သပိတ်မှောက်ကျောင်း သားများ မကွေးမြို့နယ်အတွင်းရှိ ဒေါင်းသေချောင်း (ဒေါင်းနေချောင်း)တံတားသို့
ရောက်ရှိချိန်တွင် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက
လူစုလူဝေးဖြင့် လမ်းလျှောက်ခြင်းသည် ပုဒ်မ ၁၈ ဖြင့် ငြိစွန်းသည်ဟု လာရောက်
သတိပေး ပြောကြားခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်လံ သတင်းယူနေသော 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်တွင် ရေနံချောင်းမြို့မှ မကွေးမြို့သို့ လမ်းလျှောက် ချီတက်လာစဉ် ဒေါင်းသေချောင်း တံတားအ ရောက်၌ သတိပေးခံရခြင်းဖြစ် သည်။
‘‘လူအများကြီးနဲ့ လမ်း လျှောက်လာလို့ဥပဒေအရ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုတာ လာ ပြောတာပါ။ အရေးယူ ဖို့မဟုတ်ပါ ဘူး’’ဟု ဦးစောထွန်းဦးကပြော သည်။ သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက် က ရေနံချောင်းမြို့မှ ထွက်ခွာချိန် တွင် ယင်းမြို့ရှိ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် ကောလိပ် ကျောင်းသို့ သွားရောက်မိန့်ခွန်းပြောကြားပြီး ကျောင်းသားများအား စည်းရုံးခဲ့ကြသည်။
ထို့ကြောင့် အဆိုပါကျောင်း နှစ်ကျောင်းမှ ကျောင်းသား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂ ရက်က သပိတ်မှောက်ကျောင်းသားများ တည်းခိုရန် ကံပြားကျေးရွာအထိ လိုက်လံပို့ဆောင်ပေးသည်ကို တွေ့ရ သည်။
ထို့အပြင်ရေနံချောင်းကော လိပ်မှ ဆရာမနှစ်ဦးသည် သပိတ် မှောက် ကျောင်းသားများအား မကွေးမြို့အ၀င် ၌ တားဆီးခံရမည် ကို စိုးရိမ်သောကြောင့် ကံပြား ကျေးရွာအထိ ပို့ဆောင်ပေးသည် ကို တွေ့ရသည်။
‘‘ကျောင်းသားတွေ အတားခံရမှာကို စိုးရိမ်လို့ လိုက်ပို့ပေးတာပါ။ ကလေးတွေကို စိုးရိမ်တယ်။ သူတို့လုပ် တာ မှန်ပါတယ်’’ဟု ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာ ဒေါ်အေးအေးသန့်က ပြောသည်။
မကွေးမြို့မှ NLD ပါတီဝင် များ၊ ၈၈ မျိုးဆက်ကျောင်းသား များ၊ ဒေသခံများသည် သပိတ် မှောက်ကျောင်း သားများအား ရေ နံချောင်းမြို့ထိလာရောက်ကြိုဆို
ခဲ့သည်ကို တွေ့ရသည်။ သပိတ် မှောက် ကျောင်းသား များသည် မကွေးမြို့အ၀င်ရှိ
ကံပြားကျေးရွာ သို့ ည ၈ နာရီတွင် ရောက်ရှိခဲ့ပြီး ယနေ့နံနက် ဖေဖော်ဝါရီ ၃
ရက်၌ မကွေးမြို့အတွင်း လှည့်လည်သွားမည်ဖြစ်ကာ မကွေးမြို့၌
တည်းခိုသွားမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား များသည် လေးပွင့်ဆိုင်ဆွေးနွေး ပွဲကာလအတွင်း သပိတ်စစ် ကြောင်း ရပ်နားထားမည် မဟုတ်ဘဲ တောင်းဆိုသည့် အချက် ၁၁ ချက်ရသည်အထိ ဆက်လက်ချီတက်သွားမည်ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောသည်။ အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ယနေ့ တွင် ဒုတိယအကြိမ်အဖြစ် နေ ပြည်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသားများ ချီတက်လာစဉ် (ဓာတ်ပုံ − ငြိမ်းချမ်း)
7Day Daily
သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်တွင် ရေနံချောင်းမြို့မှ မကွေးမြို့သို့ လမ်းလျှောက် ချီတက်လာစဉ် ဒေါင်းသေချောင်း တံတားအ ရောက်၌ သတိပေးခံရခြင်းဖြစ် သည်။
‘‘လူအများကြီးနဲ့ လမ်း လျှောက်လာလို့ဥပဒေအရ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုတာ လာ ပြောတာပါ။ အရေးယူ ဖို့မဟုတ်ပါ ဘူး’’ဟု ဦးစောထွန်းဦးကပြော သည်။ သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက် က ရေနံချောင်းမြို့မှ ထွက်ခွာချိန် တွင် ယင်းမြို့ရှိ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် ကောလိပ် ကျောင်းသို့ သွားရောက်မိန့်ခွန်းပြောကြာ
ထို့ကြောင့် အဆိုပါကျောင်း နှစ်ကျောင်းမှ ကျောင်းသား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂ ရက်က သပိတ်မှောက်ကျောင်းသားများ တည်းခိုရန် ကံပြားကျေးရွာအထိ လိုက်လံပို့ဆောင်ပေးသည်ကို တွေ့ရ သည်။
ထို့အပြင်ရေနံချောင်းကော လိပ်မှ ဆရာမနှစ်ဦးသည် သပိတ် မှောက် ကျောင်းသားများအား မကွေးမြို့အ၀င် ၌ တားဆီးခံရမည် ကို စိုးရိမ်သောကြောင့် ကံပြား ကျေးရွာအထိ ပို့ဆောင်ပေးသည် ကို တွေ့ရသည်။
‘‘ကျောင်းသားတွေ အတားခံရမှာကို စိုးရိမ်လို့ လိုက်ပို့ပေးတာပါ။ ကလေးတွေကို စိုးရိမ်တယ်။ သူတို့လုပ် တာ မှန်ပါတယ်’’ဟု ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာ ဒေါ်အေးအေးသန့်က ပြောသည်။
မကွေးမြို့မှ NLD ပါတီဝင် များ၊ ၈၈ မျိုးဆက်ကျောင်းသား များ၊ ဒေသခံများသည် သပိတ် မှောက်ကျောင်း သားများအား ရေ နံချောင်းမြို့ထိလာရောက်ကြိ
သပိတ်မှောက်ကျောင်းသား များသည် လေးပွင့်ဆိုင်ဆွေးနွေး ပွဲကာလအတွင်း သပိတ်စစ် ကြောင်း ရပ်နားထားမည် မဟုတ်ဘဲ တောင်းဆိုသည့် အချက် ၁၁ ချက်ရသည်အထိ ဆက်လက်ချီတက်သွားမည်ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောသည်။ အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကု
သပိတ်မှောက်ကျောင်းသားများ ချီတက်လာစဉ် (ဓာတ်ပုံ − ငြိမ်းချမ်း)
7Day Daily
No comments:
Post a Comment