Tuesday, February 03, 2015

မြို့ရွာများ၏ အမည်များတွင် ပြည်ခိုင်ဖြိုး တံဆိပ်ကပ်ခြင်း တရားမဝင်ဟုဆို


မြို့ရွာအချို့တွင် ပြည်ခိုင်ဖြိုး မြို့/ကျေးရွာဟူ၍ မြို့ရွာ အမည်များ ပြောင်းလဲ ဆိုင်းဘုတ် တင်ထားခြင်းသည် တရားဝင်မဟုတ်သဖြင့် တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ မြို့ ရွာအမည်များကို တရားဝင်ထုတ် ပြန်ထားသည့် အတိုင်းသာ အတည်ပြုမည်ဖြစ်၍ ပြည် နယ် နှင့်တိုင်းအသီးသီးသို့လည်း တရားဝင်အတည်ပြုချက်အတိုင်း သာ လိုက်နာရန် ညွှန်ကြားချက်များ ပေးပို့သွားမည်ဟု ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြော ကြားခဲ့ပြီး လိုက်နာဆောင်ရွက် ခြင်းမရှိပါက တည်ဆဲဥပဒေ အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က မြို့ ရွာများ၏ အမည်များကို ပါတီ အမည် များ ရှေ့နောက်ဖြည့်စွက် ၍ ဆိုင်းဘုတ်ပြောင်းလဲတပ်ဆင် ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ရာပြည်ထဲရေးဒုဝန်ကြီးက အထက်ပါ အတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြို့ရွာများ၏အမည်များကို ပြောင်းလဲမည်ဆိုပါက အစိုးရက လွှတ်တော်သို့ တင်ပြ၍ လွှတ် တော်ကအ တည်ပြုမှသာ ပြည်ထဲ ရေးဝန်ကြီးဌာနက အမိန့်ကြော် ငြာစာထုတ်ပြန်ပြောင်းလဲနိုင်ခြင်း ဖြစ်သည့်အတွက် ထိုသို့ပြောင်း လဲထားခြင်းအပေါ် ‘‘သက်ဆိုင်ရာ က ဘာကြောင့်အခုထိအရေးမယူ သေးတာ လဲ၊ ဒီလိုဆိုရင် တခြား ပါတီတွေကကော အခုလိုဆိုင်း ဘုတ်တွေတပ်မယ်ဆိုရင် ခွင့်ပြု မှာလားဆိုတာကို ကျွန်မတို့သိ ချင်ပါတယ်’’ ဟု ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဒေါ်ခင်စန်းလှိုင်က မေးမြန်းပြောသည်။

အစိုးရသည် မည်သည့်ပါတီ ဘက်မှမလိုက်ဘဲ ကြားနေရမည် ဖြစ်သကဲ့ သို့ ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင် အနေဖြင့် အဆိုပါ ကိစ္စများကို သိသော် လည်း မည်သည့်အတွက်ကြောင့်အရေးမယူဘဲ မသိချင်ယောင်ဆောင်နေခြင်းလားဟု မေးရမလိုဖြစ်နေသည်ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများတွင် ပြည် ခိုင်ဖြိုး စံပြကျေးရွာ၊ ဆားလင်း ကြီးပြည်ခိုင်ဖြိုးမြို့ စသည်ဖြင့် လည်းကောင်း၊ အခြားပြည်နယ် နှင့် တိုင်းများတွင်လည်း ပြည်ခိုင်ဖြိုးယင်းမာပင်မြို့ စသည်ဖြင့် မြို့ ရွာအဝင်များတွင် ဆိုင်းဘုတ်များ ပြောင်းလဲထားခြင်းကိုတွေ့မြင် ရသည်ဟု ဒေါ်ခင်စန်းလှိုင်က ဓာတ်ပုံ အထောက်အထားများ ဖြင့်ပြောကြားခဲ့သည်။

အဆိုပါကိစ္စများသည် ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း က ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ သောကြောင့် မှတ်တမ်းအနေဖြင့် ထားရှိကြခြင်းဖြစ်သည်ဟု သိရ ကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ကဆိုသည်။

ပြည်ခိုင်ဖြိုးရွာ အမည်တပ်ထားသော ရွာအနီးတွင် ကျောင်းသားသပိတ် စစ်ကြောင်း ဖြတ်သန်းခဲ့စဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List