Wednesday, February 04, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲ ပျက်ပြယ်မှု ကျောင်းသားများအနေဖြင့် သင်ခန်းစာယူသင့်ကြေင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဖေဖော်ဝါရီလ ၃ ရက်နေ့ က နေပြည်တော်ရှိ ပညာရေးဝန်ကြိးဌာနတွင် ကျင်းပပြုလုပ်မည့် အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး အစိုးရ ၊ လွှတ်တော် ၊ ကျောင်းသားကိုယ်စားလှယ်များ နှင့် ( NNER ) လေးပွင့် ဆိုင်တွေဆုံဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရမှု နှင့်ပက်သက်၍ ကျောင်းသားများအနေဖြင့် သင်ခန်းစာ ယူရမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
သပိတ်မှောက်ကျောင်းသားများပါဝင်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုအစိုးရမှဖျက်သိမ်းခဲ့ပြီး နောက် ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းမီဒီယာ အချို့ကမေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"အဲ့တာတော့သင်ခန်းစာပေါ့ နောက်ဆိုလို့ရှိရင် ဒီလိုဆွေးနွေးပွဲတွေ မစမှီမှာ သေသေခြာခြာ စည်းမျဉ်း စည်းကမ်းသတ်မှတ်ရမှာပေါ့ သတ်မှတ်ပြီး သေသေခြာခြာ အဲ့ဒီအတိုင်း တိတိကျကျလုပ်ရမှာပေါ့ ဒါများတာ နဲတာ ဆိုတာထက်ဘယ်လိုသဘောတူညီထားလဲဆိုတာ မူတည်တာပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ယခု တွေ့ ဆုံဆွေးနွေးပွဲသည် အင်မတန် အရေးကြိးသည့်အတွက် နှစ် ဦးနှစ်ဖက်လုံးမှ ဆွေးနွေးပွဲကို အလေးအနက်ထားသင့်ပြိး ဆွေးနွေးပွဲတွင် ပါဝင်မည့် ပုဂ္ဂိုလ်များ ၊ ပါဝင်မည့်အစီအစဉ်များကို ကြိုတင် သတ်မှတ် ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကထောက်ပြပြော ဆိုသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ ဆုံဆွးနွေးပွဲ တက်ရောက်လာသည့် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ မှ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား ကိုယ်စားလှယ် (၁၅) ဦးအပြင် ကျောင်းသားမီဒီယာ များ သတင်းရယူခွင့် အား အစိုးရထံ တောင်း ဆိုခဲ့ရာ အစိုးရ နှင့် ညှိုနှိုင်းမှုအဆင်မပြေရာမှ ဆွေးနွေးပွဲပျက်ပြယ်ခဲ့ ရခြင်း ဖြစ်သည်။

ကျောင်းသားများမှ ယခုကဲ့သို့  ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရသည့်အတွက် တစ်နိုင်ငံလုံး အမျိုးသာပညာရေးဥပဒေ ကန့် ကွက် သပိတ်မှောက်နေသည့် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း များကို တစ်နိုင်ငံလုံးတွင် ပြု လုပ်သွားမည်ဖြစ်ကာ မြန်မာ အနှံအပြားမှ ချီတက်လာသည့် သပိတ်စစ်ကြောင် များကို ရန်ကုန်မြို့ တွင် အမျိုးသားပညာရေး ဥပဒေအား ကန့် ကွက် သပိတ်မှောက်သွားမည်ဖြစ်ကြောင်းသိရသည်။

The Street View

No comments:

Post a Comment

My Blog List