Wednesday, February 04, 2015

အကြမ်းဖက်မှုဆန့်ကျင်ရေးတပ် ဂျပန်ဖွဲ့စည်း


ဂျပန်အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးတပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ က ဖွဲ့စည်းလိုက်ပါ တယ်။ပြန်ပေးဆွဲမှုအကျပ်အတည်း အဆုံးသတ်အပြီး ပြည်တွင်းနဲ့ ပြည်ပမှာ လုံခြုံရေး တင်းကျပ်ဖို့ ခုလို ဖွဲ့စည်းလိုက်တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက ဒုတိယမြောက် ဂျပန်လူမျိုး သတင်းထောက်ကို ခေါင်းဖြတ် သတ်ခဲ့တဲ့ ရုပ်သံ အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဂျပန်ဓားစာခံတယောက်ကို သတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂျပန်လူမျိုးတွေကို သတ်ဖြတ်မှုတွေ ဆက်လုပ်မယ်လို့ အိုင်အက်စ် အဖွဲ့က ရုပ်သံထဲမှာ ကတိပြုခဲ့ကြပါတယ်။

ဒါကြောင့် ပြည်တွင်းနဲ့ ပြည်ပက ဂျပန်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် လုံခြုံရေးတင်းကျပ်ဖို့ ဂျပန် ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ စုငက “ဒါဟာ အကြမ်းဖက်မှု အစစ် ဖြစ်ပြီး ကျနော်တို့အားလုံးကို အခုချက်ချင်း ခြိမ်းခြောက်မှု ဖြစ်တယ်။ အကြမ်းဖက်မှုရဲ့ စက်ဆုပ် ရက်စက်မှုတွေကို ဘယ်တော့မှ ခွင့်မပြုဖို့ ကျနော်တို့ ခိုင်ခိုင်မြဲမြဲ ဆုံးဖြတ်ထားတယ်။ နိုင်ငံခြားက ဂျပန်ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှု ကနေ ကာကွယ်ဖို့ လုပ်ဆောင်ချက်တွေကို အကောင်အ ထည်ဖော်မယ်”လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့နဲ့ ပါတီတွေကို ဆင့်ခေါ်ပြီး အရေးကြီးတဲ့ နေ ရာတွေမှာ လုံခြုံရေး တိုးမြှင့်မှု နယ်စပ်ထိန်းချုပ်မှု အားဖြည့်မှု၊ ထောက်လှမ်းရေး စုဆောင်းမှုတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက် မှုကို အပြင်းထန်ဆုံး အားထုတ်မှုတွေနဲ့အတူ တုံ့ပြန်ဖို့ ဆော်သြခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ နိုင်ငံတွင်း ပိုအားကောင်းတဲ့ လုံခြုံရေးရပ်တည်ချက်အတွက် တွန်းအားပေးခဲ့သူပါ။ အန္တရာယ်ကျရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေ ကယ်တင်ရေးအတွက် ဂျပန်စစ်တပ်ကို ခွင့်ပြုဖို့ မူဘောင် ဆွေးနွေးချင် တယ်လို့လည်း သူကပြောပါတယ်။

လွန်ခဲ့တဲ့နှစ် ၆၀ ခန့်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်တို့ စစ်ရှုံးအပြီး ဂျပန်စစ်တပ်ဟာ ကာကွယ်ရေးအတွက်သာ ဆိုတဲ့ မူဝါဒကို ချခဲ့ပေမယ့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက် အပြောင်းအလဲဟာ အကြီးဆုံးစစ်ဘက် မူဝါဒအပြောင်းအလဲ ဖြစ်ခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List