Friday, February 06, 2015

နိုင်ငံသားဖြစ်ရန် ရာခိုင်နှုန်းများသူများကို ၀ှိုက်ကတ်ပေးထားခြင်း ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြားမှုသည် တာဝန်မဲ့လွန်း ရာရောက်ကြောင်း ဝေဖန်


ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းနှင့် နိုင်ငံသားဖြစ်ရန် ရာခိုင်နှုန်းများသူများကို ဝှိုက်ကတ်ပေး ထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦး က ပြောကြားသည်။
ဒီဗွီဘီသတင်းဌာနနှင့် ဖေဖော်ဝါရီ ၃ ရက်က သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူ များအား ဆန္ဒပြုခွင့်ပေးခဲ့သည့် လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် ဦးဌေးဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ် သည်။

“ဒါကလွှတ်တော်ရဲ့အဆုံးအဖြတ်ဖြစ်တယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ်သည်  လွှတ်တော်သည်ဥပဒေကို လိုက်နာရတယ်။ နိုင်ငံတော်ကနေပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေထဲမှာ ဝှိုက်ကတ်နဲ့ပတ်သက်လို့ မဲပေး ပိုင်ခွင့် ရှိတယ်ဆိုတဲ့ဟာကို သူတို့က ပြောထားတယ်။ အစဉ်အဆက်လည်း ဒီတိုင်းပဲသွားနေတယ်။ . . .

တကယ်တော့ ဝှိုက်ကတ်ဆိုတဲ့ဥစ္စာသည် နိုင်ငံသားမဟုတ်ဘူးလို့ ငြင်းပယ် လိုက်တာ မဟုတ်ဘူး။ သို့သော် လည်းပဲ လတ်တလောအားဖြင့် မပေးနိုင်သေးတဲ့ အခြေအနေ အကြောင်းကြောင့် ပေးဖို့ခက်နေတယ်။ မှတ်ပုံတင်ရဖို့ ခက်နေသေးတယ်။ ခက်တယ်ဆိုတာ မဖြစ်ထိုက်လို့ မဟုတ်ဘူး။ အုပ်ချုပ်ရေးကြောင်းအရ မဖြစ်ထိုက်သေးတဲ့ မရောက်သေးလို့ဆိုတဲ့ နေရာတွေ ဝှိုက်ကတ်ကျွန်တော်တို့ ဦးစားပေးထားတာ။ ဒါကြောင့် ဒီအပေါ်နဲ့ပတ်သက်လို့ လွှတ်တော်၏ အဆုံးအဖြတ်သည် မှန်တယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု ဦးဌေးဦးက ပြောကြားသည်။

ထို့ပြင် ဝှိုက်ကတ်ကိုင်ဆောင်ထားသည့် သူများသည်တစ်ချိန်တွင် နိုင်ငံသား ဖြစ်လာမည့်သူများဟု  ပြောလို့ရ သလားဆိုသည့် မေးခွန်းအပေါ် “ရနိုင်တာပေါ့။ ရနိုင်တဲ့ ရဖို့ရာခိုင်နှုန်း များတဲ့သူတွေကို ပေးထားတာ” ဟု ဦးဌေးဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေး ခွင့်ပြုသင့်သည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ် ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က မဲခွဲပြီး အတည်ပြုခဲ့သည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က “ဦးဌေးဦးဟာ အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်း တစ်ဦးဖြစ်သလို ကြံ့ခိုင်ရေးပါတီမှာ အဆင့်မြင့်ရာထူးကို ၁ဝ စုနှစ်တစ်ခုကျော် တာဝန်ယူ ခဲ့တဲ့ ဝါအရင့်ဆုံးခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ယာယီသက်သေခံလက်မှတ် ထုတ်ပေးမှု၊ နိုင်ငံ သားမဟုတ်သေးသူတွေကို မဲပေးစေမှုတွေအတွက် ကြံ့ခိုင်ရေးပါတီမှာ တာဝန်ရှိတယ်ဆိုရင် ဦးဌေးဦးဟာ တာဝန်အရှိဆုံးသူလို့ ကျွန်တော်မြင်ပါတယ်။ နိုင်ငံသား မဟုတ်သေးသူတွေကို မဲပေးစေတဲ့ ဆုံးဖြတ်မှုတွေ နဲ့ပတ်သက်တဲ့ သူ့ရဲ့စကားတွေအပေါ် သူတာဝန်ယူရပါလိမ့်မယ်။ သူ့ရဲ့ပြောကြားချက်တွေ တာဝန်မဲ့လွန်း တယ်လို့ ကျွန်တော်ခံစားရပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ဝှိုက်ကတ်ကိုင်ဆောင်ထားသူကို နိုင်ငံသားအဖြစ်စိစစ်နေပြီး နိုင်ငံသားဖြစ်ခွင့်ရသူများအား မဲပေးခွင့်ပြု၍ရကြောင်း၊ ထိုသို့မဟုတ်ဘဲ မိမိပါတီအနိုင်ရရေး၊ ဆန္ဒခံယူပွဲတွင် လိုချင်သည့်အနေအထား တစ်ခုကို ဖော်ဆောင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါက တိုင်းပြည်နှင့်ပြည်သူအတွက် အန္တရာယ်အလွန် ကြီးပြီး လွှတ်တော်အနေဖြင့် ပြန်လည်သုံးသပ်သင့်ကာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း စကားများကို လွယ်လွယ် မပြောသင့်ကြောင့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ပြော ကြားသည်။

