Friday, February 06, 2015

ထိုင်ဝမ်တွင် TransAsia လေယာဉ်ပျက်ကျမှုကြောင့် ၃၁ ဦးသေဆုံးပြီး လျော်ကြေးငွေများ ထုတ်ပေးလျက်ရှိ


TransAsia လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ထိုင်ဝမ်ရှိ ကီလန် မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၄ ရက်က ထိုးကျခဲ့မှု ဖြစ်စဉ်တွင် သေဆုံးသူဦးရေ ၃၁ ဦး ရှိသွားပြီဖြစ်ကြောင်း အတည်ပြုထားခဲ့သည် ။လေယာဉ်သည် ပျံတက်ပြီး မကြာမီ ကုန်းကျော်တံတားတစ်စီး နှင့် တိုက်မိကာ မြစ်အတွင်းသို့ ပျက်ကျ ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ခုနစ်လအတွင်း လေကြောင်းလိုင်း၏ ဒုတိယမြောက် မတော်တဆမှုဖြစ်ရပ် လည်းဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီခန့်က လေကြောင်းလိုင်း၏ ထုတ်ပြန်ချက် တစ်ခုတွင် အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဖော်ပြထားသည်။ လူ ၅၈ ဦး လိုက်ပါသွားသော GE 235 လေယာဉ်မှ ခရီးသည် ၁၂ ဦးပျောက် ဆုံးနေဆဲဖြစ်ပြီး လေယာဉ်နှင့် မတော်တဆ တိုက်မိခဲ့သည့် တက္ကဆီယာဉ်ပေါ်မှ ခရီးသည် နှစ်ဦးကိုလည်း ဆေးရုံတင်ထားရသည်။

ယခုအခါ မတော်တဆမှုဖြစ်ပွားခဲ့သည့် လေယာဉ်နှင့် တက္ကစီ ပေါ်မှ ထိခိုက်ဆုံးရှုံးခဲ့သူများ၏ မိသားစုများကို အရေးပေါ် ကယ်ဆယ်ရေး ငွေကြေးထောက်ပံ့မှုအဖြစ် စင်ကာပူ ဒေါ်လာ ၈,၆၀၀ ကို လေကြောင်းလိုင်းက စတင်ထုတ်ပေးနေပြီဖြစ်သည်။ မိသားစု ကိုးစုကို လျော်ကြေးထောက်ပံ့ငွေများ ထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိနေသေးသည့် မိသားစုများကိုလည်း ဆက်လက် ထုတ်ပေးလျက်ရှိသည်။

TransAsia လေကြောင်းလိုင်းသည် လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သူ များ၏ အသုဘစရိတ် အတွက် ခွင့်ပြုငွေ စင်ကာပူ ဒေါ်လာ ၅၁,၀၀၀ ကို ထုတ်ပေးခဲ့ပြီဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက် လေယာဉ် ထွက်ခွာပျံသန်းမှု မတိုင်မီက လေယာဉ် အင်ဂျင်ပိုင်းတွင် လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်း မီဒီယာ ဖော်ပြချက်များကို လေကြောင်းလိုင်း ဥက္ကဋ္ဌ ဖရက်ဒ်ဝူက ငြင်းချက်ထုတ်သွားခဲ့သည်။

“အင်ဂျင် စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်မှုမျိုး ကျွန်တော်တို့ လုပ်ထားခြင်းမရှိသေးပါဘူး၊ အဲဒီနေ့က လေယာဉ်မှူးတွေနဲ့ အမှုထမ်းတွေ လက်မှတ်ထိုးထားတဲ့ အထောက်အထားတွေကိုပဲ အတည်ပြုနိုင်ပါသေးတယ်၊ ဒီမူရင်း အထောက်အထားတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ ပြည် တွင်းလေကြောင်း အာဏာပိုင်အဖွဲ့အစည်းကို ပေးပို့သွားမှာပါ” ဟု ၎င်းကပြောသည်။

Ref: CNA
Mizzima - News in Burmese

No comments:

Post a Comment

My Blog List