Wednesday, February 04, 2015

နတ်မောက်အိမ်ကို ဗိုလ်ချုပ်ပြန်ပြီ


တစ်လကြာ အချိန်ယူ ထုလုပ်ထားသည့်ဗိုလ်ချုပ်ဆီလီကွန် ရုပ်တုကို နတ်မောက် မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း ၏ နေအိမ်သို့ ဖေဖော် ဝါရီလ ၂ ရက်နေ့တွင် ပို့ဆောင် လိုက်ပြီဟု သိရသည်။တောင်ငူမြို့တွင် ထားရှိမည့် ဗိုလ်ချုပ် ဖိုင်ဘာရုပ်တုကိုလည်း နှစ်တစ်ရာပြည့်အမီ ထုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် နေ့နောက် ပိုင်းတွင် အခြားဗိုလ်ချုပ် ရုပ်တုများကိုလည်း ဆက်လက်ထု လုပ်ရန်ရှိသည်ဟု ရုပ်တု ထုလုပ်သူ ကိုအောင်ကျော်ထွန်းက ပြောသည်။
”ဒီဗိုလ်ချုပ်ဆီလီကွန် ရုပ်တုကို နတ်မောက်မြို့က ဦးသောင်းဆွေ (NLD)  လာအပ်ပြီး လက်ခံလိုက် ကတည်းက အခြားဘာအလုပ်မှ လက်မခံဘဲ ဒီရုပ်တုကိုပဲ တစ်လ တိတိကြိုးစားပြီး အတူဆုံးဖြစ် အောင် လုပ်တယ်”ဟု ၄င်းက ဆို သည်။

ဆီလီကွန်ပညာကို လွန်ခဲ့သည့် ခုနစ်နှစ်က မိတ်ဆွေဖြစ်သူ ပန်းချီဆရာ မင်းဝေအောင်က ဂျာမနီမှ စီလီကွန်ပညာနှင့် ပတ်သက်သည့် အခွေတစ်ခွေ လက်ဆောင်ပေးရာ မှတစ်ဆင့် လေ့လာခဲ့ပြီး ဆီလီကွန် ကုန်ကြမ်းကို ထိုင်းနိုင်ငံမှ မှာယူ ထားသည်ဟု သိရသည်။

အဆိုပါရုပ်တု ထုလုပ်ရန်ဆီ လီကွန်အပြင် အတွင်းတွင်အသုံး ပြုသည့် ဖိုင်ဘာ၊ မျက်လုံးစသည်တို့ကို ပြည်ပ မှ မှာယူပြီး ဆံပင်တစ်ခု တည်းကိုသာ မြန်မာပြည်မှ ဆံပင် အစစ်ဖြင့် ပြုလုပ်ထားသည်ဟု ၄င်းက ပြော သည်။

ထပ်မံထုလုပ်သွားမည့် ရုပ်တု များနှင့်ပတ်သက်၍ ”ကျွန်တော် အခု ဗိုလ်ချုပ်ရုပ်တုတွေကို ထုလုပ် ပြီးရင် သခင်ကိုယ်တော်မှိုင်း၊ဦးသန့်  နဲ့ မင်းကွန်းဆရာတော်ကြီးတို့ ပုံကို ဆီလီကွန်နဲ့ပဲ ထုလုပ်ဖို့ရှိတယ်” ဟု ၄င်းက ပြောသည်။

ကိုအောင်ကျော်ထွန်းက မြန် မာနိုင်ငံမှ အထင်ကရ ပုဂ္ဂိုလ်များ ၏ပုံကို ဆီလီကွန်နှင့်သော်လည်း ကောင်း၊ ဖိုင်ဘာနှင့်သော်လည်း ကောင်း ထုလုပ်ခဲ့ပြီး ပန်းချီပညာ တွင် လည်း ကမ္ဘာကျော်ပုဂ္ဂိုလ်များ ၏ ပုံတူများ ပါရေးဆွဲထားသည်ဟု သိရသည်။

”facebook ပရိသတ် တွေကတော့ ဗိုလ်ချုပ်အမေဖွား စုပုံ၊ ဒေါ်ခင်ကြည်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ထုစေချင်ကြတယ်။ လာအပ်ရင်လည်းကျွန်တော်ကထုဖို့ အဆင်သင့်ပဲ”ဟု ၄င်းက ပြော သည်။

အဆိုပါ ရုပ်တုကို နတ်မောက် မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏စီစဉ်မှုနှင့် ပန်းရဲ့လမ်း ဂီတ အဖွဲ့ လှည့်လည် ဖျော်ဖြေခဲ့ရာမှ ရရှိလာသော အလှူငွေများနှင့်ထု လုပ်ခဲ့ခြင်း ဖြစ်ပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ် အိမ်တွင် ဖေဖော်ဝါရီ ၅ ရက်မှစ၍ ပြည်သူများ လေ့လာနိုင် ရန် ပြသထားမည်ဟု သိရသည်။

ထူးထူး
Popular Myanmar News Journal

No comments:

Post a Comment

My Blog List