ခွန်အရာရှိများထံ ဖြတ်သန်းခပေးဆောင်ပြီးဖြစ်၍ တရားဝင်သစ်ထုတ်ခြင်း သာဖြစ်ခြင်းကြောင့် ယူနန်အစိုးရကို ဖမ်းဆီးခံ တရုတ်နိုင်ငံသားများအရေး ကြားဝင်ပေးရန် တရုတ်သစ် ကုန်သည်များက အသနားခံစာပင် ရေးသားခဲ့ကြကြောင်း ယွန်ဆန်၏ ‘‘မြန်မာပြည်တွင်း တရုတ်သစ်ခိုး ထုတ်မှုပြဿနာ’’ဆောင်းပါး၌ ရေးသားဖော်ပြထားသည်။

နယူးယောက်တိုင်းမ်သတင်းစာကဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်၏ လက်အောက်ခံနိုင်ငံအဖြစ်မှ ရုန်းထွက်ရန်အချိန်သင့်ပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ သယံဇာတများကို လုယက်၍ ခရိုနီအရင်းရှင်ဝါဒ ထူထောင်နေသည့် တရုတ်နိုင်ငံဟုဖော်ပြခဲ့သည်။

‘‘တရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတော်တော်များများကို အင်အားသေးတဲ့ သူတို့ရဲ့ တစ်ဆင့်နိမ့်တိုင်းပြည်အဖြစ်သာ သဘောထားတတ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိပါတယ်။ စီးပွားရေးအရ တိုးတက်လာတော့ သူ့အတွက် ဈေးကွက်ကုန်ကြမ်းလိုလာတယ်။ မြန်မာလို အင်မတန်အင်အားနည်းပြီး ဆင်းရဲတဲ့၊ ဖွံ့ဖြိုးရေးနိမ့်ပါးတဲ့ တိုင်းပြည်ကို ပိုပြီးတော့မှ အနိုင်ကျင့်တဲ့သဘောတွေ ရှိလာတာပေါ့။ ဆူဒန်လို ပြည်တွင်းစစ်ဖြစ်နိုင်ငံမှာတောင် စီးပွားရေးဝင်လုပ်တာပဲ’’ဟု မြန်မာအရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ပြောသည်။

ယူနန်ပြည်နယ်အစိုးရသည် မြန်မာပြည်လက်နက်ကိုင်တပ်ဖွဲ့များအပေါ် သြဇာကြီးမားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဆေးရုံတက်ခြင်းကအစ လက်နက်ခဲယမ်းဝယ်ယူခြင်းအဆုံး Logistic အားလုံးမှာ တရုတ်ကိုသာ မှီခိုနေရ၍ တရုတ်ဘက်ကသာ ပိတ်ပင်လိုက်ပါက မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ အလုံးစုံဖြတ်တောက်ခံရမည့် အခြေအနေတွင်ရှိသည်။ ထို့ကြောင့် ၎င်းတို့အပေါ် မှီခိုနေရသည့် မြန်မာလက် နက်ကိုင်အဖွဲ့များ၏ အနေအထားကို ယူနန်အစိုးရက မဟာဗျူဟာကျကျ ဆက်လက်ထိန်းထားလိုသည့် အနေအထားတွင်ရှိကြောင်း ဦးမင်းဇော်ဦးကဆိုသည်။

‘‘တိုင်းပြည်ရဲ့စည်းရိုး ဒီ့ထက်လုံအောင်ကာဖို့လိုတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဒီဒေသတွေက မငြိမ်းချမ်းတဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ စီးပွားရှာစားတဲ့နေရာဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး ယူနန်ဒေသရဲ့ အမြတ်ထုတ်စရာ စားကွက်ကြီးဖြစ်နေတာကို ခံနေရပါတယ်’’ဟု ဦးကျော်လင်းဦးကပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အပြောင်းအလဲဖြစ်ရန် မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေ စီရင်ရေးအပေါ် တရုတ်က ၀င်မစွက်ဖက်ဟု ပြောကြားထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကပြောကြားသည်။ လတ်တလော သတင်းမီဒီယာများ၏ ရေး သားမှု များမှာ နှစ်နိုင်ငံဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်သော်လည်း နယ်စပ်တွင် တရားမ၀င် ၀င်ထွက်သွားလာမှုများမှာ အမြဲလိုလိုရှိကြောင်းနှင့် တရားမ၀င် သစ်မှောင်ခိုထုတ်ခြင်းအပါ အ၀င် မြန်မာနိုင်ငံတွင်း တရားမ၀င်စီးပွားရှာခြင်းများကို နှစ်ဖက်နယ်စပ်တာဝန်ရှိသူများ ထိထိရောက်ရောက် ကိုင်တွယ်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

