Wednesday, February 04, 2015

လာမည့်ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ သိသင့်သိထိုက်သည်များကို အဆင့်လိုက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ


လာမည့်အထွေ ထွေရွေးကောက်ပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ သိသင့်သိထိုက်သော စည်းမျဉ်း၊ စည်း ကမ်းများနှင့် လိုအပ်ချက်များအတွက် အဆင့်လိုက်ကြိုတင် ပြင်ဆင်မှုများစတင်လုပ်ဆောင် နေ ပြီဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ် မှူးချုပ်ကျော်ကျော်ထွန်းကပြော သည်။
‘‘အခုကတည်းက တပ်ဖွဲ့ ၀င်တွေကို သိသင့်သိထိုက်တဲ့ လိုအပ်တာတွေ၊ စည်းမျဉ်းစည်း ကမ်းတွေပေးနေ တယ်။ နိုင်ငံတကာအတွေ့အကြုံယူပြီး လုပ် ဆောင်သွားရမှာပေါ့။ နိုင်ငံမှာရှိတဲ့အင်အားနဲ့ ပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်’’ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက လွှတ်တော် အစည်းအဝေးအပြီး တွင် သတင်းထောက်များအား ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲလုံခြုံရေး အတွက် နိုင်ငံတွင်းရှိ ရဲတပ်ဖွဲ့အင်အား အားလုံး အသုံးပြု သွား မည်ဖြစ်ပြီး နိုင်ငံ အနှံ့ကျင်းပမည့်ပွဲဖြစ်၍ ရဲတပ်ဖွဲ့သာမကဘဲ ပြည်သူ လူထုကပါ ပူးပေါင်းပါဝင်ရမည်ဟု ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်းကပြောသည်။

ထို့အပြင်လိုအပ်သည့် သင် တန်းများပေးရာတွင် ရဲတပ်ဖွဲ့ဝင် များသာမက ပါဝင်ဆောင်ရွက် ကြမည့် ပြည် သူများကိုပါ ရွေးကောက်ပွဲအချက်အလက်များနှင့် လုံခြုံရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကူညီဆောင်ရွက်ရ သည်ကို သင်တန်းများပေးရန်လိုအပ်သည် ဟု ၎င်းကဆက်လက်ပြောသည်။

တပ်ဖွဲ့ဝင်များအား လေ့ ကျင့်သင်တန်းပေးမှုများတွင် ဥပ ဒေရေးရာများ ပို့ချပေးခြင်းအပါ အ၀င် အဓိက ရုဏ်းနှိမ်နင်းရေး လုပ်ဆောင်မှုအဆင့်ဆင့်များ ပို့ချပေးနေသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်သောင်းခန့်သာရှိပြီး လူဦးရေထူထပ်သော ရန်ကုန်ကဲ့ သို့ မြို့ကြီးတွင် ရဲတပ်ဖွဲ့နှင့် ပြည်သူ ၁:၁၂၂၈ အချိုးဖြင့် လုံခြုံရေး ယူဆောင် ရွက်ပေးနေခြင်းဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သိရသည်။

7Day Daily

No comments:

Post a Comment

My Blog List