Tuesday, February 03, 2015

ကြီးလေးကြီးနှင့် စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင် တွေ့မည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းနိုင် ငံနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဝန်ကြီး ဂိုချောက်ထောင်၏ ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်အတွင်း အထက် ပါ မြန်မာ့နိုင်ငံရေး ကြီးလေးကြီး ခေါင်းဆောင်များကို တွေ့ဆုံမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး အချို့ ၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ခေါင်းဆောင် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တို့နှင့် ဆက်လက်တွေ့ဆုံရန် စီစဉ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စင်ကာပူ ဝါရင့်ဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၎င်းနှင့်အတူ စင်ကာပူ အစိုးရဝန်ကြီးအချို့၊ စင်ကာ ပူ ငွေကြေးအာဏာပိုင်အချို့နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် အချို့ လိုက်ပါလာ မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မစ္စတာဂိုချောက်ထောင်မှာ စင်ကာပူနိုင်ငံကို တည်ထောင်သူ ဝန်ကြီးချုပ် လီကွမ်ယူးနောက် ယင်းနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန်ကို မစ္စတာ လီကွမ်ယူး၏ သားဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်းထံ လွှဲပြောင်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List