သို့သော် နိုင်ငံတကာသတင်းစာဆရာများ၏ အမြင်ကမူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆန့်ကျင် ဘက်ဖြစ်သည်။ တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပြဿနာအများကြီးရှိလာနေပြီး မြန်မာအပေါ်ထားသည့် တရုတ်နိုင်ငံခြားရေးမူဝါဒမှာ ပြောင်းစပြုနေပြီဖြစ်ကြောင်း ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာ ကပြောသည်။ မြန်မာသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာတွင် အဓိကကျသည့် ထွက်ပေါက်ဖြစ်နေပြီး မဟာဗျူဟာကျသည့်အတွက် တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားချင်သည့် တရုတ်အနေဖြင့် အနောက်နိုင် ငံသို့ ၀င်ဆံ့လာသည့် မြန်မာအစိုးရခြေလှမ်းများကို သဘောကျလိမ့်မည်မထင်ကြောင်း ၎င်းကပြောသည်။

‘‘တရုတ်က မြန်မာနိုင်ငံ တစ်ခေတ်ဆန်းလာတာကို လုံးဝမပျော်ဘူးလေ။ အနောက်နဲ့ ဆက်ဆံရေး ကောင်း လာတာကိုရောပေါ့။ မြစ်ဆုံစီမံကိန်း၊ ယူနန်ပြည်နယ်နဲ့ မြန်နှုန်းမြင့် ရထားလမ်းဖောက်ဖို့ စီမံကိန်းတွေ ရပ် ထားရတယ်။ လက်ပံတောင်းတောင်မှာ ပြဿနာတွေ ဖြစ်တယ်။ ဒါကြောင့် ‘၀’ကို လက်နက်ပိုထောက်ပံ့တယ်။ ဆက်ဆံရေးကတော့ ထင်သလောက် မကောင်းတော့ဘူး။ ပြီးတော့ ‘၀’ တပ်မတော်ဟာ အရင်က အင်အား အကြီးဆုံးဖြစ်ခဲ့တဲ့ ဗကပထက်တောင်မှ ဒီနေ့မှာ ပိုပြီးအင်အားကောင်းလာနေတာကိုက ဆက်ဆံရေးမှာ သတိထားစရာဖြစ်လာပြီ’’ဟု ၎င်းကပြောသည်။

ကြီးမားသည့် စီးပွားရေးအကျိုးအမြတ်က မြန်မာအစိုးရနှင့် ဒေသခံ တိုင်းရင်းသား အဖွဲ့များကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေပြီး ကိုယ်ကျိုးစီးပွားရှာလိုသူများအတွက် လွယ်ကူစေခဲ့သည်။ အထူးသဖြင့် တရုတ်၏ စီးပွားရေးအကျိုးအမြတ်ရှာဖွေမှုက မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပဋိပက္ခများကို အားပေးသလိုဖြစ်နေသည်ဟု သုတေသီယွန်ဆန်ကထောက်ပြသည်။

တရားမ၀င် သယံဇာတထုတ်ယူမှုများကို စီးပွားရေးသမားများက လုပ်ဆောင်နေခြင်းဖြစ်ပြီး အစိုးရမူဝါဒကို ကိုယ်စားမပြုကြောင်း တရုတ်အစိုးရက ဖြေရှင်းနိုင်သော်လည်း တရုတ်အစိုးရက မှောင်ခိုလုပ်ငန်းကို တားဆီးခြင်း၊ တရားမ၀င်သစ်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခြင်းတို့ကို အရေးယူခြင်းမရှိကြောင်း ၎င်းကဝေဖန်ထားသည်။

အထူးသဖြင့် ယူနန်ပြည်နယ် နယ်စပ်မြို့ ရွှေလီသို့ မြန်မာနိုင်ငံမှ သစ်လုံးတင်ယာဉ်များ ရာနှင့်ချီဝင်ရောက် လာသည်ကို မျက်မြင်တွေ့ခဲ့ရသူတိုင်းက တရုတ်နိုင်ငံက တရားမ၀င်သစ်ခိုးထုတ်မှုပပျောက်အောင် ဆောင် ရွက်နေကြောင်း ပြောကြားမှုမှာ ယုံကြည်ရန်ခက်ကြောင်း ဟွန်ဆန်က ၎င်း၏ဆောင်းပါးတွင် အချက်ကျ ကျ ရေးသားထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ဥပဒေကို လေးစားသင့်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေးအရ (သို့မဟုတ်) စစ်ရေးအရ သစ်မှောင်ခိုတရုတ်နိုင်ငံသားများအရေး ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် တရုတ်၏ အန္တရာယ် ကြီးမားသော နိုင့်ထက်စီးနင်း နိုင်ငံခြားရေးမူဝါဒကို ထုတ်ဖော်ရာရောက်ကြောင်း ၎င်းကဆိုသည်။

