Tuesday, February 03, 2015

ဒလိုင်းလားမားနှင့်တွေ့ ဆုံသည့် မည်သည့် နိုင်ငံမဆို ဆန့်ကျင်သည်ဟု တရုတ်ပြော


အမေရိကန်သမ္မတ ဘားရက်အိုဘားမား သည် ဝါရှင်တန်၌ပြုလုပ်သည့် ပွဲတစ်ခုတွင် တိဘက်ဘာ သာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့်အတူ တက်ရောက် မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြော ကြားပြီးနောက် မည်သည့် ပုံစံနှင့်မဆို ဒလိုင်လားမားနှင့်တွေ့ဆုံသည့် မည်သည့်နိုင်ငံမဆို ဆန့် ကျင်ကြောင်း တရုတ် ကဖေဖော်ဝါရီ ၂ ရက် ကပြောကြား ခဲ့သည်။
ပြည်ပတွင် တိမ်းရှောင်နေရသူ ဒလိုင်းလားမားသည် ခွဲထွက်ရေး ဝါဒီ တစ်ဦးဖြစ် သည် ဟုပေကျင်းက စွပ်စွဲ ထားသည်။

တရုတ် - အမေရိကန် ဆက်ဆံရေး၏ အကျိုး ပွားကိုထောက်ရှု ၍ပြဿနာကို ကိုင်တွယ်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟောင်လေက အမေရိကန် ကိုတောင်းဆိုခဲ့သည်။

''တရုတ်ရဲ့ပြည်တွင်းရေးကို စွက်ဖက်ဖို့် တိဘက်ပြဿနာကိုအသုံးချတဲ့ဘယ်နိုင်ငံ၊ ဘယ်အစိုးရကိုမဆို တရုတ်ကဆန့်ကျင်သလို ဘယ်လိုပုံစံမျိုး နဲ့မဆိုဒလိုင်း လားမား နဲ့တွေ့ဆုံတဲ့ ဘယ်နိုင်ငံ ရဲ့ခေါင်းဆောင် မဆို ဆန့်ကျင်ပါတယ်'' ဟုဟောင်လေ ကပြောကြား ခဲ့သည်။

''အမေရိကန် ဘက်က တိဘက်ပြ ဿနာ နဲ့ပတ် သက်လို့ ကတိ  ကဝတ်တွေကို လိုက်နာ  ပြီးနှစ်ဘက်  ဆက် ဆံရေး  အခြေအနေပေါ်  အခြေခံ ပြီးပြဿနာ ကိုကောင်းကောင်း မွန်မွန် ကိုင်တွယ် သွားမယ်လို့ တရုတ် ကမျှော်လင့် ပါတယ်'' ဟုလည်း ၄င်း ကပြော ကြားခဲ့သည်။

မစ္စတာအိုဘားမား သည်ဖေဖော်ဝါရီ ၅ ရက်တွင် ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်းဟောပြော  မည့် prayer breakfast  ပွဲ၌ မိန့်ခွန်းပြော မည်ဟု အိမ်ဖြူတော်က လွန်ခဲ့သည့် သီတင်းပတ် ကပြောကြားခဲ့ သည်။ ယင်းပွဲသို့ ဒလိုင်းလားမား တက်ရောက်ရန် စီစဉ်ထားသည်။

ဒလိုင်း လာမားသည် လွတ်လပ်သော တိဘက်နိုင်ငံ ထူထောင်ရန် ကြိုးပမ်းနေသော အန္တရာယ် ကြီးသည့် ခွဲထွက်ရေး ဝါဒီဖြစ် သည်ဟု  တရုတ် ကပြောကြား လျက်ရှိသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဒလိုင်းလား မားသည် ၁၉၅၉ ခုနှစ်က တရုတ်အုပ်ချုပ်မှု ကိုဆန့် ကျင်သည့် အုံကြွမှု မအောင် မမြင်ဖြစ် ပြီးနောက် အိန္ဒိယသို့ ထွက်ပြေး ခဲ့ရသည်။

သို့သော်လည်း ဒလိုင်းလားမားက တိဘက်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ လိုလားပြီး အကြမ်းဖက် မှုကို အားမပေးဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List