Wednesday, February 04, 2015

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးများအားလုံး၏ အချောအလှစာရင်း (၂၅)ဦး စာရင်းဝင် မြန်မာ့အလှမယ်ဟန်သီ


ကမ္ဘာ့ Beauty Pageant Website  ကြီးဖြစ်တဲ့ The Ideal Beautyက ရွေးချယ် လိုက်တဲ့ ၂ဝ၁၄ ခုနှစ် အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးများအားလုံးရဲ့အချော အလှဆုံး အလှမယ် ၂၅ ယောက်စာရင်းမှာ Miss Supranational Myanmar 2014  ဟန်သီက ရွေးချယ်ခံရကြောင်း သိရပါတယ်။


နိုင်ငံကိုယ်စားပြုအလှမယ် ၆ဝဝ ကျော်အနက်မှ ပထမအဆင့် Top (100) မှာ မြန်မာ အလှမယ်လေး Miss Supranational Myanmar ဟန်သီနဲ့ Miss Universe Myanma သျှားထွဋ်အိန္ဒြာ တို့ ရွေးချယ်ခြင်း ခံရ တာဖြစ်ကြောင်း သိရပါတယ်။

Top (25)  ထဲကနေ Voting  စနစ်နဲ့ ထပ်မံရွေးချယ် သွားမှာဖြစ်ကြောင်းကို Miss Golden Land Myanmar Organization ရဲ့ CEO ဖြစ်သူ ကို ဝေယံအောင်က ရှင်းပြခဲ့ပါတယ်။ “၂ဝ၁၄ မှာကျင်းပပြုလုပ်သွားတဲ့ကမ္ဘာ့ အလှမယ် ပြိုင်ပွဲကြီးတွေအားလုံးထဲကမှ အလှမယ် ပေါင်း ၆ဝဝ ကျော်ထဲကနေ ပထမဆုံးအဆင့် အနေနဲ့ အယောက်၁ဝဝရွေးတယ်။

အဲဒီအယောက် ၁ဝဝ ထဲကမှခု၂၅ယောက်ကို ရွေးချယ်တယ်။ အဲဒီကနေမှတစ်ဆင့် ၁၃ ယောက်ကနေ ၇ ယောက် နောက်ဆုံးကျမှ ၁ ယောက်တည်း ကို ရွေးချယ်မှာ။ အခု ၂၅ ယောက် အဆင့်ထိMiss Golden Land Myanmar Organization ကနေရွေးချယ် ထားတဲ့ Miss Supranational Myanmar ဟန်သီရရှိတဲ့ အတွက် Organization အနေနဲ့ဝမ်းသာဂုဏ်ယူတယ်။

အခု ချီးမြှင့်တဲ့ ideal beauty  ဆိုတာက international Pageant တွေအကြောင်းကို ရေးတဲ့  website တစ်ခု၊ အဲဒီက ရွေးချယ်မှာဖြစ်ပါတယ်။အခု ဆန်ခါတင် ၁၃ ယောက်ကိုရွေးချယ်မယ့်  voting  က ဖေဖော်ဝါ ရီလ ၆ရက်နေ့ထိ facebook  ကနေ voting ပေးလို့ ရပါပြီ။

Miss Golden Land Myanmar Organization 2015  ပြိုင်ပွဲ အတွက် လျှောက် လွှာ များ ခေါ်ယူနေပြီဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဧပြီလနဲ့ မေလအတွင်းမှာပြုလုပ်သွားမှာဖြစ်ကြောင်း ကိုဝေယံအောင်က ပြောပါတယ်။

သိမ့်သိမ့်
Popular Journal

No comments:

Post a Comment

My Blog List