Wednesday, February 04, 2015

တရုတ်ကုန်ပစ္စည်း သပိတ်မှောက်ရန်မှတ်ချက်ကြောင့် မလေးရှားဝန်ကြီးအား ရဲကဆင့်ခေါ်


မလေးရှားစိုက်ပျိုးရေးဝန်ကြီး အစ္စမေးလ်ဆာဘရီယာကွတ်က လူမှုသတင်းမီဒီယာ၌ တရုတ်စီးပွားရေး များသပိတ်မှောက်ကြရန် တိုက်တွန်း ခဲ့မှုကြောင့် ရဲကခေါ်ယူမေးမြန်းသွား မည်ဖြစ်ကြောင်း၊ တရုတ်စီး ပွားရေး လုပ်ငန်းရှင်များမှာ ရေနံဈေးကျဆင်းနေသော်လည်း ၎င်းတို့၏ကုန် ပစ္စည်းများကို ဈေးနှုန်းချပေး ရန်ငြင်းဆန်လျက် ရှိကြောင်း The Straits Times သတင်းက ဖော်ပြ ခဲ့သည်။
၎င်း၏ @ KBAB51 တွစ်တာ ၌ တနင်္လာနေ့က ဖော်ပြခဲ့သည့်ကိစ္စ နှင့်ပတ်သက်၍ ရဲစစ်ဆေးရေးမှူးချုပ် တန်ဆရီခါလစ်အဘူက ဤကိစ္စနှင့် ပတ်သက်၍ မှတ်တမ်းများကို စစ် ဆေးရန် စိုက်ပျိုးရေးဝန်ကြီးအား ခေါ် ယူသွားမည်ဟု ဆိုသည်။

ရဲက လူမျိုးရေးအကြား ဆက်ဆံရေးမျှတ မှုကို ဖော်ဆောင်သွားမည်ဟု ပြော ကြားလိုက်သည်။

၎င်း၏တွစ်တာ၌ ဖော်ပြချက် တွင် မစ္စတာအစ္စမေးလ်အာဏာပိုင် များက ဈေးနှုန်းထိန်းချုပ်ရေးဥပဒေ ကို သက်ဝင်အောင်ပြု လုပ်နေစဉ် စားသုံးသူများက ကြီးမားသောစွမ်း အားဖြင့် မသမာသောကုန်စည်များ ကို ဆန့်ကျင်သွားရမည်ဟု ဖော်ပြခဲ့ သည်။

အဓိကစားသုံးသူများမှာ မလေး ရှားများဖြစ်ပြီး တရုတ်မှာ လူနည်းစု ဖြစ်ကြောင်း၊ အကယ်၍ မလေးများ က တရုတ်ကုန်ပစ္စည်း များကို သပိတ် မှောက်ပါက ၎င်းတို့မှာ ရွေးချယ်စရာ လမ်းမရှိဘဲ ဈေးနှုန်းချသွားရမည်ဟု ၎င်းကဖော် ပြခဲ့သည်။

Ref : The Straits Times
#Democracytoday

No comments:

Post a Comment

My Blog List