Wednesday, February 04, 2015

လူ ၅၀ ကျော်လိုက်ပါလာသည့် ထိုင်ဝမ် လေယာဉ်ပျက်ကျ







လေယာဉ် အမှုထမ်း အပါအ၀င် လူ ၅၈ ဦးကို တင်ဆောင်လာတဲ့ ထရန်အေးရှား လေကြောင်းလိုင်းဟာ ထိုင်ဝမ်မြို့တော် အနီးက  မြစ်ထဲကို ဒီကနေ့ ပျက်ကျ သွားပါတယ်။

အသေအပျောက် စာရင်းကို မသိရှိရသေးသလို ပျက်စီးရတဲ့အကြောင်းအရင်းကို မသိရသေးဘူးလို့ ထိုင်ဝမ် မီးသတ်ဌာနကို ကိုးကားပြီးတော့ ဝေါလ်စထရိတ် သတင်းက ရေးပါတယ်။

ဒေသစံတော်ချိန် ၁၀ နာရီကျော်လောက်မှာ ATR-72 လေယာဉ်က ထိုင်ဝမ် ဆောင်ရှန် လေဆိပ်ကနေ ထွက်ခွာလာတာ ဖြစ်ပြီး ကင်မန်ကျွန်းကိုသွားတဲ့ လမ်းကြောင်းမှာ ပျက်ကျခဲ့တာ လို့ နိုင်ငံပိုင် မီဒီယာတွေ မှာ ဖော်ပြပါတယ်။

အပျက်အစီးတွေ ကီလန် မြစ်ပေါ်မှာ မျောပါနေတဲ့ ရုပ်သံတွေကိုလည်း ပြသနေသလို ၁၃ ဦးကို ကယ်တင်နိုင်လိုက်တယ်လို့လည်း ဆိုပါတယ်။

ပျက်ကျတဲ့အချိန်မှာ လူ ၂ ယောက် ပြုတ်ကျလာတာကို တွေ့ရသလို လေယာဉ် အပိုင်းအစတွေက မြေပြင်က တက္ကစီကို ထိခိုက်မိတယ်လို့ မျက်မြင်တွေကို ကိုးကားပြီးသတင်းက ရေးပါတယ်။

ဒါဟာ ၇ လအတွင်း ဒီလေယာဉ်လိုင်းက လေယာဉ် ဒုတိယအကြိမ်မြောက် ပျက်ကျတာ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းကလည်း ထိုင်ပေကနေ ပန်ဟူကို လာတဲ့ လေယာဉ်ဟာ မဆင်းခင်မှာ ပျက်ကျသွားပြီး လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။

ဒီလေကြောင်းလိုင်းဟာ ထိုင်ဝမ် တတိယအကြီးဆုံး လေကြောင်းလိုင်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List