Wednesday, February 04, 2015

ယူကရိန်းစစ်တပ်ကို ဖျက်အားပြင်း စစ်လက်နက် ထောက်ပံ့ရန် အမေရိကန် အလေးအနက်စဉ်းစား၊ ရုရှားနှင့် သွယ်ဝိုက်စစ်ပွဲ ဖြစ်မည်ကို အထူးစိုးရိမ်


ယူကရိန်း အရှေ့ဘက်ဒေသတွင် ရုရှား ကျောထောက်နောက်ခံ ခွဲထွက်ရေး သူပုန်များနှင့် တိုက်ခိုက်လျက် ရှိသည့် ယူကရိန်း အစိုးရတပ်ဖွဲ့များအတွက် ဖျက်အားပြင်းသည့် လက်နက်များ ထောက်ပံ့ပေးရေး ကိစ္စကို အမေရိကန် အစိုးရက အလေးအနက်ထား စဉ်းစားလျက် ရှိကြောင်း Reuters သတင်းဌာနက ရေး သားဖော်ပြသည်။
အမေရိကန် သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့မှ ထိပ်တန်း အရာရှိ ကြီးများသည် ယူကရိန်းနိုင်ငံသို့ ဖျက်အားပြင်းသည့် လက်နက်များ အပါအဝင် ကာကွယ်ရေးပစ္စည်း များ ထောက်ပံ့ ပေးအပ်သွား ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ အလေးအနက်ထား စဉ်းစားနေကြကြောင်း သိရသည်။

သို့သော် ယခုအချိန်အထိ လက်နက် ထောက်ပံ့မည့် ကိစ္စအတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ် ရသေးဟု အမျိုးသား လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဘားနက်မီဟန်က ပြောကြားသည်။

“ယူကရိန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ထပ်ခါတလဲလဲ လေ့လာဆန်း စစ် နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်း အရှေ့ဘက်ဒေသတွင် ရုရှားနိုင်ငံ၏ ငွေကြေးသာမက စစ်သင် တန်း ထောက်ပံ့မှုများပါ ရရှိ ထားသော ခွဲထွက်ရေး သူပုန်များနှင့် ယူကရိန်း အစိုးရတပ်ဖွဲ့အကြား တိုက်ခိုက်မှု ပိုမိုပြင်းထန်လာချိန်တွင် အမေရိကန် အစိုးရက ယင်းသို့ ဖျက်အားပြင်း လက်နက်များ ထောက်ပံ့ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆန်း စစ်နေခြင်း ဖြစ်သည်။

သို့သော် ဝါရှင်တန် အခြေစိုက် ယူကရိန်းအရေး လေ့လာစောင့်ကြည့်သူ တစ်ဦး၏ အဆိုအရ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် ယခင်က ယူကရိန်းအား လက်နက်ထောက်ပံ့မည့် ကိစ္စကို လုံးလုံးလျားလျား လိုလားမှု မရှိခဲ့ကြောင်း၊ အကြောင်းမှာ ထိုသို့ထောက်ပံ့မည်ဆိုပါက ယူကရိန်း ပြည်တွင်းစစ်သည် အမေရိ ကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံအကြား ကြားခံစစ်ပွဲအသွင် ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သိရသည်။

New York Times သတင်းစာ ရေးသားဖော်ပြချက်အရ ယခုလိုတိုက်ပွဲများ ပြင်း ထန်လာချိန်တွင် NATO တပ်ဖွဲ့၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဖိလစ်ဘရီလပ်ဗ်က ယူကရိန်းအစိုးရကို ကာကွယ်ရေး ပစ္စည်းများနှင့် စစ်လက် နက်များ ထောက်ပံ့ လျက် ရှိသည်။

အမည်မဖော်လိုသူ အမေရိကန် အစိုးရအရာရှိကြီး တစ်ဦးကမူ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် ယခုအခါ ယူကရိန်းနိုင်ငံကို စစ်လက်နက်များ အရေးပေါ် ထောက်ပံ့မည့် အရေးကိစ္စကို အလေးအနက် စဉ်းစားနေ ပြီ ဖြစ်သည် ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် လက်ရှိ အနေအထားတွင် မျက်ရည်ယိုဗုံး မျက်နှာဖုံးစွပ်များ၊ ရေဒါပစ္စည်းများ အစရှိသည်ဖြင့် ဖျက်အားပြင်းလက်နက် မဟုတ်သော ကာကွယ်ရေး ပစ္စည်းများကိုသာ ထောက်ပံ့ပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List