‘‘တရုတ်အစိုးရက နယ်စပ်က ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် စီးပွားရေးလုပ်လုပ် တရားဝင်တယ်ဆိုတဲ့ ပေါ်လစီက တစ်ဆင့် အခုလိုအမြတ်ထုတ်သွေးစုပ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သစ်၊ ကျောက်မျက်၊ ဓာတ်သတ္တုများကနေ အကျိုးအမြတ်ရသွားသူတွေက တရုတ်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်များဖြစ်ပြီး တချို့ကို အကျင့်ပျက်ခြစား တဲ့ မြန်မာအစိုးရအရာရှိဝန်ထမ်းတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တချို့ကပြန်ရတယ်။ ဒါကြောင့် တရုတ်အစိုးရအနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးတွေကို လိုက်နာသင့်တယ်။ ရှေးယခင်က လို မြန်မာအစိုးရကိုသာ အစိုးရအဖြစ်သတ်မှတ်ပြီး တရားဝင်ကုန်သွယ်ရင်းနှီးမှုများ လုပ်သင့်တယ်’’ဟု သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ‘‘တရုတ်သို့  ပေါ်လစီပြောင်းသင့်ပြီ’’ အတွေးအမြင်ဆောင်း ပါးတွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံခြားရေးမူဝါဒမှာ တွေ့သည့်သူနှင့် တည့်အောင်ပေါင်း၍ ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရှာကြံလုပ်ဆောင်မည်သာဖြစ်ပြီး ယနေ့အချိန်တွင် တရုတ်နိုင်ငံသားများ၏ ဥပဒေမဲ့ကိုယ်ကျိုးရှာခြင်းကို တရုတ်အစိုးရက တားဆီးပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နိုင်ငံသားများ မူလအခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဝင်းကပြောသည်။

‘‘စီးပွားရှာချင်ရင် တရားဝင်လာပေါ့။ အချိုအချောင်လိုချင်လို့လာရင်တော့ ဖမ်းမှာပဲ။ တရုတ်ဗဟိုအစိုးရကို တိုက်တွန်းချင်တာက တရားဥပဒေမဲ့လုပ်ရပ်တွေ မလုပ်ဖို့၊ တရားဝင်လမ်းကြောင်းကနေပဲ လာအလုပ် လုပ်ကြဖို့ တိုက်တွန်းပေး ရမယ်။ မှောင်ခိုအလုပ်တွေမလုပ်ဖို့ တားဆီးပေးရမယ်။ သူတို့ ဒီလိုမလုပ်တော့ ကျွန်တော်တို့ပဲနစ်နာတယ်။ ဈေးတွေနှိမ်ခံရတယ်။ အခု သူတို့နိုင်ငံသားတွေ  ခိုးလုပ်နေတယ်လို့ ကျွန်တော် တို့ စွပ်စွဲနေတာမဟုတ်ဘူး။ မျက်မြင်ကြီး ကို တွေ့နေတာလေ။ မျက်မြင်တွေ့လို့ပြောတာကို ငြင်းလို့ မရဘူး’’ဟု ၎င်းကပြောသည်။

မြန်မာ၏သယံဇာတများ တရားမ၀င်ထုတ်ယူခြင်းသည် တရုတ်ကုန်သည်အချို့၏ အကျင့်ပျက်လုပ် ရပ်ဖြစ်ကြောင်း တရုတ်အစိုးရပြောကြားမှုဖြင့်မလုံလောက် ပါ။ မြန်မာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် မြန်မာအစိုးရတို့ကြားက နိုင်ငံရေးအကျပ်အတည်းအပေါ် တရုတ်အစိုးရက မမြင်ချင်ယောင်ဆောင် လှည့်စား အမြတ်ထုတ်မှုများ ရပ်သင့်ပြီဖြစ်ကြောင်း နိုင်ငံတကာရော ပြည်တွင်းကပါ တိုက်တွန်းနေပြီဖြစ်ပါ သည်။

7Day News Journal

No comments:

Post a Comment

My Blog List