Friday, February 06, 2015

ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို လိုက်ခေါ်သော်လည်း ပြန်မလိုက်


ဧရာဝတီတိုင်းဝန်ကြီးချုပ် ၏ အစီအစဉ်ဖြင့် ဧရာဝတီ သပိတ်စစ်ကြောင်းမှ သပိတ် မှောက်ကျောင်းသားများ ကို ဖေ ဖော်ဝါရီ ၅ ရက်တွင် ဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ မိဘများက ပန်း တနော်မြို့၊ ညောင်ပင်သာဘုန်း ကြီးကျောင်းသို့ သွားရောက်ခေါ် ယူသော်လည်း ကျောင်းသားများက ပြန်မ လိုက်ကြကြောင်း သတင်း ရရှိ သည်။
ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ခေါ်ယူရာတွင် ပုသိမ်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ ပုသိမ် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် ကျောင်းသားမိဘများ၊ မြို့မိ မြို့ဖများနှင့် ဆရာ၊ ဆရာမ အင်အား လေးဆယ် ၀န်းကျင်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးဖြင့် သွား ရောက်ခဲ့ကြခြင်းဖြစ် သည်။

ကျောင်းသားများ ညအိပ် တည်းခိုမည့် ပန်းတနော် မြို့နယ် ညောင်ပင်သာ ဘုန်းတော်ကြီး ကျောင်းသို့ ဆရာ၊ ဆရာမ နှစ်ဦးအပါအ၀င် ကျောင်းသား မိဘစုစု ပေါင်း ခုနစ်ဦးခန့်သာသွားရောက်ခဲ့ပြီး ကျန်သူများမှာ ပန်းတနော် အုပ်ချုပ်ရေးမှူးရုံးတွင် နေခဲ့ခြင်း ဖြစ်သည်။

သပိတ်မှောက် ကျောင်း သားသပိတ်စစ်ကြောင်း ဧရာဝတီတိုင်းကျော်ပါက တာဝန်ယူမည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ထိုနေ့နံနက်ပိုင်းက ပြောခဲ့သည်။

‘‘ကလေးတွေကို ရန်ကုန်ထိ အောင် မပါစေချင်ဘူး။ သူတို့ တွေဧရာဝတီတိုင်း ထဲမှာ လုပ်ချင်တာ လုပ်ပါစေ။ ရန်ကုန်ရောက်ရင် ရှုပ်ထွေးကုန်မယ်။ အဲဒီကြားမှာ သူ တို့ကို အကြောင်းပြပြီး အကြမ်း ဖက်မှုတွေ ၀င်ရောက်လာရင် လည်း တာဝန်ရှိသူတွေက မလို လားအပ်တဲ့ ဖြေရှင်းနည်းတွေသုံး ပြီး ဖြေရှင်းရင် ကလေးတွေ နစ် နာမှာကို မလိုလားဘူး’’ဟု ဦးသိန်းအောင်ကပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် သည် တိုင်းအစိုးရအဖွဲ့တာဝန်ရှိ သူအနေဖြင့် မိဘများအား အကျိုး အကြောင်းခေါ်ပြောခြင်းသာဖြစ် ပြီး ဖိအားပေးခြင်း မဟုတ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင် ဧရာဝတီသပိတ်စစ် ကြောင်း၌ ပါဝင်သော ကျောင်းသားမိဘများအား ခေါ် ယူတွေ့ဆုံ ပြီးနောက် ဧရာဝတီတိုင်းဒေသ ကြီး ၀န်ကြီးချုပ်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသပိတ်စစ် ကြောင်းသည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ထွက်ခွာ လာခြင်းဖြစ် ပြီး ဖေဖော်ဝါရီ ၅ ရက်ညတွင် ပန်းတနော်မြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။ ဧရာဝတီ သပိတ်စစ်ကြောင်း သို့ ဖေဖော်ဝါ ရီ ၄ ရက်ညတွင် ဒဂုံတက္ကသိုလ် ကျောင်းသားသပိတ်စစ်ကြောင်း လာရောက်ပူးပေါင်း ခဲ့ပြီး ဖေဖော် ၀ါရီ ၆ ရက်တွင် ထားဝယ် သပိတ် စစ်ကြောင်း လာရောက်ပူးပေါင်းရန် စီစဉ်ထားကြောင်း သတင်းရ ရှိသည်။

‘‘အမျိုးသားပညာရေးဥပဒေ ကို ကလေးတွေက ပြုပြင်ပေးဖို့ တောင်းဆိုတာပါ။ ဒါကလည်း ဖြစ်သင့်တာ ကို တောင်းဆိုတာပါ။ကျွန်တော်တို့ကတော့ ကလေး တွေဘက်က ထောက်ခံတယ်။ ဒါ ပေမဲ့ ပညာရေး၊ ကျန်းမာရေး ထိ ခိုက်တာတော့ စိုးရိမ်တာပေါ့။ တစ်နှစ်ပညာသင်စရိတ်က နည်း တာမှ မဟုတ်တာ’’ဟု သပိတ် စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ် သူ ဦးထိန်ဝင်းကပြောသည်။

ဧရာဝတီ သပိတ်စစ် ကြောင်းသည် ပန်းတနော်မြို့မှ ညောင်တုန်း၊ မအူပင်၊ ကျိုက် လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့များ အတိုင်း ဆက်လက်ချီတက်ပြီး ရန် ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်များ ကို ကျော်ဖြတ်၍ လှိုင်သာယာအလုပ် သမားသပိတ်စစ်ကြောင်းနှင့် ပူး ပေါင်းကာ ရန်ကုန်မြို့၌ အခြား သော စစ်ကြောင်းများနှင့် ပူးပေါင်းသပိတ်မှောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘အစိုးရဘက်က ပံ့ပိုးပေး တာထက် အခုလိုဖိအားပေးခြိမ်း ခြောက်တာတွေ မလုပ်တာ ပို ကောင်းမယ် လို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လိုပဲ ခြိမ်း ခြောက် ခြိမ်းခြောက် ရှေ့ဆက်ချီ တက်မှာပါပဲ’’ဟု သပိတ်စစ်ကြောင်းဦးဆောင်သူ တစ်ဦးဖြစ်သည့်ပုသိမ် ဂျီတီစီကျောင်းမှ ဆရာ ဦးဝေယံအောင်ကပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်း တွင် ဧရာဝတီတိုင်း ဘဏ္ဍာရေး ၀န်ကြီးဦးဝင်းကိုကိုက သပိတ်မှောက်ကျောင်း သားများကို လာရောက်တွေ့ဆုံပြီး ကျောင်းသားများကို ပညာရေးအတွက်သာ တောင်းဆို သပိတ်မှောက်နေ သည်ကို ယုံကြည်သည့် အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကာ၊ ချီတက်စဉ် သွားလာရေးအခက်အခဲ များရှိပါက အစိုးရအဖွဲ့မှ ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List