“အညာကနေ ရန်ကုန်ကိုလာပြီးတော့ အလုပ်လုပ်နေတဲ့သူတွေထဲမှာ ဒီလိုလူတွေ ဝှိုက်ကတ်ရထားတာရှိ တယ်။ ဒါတွေက ပြောစရာမလိုဘူး။ သူတို့ရပ်ရွာဒေသ ပြန်ရောက်ရင် အဲဒီမှာ လျှောက်ထားရင် နိုင်ငံသား ကတ်ရမှာပဲ။ အခုကျွန်တော်တို့ဆီမှာ အိမ်နီးချင်း နိုင်ငံတွေကနေ ခိုးဝင်လာတဲ့သူတွေရှိတယ်။ အရင်က တည်းက သုံးခေါက်ချိုးမှတ်ပုံတင်ရ ထားတဲ့သူတွေတောင် တရားဝင်လို့ ပြောဖို့ ခက်တယ်။ ဒါတွေက လာဘ်ပေးလာဘ်ယူပြီး လုပ်တာတို့၊ အဲဒီအချိန်တုန်းကပါတီတစ်ခု က အနိုင်ရဖို့အတွက် ဆောင်ရွက်ပေး ခဲ့တာ တွေရှိတယ်။ အခုနိုင်ငံသားရနေတဲ့သူတွေ ထဲမှာ တောင်ဒဂုံတို့၊ သင်္ဃန်းကျွန်းတို့မှာ နည်းမျိုးစုံ နဲ့ပေးပြီး နိုင်ငံသားကတ် ရထားတဲ့ သူတွေကိုတောင် စိစစ်ဖို့လိုလာတယ်။ ဒါ ကြောင့်လွယ်လွယ်ပြောလို့ မရဘူး။ နိုင်ငံသား ဖြစ်ဖို့ဆိုရင် ၁၉၈၂ နိုင်ငံသားဥပဒေတွေရှိ တယ်။ အဲဒီမှာတောင် လုပ်ထုံးလုပ်နည်းနဲ့ ညီမှလျှောက်ထားမှ နိုင်ငံသားဖြစ်တာ။ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မရဘူး။ ဧည့်နိုင်ငံသား၊ နိုင်ငံ သားဖြစ်ခွင့်ရသူ ခွဲခြားသတ်မှတ်ထားတာ ရှိပါတယ်။ ဒါကြောင့် ဝှိုက်ကတ်ကိုင်ဆောင်ထားတဲ့သူတိုင်း နိုင် ငံသား ဖြစ်ခွင့်ရမယ်လို့ လွယ်လွယ်ပြောတဲ့သူသည် တာဝန်မဲ့ပြောတာသာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဝှိုက်ကတ်နောက်ကျောမှာပါတာက ဤသက်သေခံကတ်ပြားကို ကိုင်ဆောင်သူသည် မည်သည့်ကိစ္စနှင့် မဆို နိုင်ငံသားအဖြစ် သက်သေခံကတ်ပြားမဖြစ်စေရ။ အထောက်အထားမဖြစ်စေရလို့ ရေးထားတဲ့အတွက် ဒီကတ်ကို ကိုင်ဆောင်ထားတဲ့သူကို နိုင်ငံသားလို့ ပြောလို့မရဘူး။ အမှန်တော့ နေထိုင်ခွင့်ပေးထားတဲ့ ကတ်ပြားပဲ” ဟု ဦး အေးသာအောင်က ပြောကြားသည်။

ထို့အတူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ညိုညို သင်းက ဥပဒေ အရ နိုင်ငံသားပေးခွင့်မရသေးသဖြင့် ဝှိုက် ကတ် ပေးထားခြင်းကို ယခုအချိန်မှ ဆင်ဝှေ့ ရန်ရှောင်ဆိုသည့် သဘောမျိုးမဲပေး ခိုင်းခြင်းသည် ရိုးသားမှုမရှိကြောင်း၊ နိုင်ငံအကြီးအကဲခေါင်းဆောင်များ အနေဖြင့် ဥပဒေစိုးမိုး ရေးအား လေးစားသင့်ကြောင်း ပြောကြားသည်။

“ကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့အခါမှာ ရာ ခိုင်နှုန်းများလို့ ဝှိုက်ကတ်ပေးထားတယ်လို့ ပြောလို့မရဘူး။ ဥပဒေနဲ့ ပဲပေါ့လေ။ ဥပဒေ အရ ၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံ သားဖြစ်သလား။ ဖြစ်တယ်ဆိုရင်ပေးဒါပဲ။ မဖြစ်ဘူးဆိုရင်ပေးစရာမလိုဘူး။ ဥပဒေအရ သူဟာ နိုင်ငံသားမဟုတ်ဘူး။ အဲဒီတော့ ဝှိုက်ကတ်ကိုင်ဆောင် မှုကိုက နိုင်ငံသားဟုတ်ကို မဟုတ်ဘူး။ အဲဒီလို ဖြစ်နိုင်ခြေများလို့ ဒီလို ပေးတာတို့ ဘာတို့ဆိုတာ တရား ဥပဒေစိုးမိုး တယ်ဆိုရင် ဒီလိုစကားတွေ ပြောစရာအ ကြောင်း မရှိဘူး။ ဒါပြောလို့မရဘူး။ ဒါတ ရားဥပဒေ စိုးမိုးရေးရဲ့ သဘောသဘာဝကို နားမလည်လို့ဒီလိုပြောတယ်လို့ပဲ သတ် မှတ်တယ်။ ဥပဒေအရ နိုင်ငံ သားဖြစ် တဲ့သူက ပေးခွင့်ရမယ်”ဟု ဒေါက်တာဒေါ်ညိုညို သင်းက ပြောကြားသည်။

ထို့ပြင် ဦးဌေးဦးပြောကြားသကဲ့သို့ ပင် နိုင်ငံသားဖြစ်ရန်နီးစပ်သည့်သူများကို  ဝှိုက်ကတ်ပေးထားခြင်းဖြစ် သည့်အတွက်  ၎င်းတို့သည် ဥပဒေအရနိုင်ငံသား မဖြစ်သေး သူများ ဖြစ်သောကြောင့် ယခုကဲ့သို့ မဲပေးခွင့် ပြုခဲ့ခြင်းသည် အဆင့်ကျော်နေခြင်းဖြစ်ကာ ပြန်လည်စဉ်းစားစေချင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင် က သုံးသပ်ပြောကြားသည်။

ထိုသို့ ပန်းရောင်ကတ်၊ ဝှိုက်ကတ်၏ ကွဲခြားချက်ကို ရှင်းရှင်းလင်းလင်းမသိရ သေးဘဲ စိစစ်ဆဲဟုသာသိရ ကာ အဆိုပါကိစ္စ များထက် အရေးကြီးသည်မှာ တိုင်းရင်းသား အစစ်အမှန်ဖြစ်သော်လည်းမည်သည့် အ ထောက်အထားများမရှိသေးသူများ မှတ်ပုံတင်ရရှိရေးသည် ပိုမိုအရေးကြီးကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္က|ဦးခွန်မြင့်ထွန်းက ပြောကြား သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြ|ာန်း ချက်နှင့်အညီ မြန်မာနိုင်ငံ သားတို့၏ မွေး ရာပါနိုင်ငံသားအခွင့်အရေးကို လျော့ပါး အောင်ခွင့်ပြုနေသကဲ့သို့ နိုင်ငံတော်၏အချုပ် အခြာ အာဏာနှင့် နိုင်ငံသားများ၏ နိုင်ငံရေး ကံကြမ္မာနှင့်မိမိရွေးချယ်ခွင့်ကို ထိပါးအောင် တရားဝင်ခွင့်ပြုနေသကဲ့ သို့ဖြစ်နေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်သည့် တိုင်းရင်းသားဖြစ်သော်လည်း အကြောင်း အမျိုး မျိုးကြောင့် လက်ရှိတွင်ဝှိုက်ကတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ  နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရန် အစိုးရအဖွဲ့တွင် တာဝန်ရှိ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ ဝှိုက် ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ဆုံးဖြတ်ချက်အား အလေးအနက်ပြန်လည် သုံးသပ်ပြင်ဆင်ပေး ရန် တောင်းဆိုကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကလည်း ဇန်နဝါရီ ၄ ရက်တွင်  ကြေ ညာချက်ထုတ်ပြန်ထားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List